• Follow Us on

Home တုံ႔ျပန္မႈေႏွးခဲ့လို႔ ဗိုင္းရပ္စ္ျပန္႔ႏွံ႔မႈပိုျမန္ခဲ့တာလို႔ ဝူဟန္ရဲ႕ကြန္ျမဴနစ္ပါတီအတြင္းေရးမွဴးဝန္ခံ

တုံ႔ျပန္မႈေႏွးခဲ့လို႔ ဗိုင္းရပ္စ္ျပန္႔ႏွံ႔မႈပိုျမန္ခဲ့တာလို႔ ဝူဟန္ရဲ႕ကြန္ျမဴနစ္ပါတီအတြင္းေရးမွဴးဝန္ခံ

Share this post

ေဖေဖာ္ဝါရီ ၁

လူအေသအေပ်ာက္မ်ားေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈကို တ႐ုတ္ႏိုင္ငံတုံ႔ျပန္တဲ့ပုံစံေႏွးလို႔ ကူးစက္မႈ ပိုျမန္ခဲ့တာလို႔ ဝူဟန္ၿမိဳ႕ရဲ႕အႀကီးဆုံးအရာ႐ွိ ကြန္ျမဴနစ္ပါတီၿမိဳ႕ေတာ္အတြင္းေရးမွဴးက ေသာၾကာေန႔မွာ ဝန္ခံခဲ့ပါတယ္။

ဗိုင္းရပ္စ္စျပန္႔တဲ့ဝူဟန္ၿမိဳ႕မွာ က်န္းမာေရးေအရးေပၚအေျခအေနကိုင္တြယ္တဲ့ပုံစံကို တ႐ုတ္ႏိုင္ငံသားေတြက လူမႈကြန္ရက္မွာေဝဖန္ေနၾကပါတယ္။ သီတင္းပတ္ေတြပိုေစာၿပီး ဗိုင္းရပ္စ္ကူးစက္မႈကိုသိေပမဲ့ ၂၀၁၉ ႏွစ္ကုန္ အထိ ကူးစက္မႈနဲ႔ပတ္သက္တဲ့သတင္းအခ်က္အလက္ေတြကို ဖုံးဖိထားတယ္ဆိုၿပီး ဝူဟန္အာဏာပိုင္ေတြကို ေဝဖန္ေနၾကတာပါ။

လက္႐ွိမွာ အျပစ္႐ွိသလိုခံစားေနရၿပီး ကိုယ့္ကိုယ္ကိုအျပစ္တင္မိတယ္လို႔ ပါတီအတြင္းေရးမွဴးမာေဂါင္ၾကြင္းက ေျပာပါတယ္။ ပိုတင္းၾကပ္တဲ့ထိန္းခ်ဳပ္ေရးလုပ္ငန္းစဥ္ေတြလုပ္ခဲ့ရင္ အခုထက္ရလဒ္ပိုေကာင္းေနမယ္လို႔လည္း တ႐ုတ္အစိုးရပိုင္ CCTV ႐ုပ္သံနဲ႔ ေတြ႕ဆုံေမးျမန္းခ်ိန္မွာ မာကေျပာပါတယ္။

ဇန္နဝါရီ ၃၁ ရက္အထိ ဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္ႏိုင္ငံမြာ ေသဆုံးသူ ၂၅၉ ေယာက္ရွိေနၿပီး ကူးစက္ခံထားရသူ ၁၁၇၉၁ ေယာက္ရွိေနပါၿပီ။ ဇန္နဝါရီ ၃၀ ရက္ထက္ ေသဆုံးသူ ၄၆ ေယာက္ပိုမ်ားလာၿပီး ၿခံဳကင္းက လူတစ္ ေယာက္ကလြဲရင္ ထပ္တိုးေသဆုံးသူအားလုံးဟာ ဝူဟန္ကျဖစ္တယ္။

ဇန္နဝါရီ ၂၃ ရက္ကစၿပီး လူ ၅၆ သန္းေလာက္ေနထိုင္ၾကတဲ့ ဝူဟန္နဲ႔ ဟူေဘးျပည္နယ္က ပတ္ဝန္းက်င္ၿမိဳ႕ ေတြကို ဝင္ထြက္ခြင့္ပိတ္ထားပါတယ္။ ေသာၾကာေန႔မွာ ကမာၻ႔က်န္းမာေရးအဖြဲ႕ W.H.O က ဝူဟန္ဗိုင္းရပ္စ္ အေရး ကမာၻ႔က်န္းမာေရးအေရးေပၚအေျခအေနေၾကညာထားေပမဲ့ ႏိုင္ငံတကာကုန္သြယ္ေရးနဲ႔ ခရီးသြားကန္႔ သတ္မႈေတြလုပ္ဖို႔ေတာ့ အႀကံမျပဳပါဘူး။ ထိုင္းႏိုင္ငံမွာေတာ့ တ႐ုတ္ျပည္တြင္းနဲ႔ ဂ်ပန္ႏိုင္ငံတို႔ၿပီးရင္ ပထမဆုံး လူလူခ်င္းဗိုင္းရပ္စ္ကူးစက္မႈရွိေနပါၿပီ။
Source – Agencies

Photo – People’s Daily China

#PeopleMedia #Wuhan #PRC #2019nCoV

(Unicode)
တုံ့ပြန်မှုနှေးခဲ့လို့ ဗိုင်းရပ်စ်ပြန့်နှံ့မှုပိုမြန်ခဲ့တာလို့ ဝူဟန်ရဲ့ကွန်မြူနစ်ပါတီအတွင်းရေးမှူးဝန်ခံ
………………………………………………………

ဖေဖော်ဝါရီ ၁

လူအသေအပျောက်များနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တရုတ်နိုင်ငံတုံ့ပြန်တဲ့ပုံစံနှေးလို့ ကူးစက်မှု ပိုမြန်ခဲ့တာလို့ ဝူဟန်မြို့ရဲ့အကြီးဆုံးအရာရှိ ကွန်မြူနစ်ပါတီမြို့တော်အတွင်းရေးမှူးက သောကြာနေ့မှာ ဝန်ခံခဲ့ပါတယ်။

ဗိုင်းရပ်စ်စပြန့်တဲ့ဝူဟန်မြို့မှာ ကျန်းမာရေးအေရးပေါ်အခြေအနေကိုင်တွယ်တဲ့ပုံစံကို တရုတ်နိုင်ငံသားတွေက လူမှုကွန်ရက်မှာဝေဖန်နေကြပါတယ်။ သီတင်းပတ်တွေပိုစောပြီး ဗိုင်းရပ်စ်ကူးစက်မှုကိုသိပေမဲ့ ၂၀၁၉ နှစ်ကုန် အထိ ကူးစက်မှုနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကို ဖုံးဖိထားတယ်ဆိုပြီး ဝူဟန်အာဏာပိုင်တွေကို ဝေဖန်နေကြတာပါ။

လက်ရှိမှာ အပြစ်ရှိသလိုခံစားနေရပြီး ကိုယ့်ကိုယ်ကိုအပြစ်တင်မိတယ်လို့ ပါတီအတွင်းရေးမှူးမာဂေါင်ကြွင်းက ပြောပါတယ်။ ပိုတင်းကြပ်တဲ့ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေလုပ်ခဲ့ရင် အခုထက်ရလဒ်ပိုကောင်းနေမယ်လို့လည်း တရုတ်အစိုးရပိုင် CCTV ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းချိန်မှာ မာကပြောပါတယ်။

ဇန်နဝါရီ ၃၁ ရက်အထိ ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမွာ သေဆုံးသူ ၂၅၉ ယောက်ရှိနေပြီး ကူးစက်ခံထားရသူ ၁၁၇၉၁ ယောက်ရှိနေပါပြီ။ ဇန်နဝါရီ ၃၀ ရက်ထက် သေဆုံးသူ ၄၆ ယောက်ပိုများလာပြီး ခြုံကင်းက လူတစ် ယောက်ကလွဲရင် ထပ်တိုးသေဆုံးသူအားလုံးဟာ ဝူဟန်ကဖြစ်တယ်။

ဇန်နဝါရီ ၂၃ ရက်ကစပြီး လူ ၅၆ သန်းလောက်နေထိုင်ကြတဲ့ ဝူဟန်နဲ့ ဟူဘေးပြည်နယ်က ပတ်ဝန်းကျင်မြို့ တွေကို ဝင်ထွက်ခွင့်ပိတ်ထားပါတယ်။ သောကြာနေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ W.H.O က ဝူဟန်ဗိုင်းရပ်စ် အရေး ကမ္ဘာ့ကျန်းမာရေးအရေးပေါ်အခြေအနေကြေညာထားပေမဲ့ နိုင်ငံတကာကုန်သွယ်ရေးနဲ့ ခရီးသွားကန့် သတ်မှုတွေလုပ်ဖို့တော့ အကြံမပြုပါဘူး။ ထိုင်းနိုင်ငံမှာတော့ တရုတ်ပြည်တွင်းနဲ့ ဂျပန်နိုင်ငံတို့ပြီးရင် ပထမဆုံး လူလူချင်းဗိုင်းရပ်စ်ကူးစက်မှုရှိနေပါပြီ။
Source – Agencies

Photo – People’s Daily China

#PeopleMedia #Wuhan #PRC #2019nCoV


Share this post