• Follow Us on

Home တိုင်းအစိုးရအဖွဲ့မှ မြေယာရောင်းချရန် လျှောက်လွှာတစ်စောင်လျှင် ကျပ်တစ်သောင်းဖြင့် ရောင်းချ

တိုင်းအစိုးရအဖွဲ့မှ မြေယာရောင်းချရန် လျှောက်လွှာတစ်စောင်လျှင် ကျပ်တစ်သောင်းဖြင့် ရောင်းချ

Share this post

ရန်ကုန်၊ အောက်တိုဘာ – ၇

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စံမံခန့်ခွဲခွင့်ရှိသောမြေယာရောင်းချရန် လျှောက်လွှာတစ် စောင်လျှင် ကျပ်တစ်သောင်းခန့်ဖြင့် ရောင်းချခဲ့သည်။

တိုင်းအစိုးရအဖွဲ့သည် မြေရောင်းချရာတွင် စက်မှုဇုန် မြေနေရာအား မြောင်းတကာစက်မှု ဇုန်မြေနေရာကို ရောင်းချမည်ဖြစ်ပြီးနေအိမ်အတွက်မြေနေရာများကိုဒဂုံ (ဆိပ်ကမ်း)၊ ဒဂုံ(အရှေ့)၊ဒဂုံ(တောင်)၊ဒဂုံ(မြောက်)၊ရွှေပြည်သာ၊လှိုင်သာယာ စသည့်မြို့နယ်များရှိ မြေများကို ရောင်းချမည်ဖြစ်သည်။

“အစိုးရကလျှောက်လွှာတစ်စောင်ကိုတစ်သောင်းကျပ်နဲ့ရောင်းတယ်”ဟုလျှောက်လွှာလာရောက်ဝယ်သူတစ်ဦးက ပြောသည်။

လက်ရှိအချိန်၌ လျှောက်လွှာများကို တောင်ဥက္ကလာမြို့နယ် နန္ဒာဝန်ဈေးအနီးရှိ အရှေ့ပိုင်း ခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ရောင်းချလျှက်ရှိသည်။


Share this post