• Follow Us on

Home တုိင္းေဒသႀကီး/ျပည္နယ္မ်ားရွိ နယ္ေျမခံတပ္ရင္းမ်ား၌ COVID-19 ေရာဂါႀကိဳတင္ကာကြယ္ ကုသရန္ တပ္မ ေတာ္မွ အဆင္သင့္ ျပင္ဆင္ထားဟုဆုိ

တုိင္းေဒသႀကီး/ျပည္နယ္မ်ားရွိ နယ္ေျမခံတပ္ရင္းမ်ား၌ COVID-19 ေရာဂါႀကိဳတင္ကာကြယ္ ကုသရန္ တပ္မ ေတာ္မွ အဆင္သင့္ ျပင္ဆင္ထားဟုဆုိ

Share this post

ရန္ကုန္၊ ဧၿပီ – ၂

တုိင္းေဒသႀကီး/ျပည္နယ္မ်ားရွိ နယ္ေျမခံတပ္ရင္းမ်ား၌ COVID-19 ေရာဂါႀကိဳတင္ကာကြယ္ကုသရန္ တပ္မ ေတာ္မွ အဆင္သင့္ ျပင္ဆင္ထားၿပီးျဖစ္ေၾကာင္း တပ္မေတာ္အရာရွိတစ္ဦးက အတည္ျပဳေျပာဆုိပါတယ္။

“တစ္ႏုိင္ငံလုံးမွာရွိတဲ့ နယ္ေျမခံတပ္ရင္းတပ္ဖြဲ႔ေတြမွာ COVID အတြက္ ကာကြယ္၊ ကုသဖုိ႔ အဆင္သင့္ လုပ္ ထားၿပီးပါၿပီ။ တပ္ခ်ဳပ္ကလည္း ညႊန္ၾကားထားၿပီးလည္းျဖစ္ပါတယ္”လုိ႔ တပ္မေတာ္အရာရွိက ဆုိသည္။

အလားတူ ၿပီးခဲ့သည့္ရက္ပုိင္းက တပ္ခ်ဳပ္အပါအဝင္ တပ္မေတာ္ေခါင္းေဆာင္မ်ားက COVID-19 ကာကြယ္၊ ကုသေရးအတြက္ အစည္းအေဝးျပဳလုပ္ခဲ့ပါတယ္။ လက္ရွိအခ်ိန္၌ ျမန္မာႏုိင္ငံ၌ COVID-19 ကူးစက္ခံရသူ (၁၆)ဦးအနက္ (၁)ဦးေသဆုံးခဲ့ၿပီး ျဖစ္ပါတယ္။ ကူးစက္ခံရသူ အမ်ားစုသည္ ရန္ကုန္တုိင္းေဒသႀကီးက ျဖစ္ပါ တယ္။

#PeopleMedia

(Unicode)
တိုင်းဒေသကြီး/ပြည်နယ်များရှိ နယ်မြေခံတပ်ရင်းများ၌ COVID-19 ရောဂါကြိုတင်ကာကွယ် ကုသရန် တပ်မ တော်မှ အဆင်သင့် ပြင်ဆင်ထားဟုဆို
…………………………………………………

ရန်ကုန်၊ ဧပြီ – ၂

တိုင်းဒေသကြီး/ပြည်နယ်များရှိ နယ်မြေခံတပ်ရင်းများ၌ COVID-19 ရောဂါကြိုတင်ကာကွယ်ကုသရန် တပ်မ တော်မှ အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်ကြောင်း တပ်မတော်အရာရှိတစ်ဦးက အတည်ပြုပြောဆိုပါတယ်။

“တစ်နိုင်ငံလုံးမှာရှိတဲ့ နယ်မြေခံတပ်ရင်းတပ်ဖွဲ့တွေမှာ COVID အတွက် ကာကွယ်၊ ကုသဖို့ အဆင်သင့် လုပ် ထားပြီးပါပြီ။ တပ်ချုပ်ကလည်း ညွှန်ကြားထားပြီးလည်းဖြစ်ပါတယ်”လို့ တပ်မတော်အရာရှိက ဆိုသည်။

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက တပ်ချုပ်အပါအဝင် တပ်မတော်ခေါင်းဆောင်များက COVID-19 ကာကွယ်၊ ကုသရေးအတွက် အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ လက်ရှိအချိန်၌ မြန်မာနိုင်ငံ၌ COVID-19 ကူးစက်ခံရသူ (၁၆)ဦးအနက် (၁)ဦးသေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ကူးစက်ခံရသူ အများစုသည် ရန်ကုန်တိုင်းဒေသကြီးက ဖြစ်ပါ တယ်။

#PeopleMedia


Share this post