• Follow Us on

Home တိုင်းဒေသကြီး/ပြည်နယ်များရှိ ရဟန်း၊ သာမဏေများ လုံခြုံရေးဂရုပြုရန် ဆရာတော်ကြီးများထံ တိုင်း/ ပြည် နယ် ညွှန်ကြားရေးမှူးများ လာရောက်လျောက်ထားမှု ပြုလုပ်နေ

တိုင်းဒေသကြီး/ပြည်နယ်များရှိ ရဟန်း၊ သာမဏေများ လုံခြုံရေးဂရုပြုရန် ဆရာတော်ကြီးများထံ တိုင်း/ ပြည် နယ် ညွှန်ကြားရေးမှူးများ လာရောက်လျောက်ထားမှု ပြုလုပ်နေ

Share this post

နေပြည်ေတော်၊ ဇန်နဝါရီ ၂၄ (People Media)

 

တိုင်းဒေသကြီး/ပြည်နယ်များ၌ ရဟန်း၊ သာမဏေများ လုပ်ကြံသတ်ဖြတ်ခံရခြင်း၊ ပျောက်ဆုံးခြင်းများ ဖြစ်ပေါ် နေခြင်းကြောင့် ရဟန်း၊ သာမဏေများ လုံခြုံရေးဂရုပြုရန် တိုင်း/ပြည်နယ် ညွှန်ကြားရေးမှူးများက ဆရာတော် ကြီးများထံ လျောက်ထားမှုပြုလုပ်လျက်ရှိသည်။

 

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ၁၁ လတာ ကာလအတွင်း၌ ရဟန်း၊ သာမဏေ (၁၅) ပါး လုပ်ကြံသတ်ဖြတ်ခံရပြီး ပျံလွန်တော်မူခဲ့သလို ၆ ပါးမှာ ယနေ့တိုင် ပျောက်ဆုံးလျက်ရှိသည်။

 

အဆိုပါဖြစ်စဉ်များကြောင့် တိုင်းဒေသကြီး/ပြည်နယ်များ၌ သီတင်းသုံးနေသော ရဟန်း၊ သာမဏေများ အနေဖြင့် လုခြုံရေး ဂရုပြုရန် သက်ဆိုင်ရာ တိုင်း/ပြည်နယ် သာသနာရေးမှူးများက ဆရာတော်ကြီးများထံ လာရောက်လျောက်ထားခဲ့ခြင်း ဖြစ်သည်။

 

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ၁၁ လတာ ကာလအတွင်း၌ စစ်ကိုင်းတိုင်းဒေသ ကြီး၌ ရဟန်း၊ သာမဏေများ လုပ်ကြံသတ်ဖြတ်ခံရမှု အများဆုံးဖြစ်ပေါ်ခဲ့ပြီး အလားတူ ချင်းပြည်နယ်၊ ပဲခူးတိုင်း ၌ ရဟန်း၊ သာမဏေအချို့ လုပ်ကြံသတ်ဖြတ်ခံရမှု ဖြစ်ပေါ်ခဲ့သည်။

 

Photo – ပုံဟောင်းအသုံးပြုထားသည်။

 

#PeopleMedia #သာသနာရေး

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 



Share this post