• Follow Us on

Home တိုက်ပွဲဧရိယာ၌ တပ်မတော်သားများ တပ်ပြင်ပမဲရုံများသို့ မဲထွက်ပေး၍ လုပ်ကြံခံရ လျှင် UEC တာဝန် ခံနိုင်လားဟု ပြည်ခိုင်ဖြိုးပါတီ မေးခွန်းထုတ်


Share this post





(Unicode)
တိုက်ပွဲဧရိယာ၌ တပ်မတော်သားများ တပ်ပြင်ပမဲရုံများသို့ မဲထွက်ပေး၍ လုပ်ကြံခံရ လျှင် UEC တာဝန် ခံနိုင်လားဟု ပြည်ခိုင်ဖြိုးပါတီ မေးခွန်းထုတ်
…………………………………………………………………………

“တပ်မတော်သားတွေကပဲ မဲခိုးနေသလိုလို တပ်မတော်သားတွေကို မယုံကြည်လို့ပဲ တပ်မတော်မဲတွေကို အပြင်မှာ ထုတ်ပေးပါဆိုတဲ့ပုံစံမျိုးပြောတဲ့အခါကျတော့ အစိုးရနဲ့ တပ်မတော်ကြားမှာ တည်ဆောက် နေတဲ့ယုံကြည်မှု မထိခိုက်နိုင်ဘူးလား” ဒေါက်တာနန္ဒာလှမြင့် (ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့် ရှိသူ)

၂၀၂၀ ရွေးကောက်ပွဲ၌ တပ်မတော်အတွင်းရှိ မဲရုံများကို တပ်မတော်ပြင်ပသို့ ထုတ်ရန် အာဏာရ NLD ပါတီမှ ပြောဆိုခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သည် နိုဝင်ဘာ(၃)ရက်နေ့၌ ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများကို ထုတ်ပြန်ခဲ့ရာ၌ တပ်မဲရုံများ ပြင်ပသို့ထုတ်ရန် အချက်ပါဝင်လာသည်။ အလားတူ တပ်တွင်းမဲရုံများကို ဖျက်သိမ်းပြီး တပ်မတော်သားများနှင့် တပ်မတော်သား မိသားစုဝင်များသည် မဲပေးရာ၌ ပွင့်လင်းမြင်သာမှုရှိရန် အများပြည်သူမဲရုံများ၊ တပ်ရင်းတပ်ဖွဲ့ပြင်ပသင့်လျော် သည့်နေရာ၌ လည်းကောင်း မဲပေးရန်ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်များအပေါ် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများနှင့် ရှမ်းမြောက်ဒေသများ၌ တာဝန်ကျတပ်မ တော်သားများနှင့် ၎င်းတို့၏ မိသားဝင်များ အများပြည်သူနှင့်အတူ မဲရုံပြင်ပသို့ သွားရောက်မဲပေးလျှင် ၎င်းတို့၏ လုံခြုံရေးအခြေအနေတို့ကို People Media မှ ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါတ်တာနန္ဒာလှမြင့်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

#PeopleMedia #USDP #2020Election


Share this post
https://www.facebook.com/1120229281493723/videos/1138972456299068/