• Follow Us on

Home တူရကီအေရွ႕ပိုင္းတြင္ အင္အားျပင္းေျမငလ်င္လႈပ္၊ ၁၈ ဦးေသဆုံးၿပီး ရာေပါင္းမ်ားစြာ ဒါဏ္ရာရ

တူရကီအေရွ႕ပိုင္းတြင္ အင္အားျပင္းေျမငလ်င္လႈပ္၊ ၁၈ ဦးေသဆုံးၿပီး ရာေပါင္းမ်ားစြာ ဒါဏ္ရာရ

Share this post

ႏိုင္ငံတကာ၊ ဇန္နဝါရီ၂၅

တူရကီႏိုင္ငံအေရွ႕ပိုင္းတြင္ ဇန္နဝါရီ ၂၄ ရက္က အင္အားျပင္းေျမငလ်င္လႈပ္ခတ္မႈေၾကာင့္ လူ ၁၈ ဦးထက္မနည္းေသဆုံးၿပီး ရာေပါင္းမ်ားစြာ ဒါဏ္ရာရရွိသြားေၾကာင္း တာ၀န္ရွိသူမ်ားက ေျပာသည္။

ျပင္းအား ၆ ဒသမ ၈ အဆင့္ရွိ အဆိုပါေျမငလ်င္သည္ အီလာဇစ္ျပည္နယ္ရွိ ဆီဗရစ္ၿမိဳ႕ကို ဗဟိုျပဳၿပီး အေဆာက္အဦမ်ားၿပိဳက်ခဲ့သျဖင့္ ေဒသခံမ်ားမွာ လမ္းမ်ားေပၚသို႔ ထြက္ေျပးခဲ့ရသည္။

အင္အားျပင္းငလ်င္လႈပ္ခတ္ၿပီးေနာက္ ေနာက္ဆက္တြဲငလ်င္အႀကိမ္ ၆၀ ထပ္မံလႈပ္ခတ္ခဲ့ေၾကာင္း တူရကီ သဘာဝေဘးအႏၲရာယ္ႏွင့္ အေရးေပၚစီမံခန္႔ခြဲ႕မႈအာဏာပိုင္အဖြဲ႕က ထုတ္ျပန္သည္။

ငလ်င္ဒါဏ္ခံခဲ့ရသည့္ေဒသသို႔ ကယ္ဆယ္ေရးအဖြဲ႕ ၄၀၀ ေက်ာ္သြားေရာက္ေနၿပီး အိုးမဲ့အိမ္မဲ့ျဖစ္သူမ်ားအတြက္ အိပ္ယာ၊ ယာယီတဲမ်ားႏွင့္ ပါ ယူေဆာင္သြားၾကသည္။ လက္ရွိတြင္ ငလ်င္လႈပ္ခတ္မႈေၾကာင့္ ပ်က္စီးသြားေသာ အေဆာက္အဦမ်ားသို႔ မျပန္ၾကရန္ ေဒသခံမ်ားအား ၎တို႔က တိုက္တြန္းထားသည္။

ငလ်င္ေၾကာင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္သည့္ ဆီးရီးယား၊ လက္ဘႏြန္ႏွင့္ အီရန္တို႔တြင္လည္း တုန္ခါမႈမ်ားကို ခံစားခဲ့ရသည္။ တူရီကီႏိုင္ငံတြင္ ငလ်င္လႈပ္ခတ္မႈမၾကာခဏျဖစ္ပြားေလ့ရွိၿပီး ၁၉၉၉ ခုႏွစ္တြင္လည္း အိုင္ဇမစ္ၿမိဳ႕တြင္ လႈပ္ခတ္ခဲ့ေသာ အင္အားျပင္းငလ်င္ေၾကာင့္ လူ ၁၇၀၀၀ ေသဆုံးခဲ့သည္။

Ref : Turkey earthquake: At least 18 dead as buildings collapse

#PeopleMedia #international

(unicode)
တူရကီအရှေ့ပိုင်းတွင် အင်အားပြင်းမြေငလျင်လှုပ်၊ ၁၈ ဦးသေဆုံးပြီး ရာပေါင်းများစွာ ဒါဏ်ရာရ
…………………………………………………………………….

နိုင်ငံတကာ၊ ဇန်နဝါရီ၂၅

တူရကီနိုင်ငံအရှေ့ပိုင်းတွင် ဇန်နဝါရီ ၂၄ ရက်က အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ရာပေါင်းများစွာ ဒါဏ်ရာရရှိသွားကြောင်း တာ၀န်ရှိသူများက ပြောသည်။

ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ အဆိုပါမြေငလျင်သည် အီလာဇစ်ပြည်နယ်ရှိ ဆီဗရစ်မြို့ကို ဗဟိုပြုပြီး အဆောက်အဦများပြိုကျခဲ့သဖြင့် ဒေသခံများမှာ လမ်းများပေါ်သို့ ထွက်ပြေးခဲ့ရသည်။

အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်အကြိမ် ၆၀ ထပ်မံလှုပ်ခတ်ခဲ့ကြောင်း တူရကီ သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်စီမံခန့်ခွဲ့မှုအာဏာပိုင်အဖွဲ့က ထုတ်ပြန်သည်။

ငလျင်ဒါဏ်ခံခဲ့ရသည့်ဒေသသို့ ကယ်ဆယ်ရေးအဖွဲ့ ၄၀၀ ကျော်သွားရောက်နေပြီး အိုးမဲ့အိမ်မဲ့ဖြစ်သူများအတွက် အိပ်ယာ၊ ယာယီတဲများနှင့် ပါ ယူဆောင်သွားကြသည်။ လက်ရှိတွင် ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးသွားသော အဆောက်အဦများသို့ မပြန်ကြရန် ဒေသခံများအား ၎င်းတို့က တိုက်တွန်းထားသည်။

ငလျင်ကြောင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဆီးရီးယား၊ လက်ဘနွန်နှင့် အီရန်တို့တွင်လည်း တုန်ခါမှုများကို ခံစားခဲ့ရသည်။ တူရီကီနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုမကြာခဏဖြစ်ပွားလေ့ရှိပြီး ၁၉၉၉ ခုနှစ်တွင်လည်း အိုင်ဇမစ်မြို့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် လူ ၁၇၀၀၀ သေဆုံးခဲ့သည်။

Ref : Turkey earthquake: At least 18 dead as buildings collapse

#PeopleMedia #international


Share this post