• Follow Us on
Latest News

Home တူရကီနိုင်ငံက တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ရရှိပြီ

တူရကီနိုင်ငံက တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ရရှိပြီ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၃၀

တရုတ်နိုင်ငံ SinoVac Biotech ကုမ္ပဏီမှ မှာယူထားသည့် ပထမအသုတ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး အလုံးရေ သုံးသန်း သယ်ဆောင်လာသော လေယာဉ်တစ်စင်း ယနေ့ တူရကီနိုင်ငံ၏မြို့တော် အန်ကာရာမြို့ သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့တော်မှ ဗိုင်းရပ်စ်ကာကွယ်ဆေး ကုန်သေတ္တာ ၁၇ တင်ဆောင်၍ ထွက်ခွာလာ သော ဘိုအင်း ၇၇၇ လေယာဉ်က ဒေသစံတော်ချိန် နံနက် ၅ နာရီ ၄၄ မိနစ်တွင် အီဆန်ဘိုဂါလေဆိပ်၌ ဆင်းသက် ခဲ့သည်။

စမ်းသပ်မှုများ နှစ်ပတ်ကြာ ပြုလုပ်ပြီးနောက် ကာကွယ်ဆေးထိုးနှံမှု အစီအစဉ် စတင်မည်ဟု တူရကီ ကျန်းမာရေးဝန်ကြီး ဖာရတ်တင်ကိုကာက ပြောသည်။

တူရကီနိုင်ငံက Sinovac ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ သန်း ၅၀ ရရှိမည်ဖြစ်ပြီး ကာကွယ်ဆေး အ လုံးရေ သန်း ၂၀ ကို ဒီဇင်ဘာနှင့် ဇန်နဝါရီလအတွင်း ပေးပို့မည်ဟု ကိုကာက ပြောကြားခဲ့ဖူးသည်။

တူရကီနိုင်ငံက ဂျာမနီနိုင်ငံအခြေစိုက် ဇီဝနည်းပညာကုမ္ပဏီ BioNTech က ထုတ်လုပ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ သန်း ၃၀ ဝယ်ယူမည်ဟု ၎င်းက ကြေညာခဲ့သည်။

တူရကီနိုင်ငံ၌ ဒီဇင်ဘာလ ၂၉ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုကူးစက်လူနာ ၂ ဒသမ ၁၇ သန်း ကျော်၊ ပိုးကင်းစင်သူ ၂ သန်းကျော်နှင့် သေဆုံးသူ ၂၀၃၈၈ ဦးရှိကြောင်း သိရသည်။

ကိုးကား – အနာဒိုလူ

Ref; First batch of COVID-19 vaccines arrives in Turkey

(unicode)
………………………………………………….









Ref; First batch of COVID-19 vaccines arrives in Turkey


Share this post