• Follow Us on

Home တိုင်းဒေသကြီး/ပြည်နယ်များ၌ တရားမဝင် လိုင်စင်မဲ့ ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ စီးနင်းသူများကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူရန် န-စ-က ညွှန်ကြားထား၊ သို့သော် ထိုင်း-မြန်မာ နယ်စပ်မှတစ်ဆင့် တရားမဝင်ယာဉ်များ အတားအဆီးမဲ့ နေ့စဉ်ဝင်ရောက်နေ

တိုင်းဒေသကြီး/ပြည်နယ်များ၌ တရားမဝင် လိုင်စင်မဲ့ ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ စီးနင်းသူများကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူရန် န-စ-က ညွှန်ကြားထား၊ သို့သော် ထိုင်း-မြန်မာ နယ်စပ်မှတစ်ဆင့် တရားမဝင်ယာဉ်များ အတားအဆီးမဲ့ နေ့စဉ်ဝင်ရောက်နေ

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁၅ (People Media)

 

တိုင်းဒေသကြီး/ပြည်နယ်များ၌ တရားမဝင် လိုင်စင်မဲ့ ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ စီးနင်းသူများကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူမယ်လို့ န-စ-ကက နိုဝင်ဘာ ၁၅ ရက်နေ့၌ သက်ဆိုင်ရာဌာနထံ ညွန်ကြားထားပါတယ်။

 

အဆိုပါ ထုတ်ပြန်ချက်၌ တရားမဝင်မှတ်ပုံတင်ထားခြင်းမရှိသော လိုင်စင်မဲ့ယာဉ်များကို နံပါတ်ပြား အတုပြု လုပ်ခြင်း၊ ယာဉ်နှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများ အတုပြုလုပ်ရောင်းချခြင်း၊ လက်ဝယ်ထားရှိခြင်း အသုံးပြုခြင်း၊ စီးနင်းခြင်းများ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူရန် န-စ-ကမှ သက်ဆိုင်ရာ ဝန်ကြီးဌာနထံ ညွှန်ကြားထားပါတယ်။

 

ထိုကဲ့သို့ တရားမဝင် မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူရန် န-စ-က မှ ညွှန်ကြားထားသော်လည်း ထိုင်း-မြန်မာ နယ်စပ်မှတစ်ဆင့် တရားမဝင်ယာဉ်များသည် ပြည်တွင်းသို့ နေ့စဉ်အတားအဆီးမဲ့ဝင်ရောက်ကြောင်း မြဝတီမြို့ဒေသခံများက ပြောပါတယ်။

 

“ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းလာကြည့်ပါ။ နေ့စဉ် ကမ်းကူးနေတဲ့ယာဉ်တွေက မနည်းဘူး။ အဲ့ဒီ ယာဉ်တွေအားလုံးကို မြဝတီမြို့ကနေ တစ်နိုင်ငံလုံးကို ရောက်နေတာ။ ပြီးရင် လိုင်စင်ရှိ မော်တော်ယာဉ် တွေကနေ နံပါတ် ပုံတူပွားစီးနေကြတာ” လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။

 

အလားတူ လက်ရှိအချိန်၌ ယာဉ်မောင်းလိုင်စင်အတု ပြုလုပ်ရောင်းချနေသူများကိုလည်း သက်ဆိုင်ရာက ထိထိရောက်ရောက်ထားဆီးနိုင်ခြင်း မရှိသေးပါဘူး။

 

ယာဉ်မောင်းလိုင်စင်အတုပြုလုပ်ရောင်းချသူများသည် လိုင်စင်အမျိုးအစားအလိုက် ကျပ်ငွေ တစ်သိန်းခွဲမှ ကျပ်ငွေ နှစ်သိန်းအထိယူပြီး လိုင်စင်အတုများ ပြုလုပ်နေပါတယ်။

 

“လိုင်စင်အတု လုပ်တဲ့သူတွေကို သက်ဆိုင်ရာက တစ်ကယ်ဖမ်းမယ်ဆိုရင် မိတယ်။ အဝေးကြီး ရှာဖမ်းစရာ မလိုဘူး။ အွန်လိုင်းဂရုတွေ ရှိတယ်။ အဲ့ဒီမှာ အတုလုပ်တဲ့သူတွေ လိုသလောက် ဖမ်းလို့ရတယ်လို့” ယာဉ်မောင်း လိုင်စင်အတု ကိုင်ဆောင်ထားသူတစ်ဦးက ပြောပါတယ်။

 

Photo – credit

 

#PeopleMedia #တရားမဝင်မော်တော်ယာဉ်

 

(unicode)


…………………………………………………..

 


 


 


 


 


 


 


 


 

Photo – credit

 



Share this post