• Follow Us on

Home တိုင်းဒေသကြီး/ပြည်နယ်များ၌ ပြည်ခိုင်ဖြိုးပါတီ တိုင်း/ပြည်နယ် ကော်မတီဝင်များ အသစ်ပြန်လည်ရွေးချယ်မှု ပြုလုပ်

တိုင်းဒေသကြီး/ပြည်နယ်များ၌ ပြည်ခိုင်ဖြိုးပါတီ တိုင်း/ပြည်နယ် ကော်မတီဝင်များ အသစ်ပြန်လည်ရွေးချယ်မှု ပြုလုပ်

Share this post

မန္တလေး၊ ဇန်နဝါရီ ၂၅ (People Media)

 

တိုင်းဒေသကြီး/ပြည်နယ်များရှိ ပြည်ခိုင်ဖြိုးပါတီ၏ တိုင်း/ပြည်နယ် ကော်မတီဝင်များ အသစ်ပြန်လည်ရွေးချယ် ဖွဲ့စည်းမှုကို ဆောင်ရွက်လျက်ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြော သည်။

 

“တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်တွေကို ကော်မတီဝင်တွေ အသစ်ပြန်လည်ဖွဲ့စည်းနေပါပြီ။ ပါတီဝင်တွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်ကြတာဖြစ်တာ” လို့ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

 

ဇန်နဝါရီ ၂၄ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ပြည်ခိုင်ဖြိုးပါတီရုံး၌ ပြည်နယ်ကော်မတီဝင်များ ပြန်လည် ရွေးချယ်ဖွဲ့စည်းမည့်အစည်းအဝေးပြုလုပ်ခဲ့သည်။

 

အလားတူ ၂၀၂၂ အတွင်း၌ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ရွေးချယ်ရေးကိုလည်း ပြုလုပ်သွားမည်ဖြစ် ကြောင်း ပြည်ခိုင်ဖြိုးပါတီဝင်များထံမှ သိရသည်။

 

Photo – ကရင်ပြည်နယ် USDP

 

#PeopleMedia #Political #USDP

 

(unicode)


……………………………………………………..

 

မန်တလေး၊ ဇနျနဝါရီ ၂၅ (People Media)

 


 


 


 


 


 

#PeopleMedia #Political #USDP


Share this post