• Follow Us on

Home တူရကီစစ္တပ္သံုး ေတာင္ကိုရီးယားထုတ္ ေဟာင္၀စ္ဇာ အေျမာက္တင္ ယာဥ္ ရုရွားတင့္ဖ်က္စနစ္ျဖင့္ တုိက္ခိုက္ခံရ

တူရကီစစ္တပ္သံုး ေတာင္ကိုရီးယားထုတ္ ေဟာင္၀စ္ဇာ အေျမာက္တင္ ယာဥ္ ရုရွားတင့္ဖ်က္စနစ္ျဖင့္ တုိက္ခိုက္ခံရ

Share this post

တူရကီစစ္တပ္မွာ အသံုးျပဳေနတဲ့ ေတာင္ကိုရီယားႏိုင္ငံထုတ္ K-9 Thunder ၁၅၅ မမ ေဟာင္၀စ္ဇာအေျမာက္ တင္ယာဥ္တိုက္ခိုက္ခံရတဲ့ ဓာတ္ပံုဟာ လူမႈကြန္ယက္စာမ်က္ႏွာပ်ံ႕ႏွံ႔လ်က္ရွိေနၿပီး ရုရုားထုတ္ Metis-M တင့္ကားဖ်က္စနစ္နဲ႔ တိုက္ခိုက္ခံရတာလို႔ သတင္းထြက္ေပၚေနပါတယ္။

ရုရွားသတင္းမီဒီယာေတြကေတာ့ ဆီးရီးယားေျမာက္ပိုင္း တူရကီတပ္ဖြဲ႕၀င္ေတြနဲ႔ ကာ့ဒ္လက္နက္ကိုင္အဖြဲ႕ေတြ တိုက္ပြဲျဖစ္ပြားရာမွာ ယာဥ္ကို မစ္ဇိုင္းထိမွန္ခဲ့တာလို႔ ေဖာ္ျပၾကပါတယ္။

ဓာတ္ပံုေဖာ္ျပခ်က္ေတြအရ ယာဥ္ေပၚတင္ထားတဲ့ ေဟာင္၀စ္ဇာအေျမာက္ဟာ တုိက္ခိုက္ခံရမႈေၾကာင့္ ယာဥ္နဲ႔ အေတာ္ေ၀းေ၀းကို ျပဳတ္ထြက္လႊင့္စင္သြားတာကို ေတြ႕ရပါတယ္။

အခုသတင္းနဲ႔ ပတ္သတ္ၿပီး တူရကီအစိုးရအရာရွိေတြကေတာ့ တစ္စံုတစ္ရာ မွတ္ခ်က္ေပးအတည္ျပဳျခင္း မရွိေသးပါဘူး။

K-9 Thunder ခ်ိန္းတပ္အေျမွာက္တင္သံခ်ပ္ကာယာဥ္ေတြကို ေတာင္ကိုရီးယားႏုိင္ငံက Samsung နည္းပညာ ကုမၸဏီက မူလဒီဇိုင္းဖန္တီးထုတ္လုပ္ထားတာျဖစ္ပါတယ္။ တူရကီႏုိင္ငံ ၄င္းကို လိုင္စင္ရယူၿပီး ျပည္တြင္းမွာပဲ ျပန္လည္ထုတ္လုပ္ထားတာျဖစ္ပါတယ္။ တူရကီစစ္တပ္မွာ K-9 Thunder ၁၅၅ မ ေဟာင္၀စ္ဇာအေျမာက္တင္ ယာဥ္ ၁၅၀ အထိ ထုတ္လုပ္ထားတယ္လို႔သိရပါတယ္။

Ref; https://sputniknews.com/

(unicode)
တူရကီစစ်တပ်သုံး တောင်ကိုရီးယားထုတ် ဟောင်ဝစ်ဇာ အမြောက်တင် ယာဉ် ရုရှားတင့်ဖျက်စနစ်ဖြင့် တိုက်ခိုက်ခံရ
……………………………………………………………

တူရကီစစ်တပ်မှာ အသုံးပြုနေတဲ့ တောင်ကိုရီယားနိုင်ငံထုတ် K-9 Thunder ၁၅၅ မမ ဟောင်ဝစ်ဇာအမြောက် တင်ယာဉ်တိုက်ခိုက်ခံရတဲ့ ဓာတ်ပုံဟာ လူမှုကွန်ယက်စာမျက်နှာပျံ့နှံ့လျက်ရှိနေပြီး ရုရုားထုတ် Metis-M တင့်ကားဖျက်စနစ်နဲ့ တိုက်ခိုက်ခံရတာလို့ သတင်းထွက်ပေါ်နေပါတယ်။

ရုရှားသတင်းမီဒီယာတွေကတော့ ဆီးရီးယားမြောက်ပိုင်း တူရကီတပ်ဖွဲ့ဝင်တွေနဲ့ ကာ့ဒ်လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားရာမှာ ယာဉ်ကို မစ်ဇိုင်းထိမှန်ခဲ့တာလို့ ဖော်ပြကြပါတယ်။

ဓာတ်ပုံဖော်ပြချက်တွေအရ ယာဉ်ပေါ်တင်ထားတဲ့ ဟောင်ဝစ်ဇာအမြောက်ဟာ တိုက်ခိုက်ခံရမှုကြောင့် ယာဉ်နဲ့ အတော်ဝေးဝေးကို ပြုတ်ထွက်လွှင့်စင်သွားတာကို တွေ့ရပါတယ်။

အခုသတင်းနဲ့ ပတ်သတ်ပြီး တူရကီအစိုးရအရာရှိတွေကတော့ တစ်စုံတစ်ရာ မှတ်ချက်ပေးအတည်ပြုခြင်း မရှိသေးပါဘူး။

K-9 Thunder ချိန်းတပ်အမြှောက်တင်သံချပ်ကာယာဉ်တွေကို တောင်ကိုရီးယားနိုင်ငံက Samsung နည်းပညာ ကုမ္ပဏီက မူလဒီဇိုင်းဖန်တီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ တူရကီနိုင်ငံ ၄င်းကို လိုင်စင်ရယူပြီး ပြည်တွင်းမှာပဲ ပြန်လည်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ တူရကီစစ်တပ်မှာ K-9 Thunder ၁၅၅ မ ဟောင်ဝစ်ဇာအမြောက်တင် ယာဉ် ၁၅၀ အထိ ထုတ်လုပ်ထားတယ်လို့သိရပါတယ်။

Ref; https://sputniknews.com/


Share this post