• Follow Us on

Home တိုက်ပွဲအတွင်း ကျဆုံးသွားသည့် တပ်ဖွဲ့ဝင်များကို ကိုးကန့်လက်နက်ကိုင်အဖွဲ့မှ ဂါဝရပြု ဆုတောင်းပွဲပြုလုပ်ခဲ့

တိုက်ပွဲအတွင်း ကျဆုံးသွားသည့် တပ်ဖွဲ့ဝင်များကို ကိုးကန့်လက်နက်ကိုင်အဖွဲ့မှ ဂါဝရပြု ဆုတောင်းပွဲပြုလုပ်ခဲ့

Share this post

တောင်ကြီး၊ ဒီဇင်ဘာ ၁၆ (People Media)

 

ဒီဇင်ဘာလအတွင်း၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း၌ ကျဆုံးသွားသည့် တပ်ဖွဲ့ဝင်များကို ဂါဝရပြု ဆုတောင်း ပွဲနှင့် အလေးပြုခြင်းအခမ်းအနားပြုလုပ်ခဲ့ကြောင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့က ယနေ့ နံနက်ပိုင်း၌ သတင်း ထုတ်ပြန်မှု ပြုလုပ်ထားပါတယ်။

 

ထိုကဲ့သို့ ကျဆုံးသွားသည့် တပ်ဖွဲ့ဝင်အရေအတွက်ကို ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA မှ ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။

 

ပြီးခဲ့သည့်ရက်ပိုင်းက တရုတ်-မြန်မာနယ်စပ် မြန်မာပိုင် မုံးကိုးခရိုင်အတွင်း၌ တပ်မတော်နှင့် ကိုးကန့်လက် နက်ကိုင်အဖွဲ့တို့ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများလည်း ရှိခဲ့ပါတယ်။

 

အဆိုပါ တိုက်ပွဲအတွင်း၌ ကိုးကန့်လက်နက်ကိုင်အဖွဲ့မှ လက်နက်ကြီးများ အသုံးပြုပစ်ခတ်ခဲ့သလို တပ်မ တော်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။

 

ထို့အတူ တပ်မတော်က ကိုးကန့်လက်နက်ကိုင်အဖွဲ့၏ လက်နက်ကြီးပစ်ခတ်သည့်နေရာများကို ဒရုန်းများဖြင့် ရုာဖွေပြီး ပြန်လည်ပစ်ခတ်မှုကြောင့် ကိုးကန့်တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါတယ်။

 

လက်ရှိအချိန်၌ အဆိုပါဒေသတစ်ဝိုက်၌ တပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့၏ တိုက်ပွဲများလည်း ပြန်လည်ငြိမ်သက်လျက်ရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

 

Photo – MNDAA

 

#PeopleMedia #MNDAA #တပ်မတော် #မုံးကိုးခရိုင်

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 

Photo – MNDAA

 



Share this post