• Follow Us on

Home တိုင်းအစိုးရ ရောင်းချမည့် မြေကွက်လျှောက်လွှာများကို တိုင်းအစိုးရ Website ၌ ရယူနိုင် သည်

တိုင်းအစိုးရ ရောင်းချမည့် မြေကွက်လျှောက်လွှာများကို တိုင်းအစိုးရ Website ၌ ရယူနိုင် သည်

Share this post

ရန်ကုန်၊ အောက်တိုဘာ-၁၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရောင်းချမည့် မြေကွက်လျှောက်လွှာများကို တိုင်းအစိုးရ Website ၌ ရယူနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

တိုင်းအစိုးရအဖွဲ့သည် ၎င်းတို့ရောင်းချမည့် မြေကွက်လျှောက်လွှာများကို တောင်ဥက္ကလာ မြို့နယ် ပတ္တမြားဈေးအနီးရှိ အရှေ့ပိုင်းခရိုင်ရုံး၌ ရောင်းချခဲ့သည်။ ထိုသို့ရောင်းချခဲ့သည့် ရက်ပိုင်းအတွင်း၌ အစိုး၏ စီမံခန့်ခွဲ့မှု ညံ့ဖျင်းမှုကြောင်း ပြည်သူများ လျှောက်လွှာဝယ်ယူမှု အဆင်မပြေဖြစ်ခဲ့ကြောင်း လျှောက်လွှာဝယ်ယူသူများက ဆိုသည်။

“ဦးဖြိုးမင်းသိန်းက E-Governments လုပ်မယ်လို့ အော်နေပေမဲ့ လက်တွေ့နဲ့အတော်ဝေး ကွာနေပါတယ်။ လျှောက်လွှာစရောင်းချိန်မှာ အခုကို Website ကနေ ဖောင်တွေရယူနိုင်တဲ့ အခြေအနေ ဖန်တီးပေးနိုင်ခဲ့ရင် ပြည်သူတွေ ဒီလောက်ဒုက္ခမရောက်ဘူး”ဟု လုပ်ငန်းရှင်တစ် ဦးကဆိုသည်။

အဆိုပါ လျှောက်လွှာများကို https://www.yangon.gov.mm/announ…/landsale-announcement.html ၌ ရယူနိုင်ပါသည်။


Share this post