• Follow Us on

Home တူရကီနိုင္ငံက ေစတနာ့ဝန္ထမ္းမ်ားကို တ႐ုတ္နိုင္ငံလုပ္ ကိုဗစ္ကာကြယ္ေဆး ထိုးႏွံေပး

တူရကီနိုင္ငံက ေစတနာ့ဝန္ထမ္းမ်ားကို တ႐ုတ္နိုင္ငံလုပ္ ကိုဗစ္ကာကြယ္ေဆး ထိုးႏွံေပး

Share this post

နိုင္ငံတကာ၊ ဒီဇင္ဘာ ၁၃ (People Media)

တူရကီနိုင္ငံတြင္ ဒီဇင္ဘာလ ၁၁ ရက္က ကိုဗစ္-၁၉ ေရာဂါေၾကာင့္ လူ ၂၂၆ ဦး ေသဆုံးခဲ့ရာ တစ္ရက္ တာအတြင္း လူေသဆုံးမႈအျမင့္ဆုံးျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ေျပာၾကားလိုက္သည္။

တူရကီနိုင္ငံ၌ ဗိုင္းရပ္စ္ကူးစက္မႈမ်ား ျမင့္တက္ေနျခင္းေၾကာင့္ အစိုးရက ကန္႔သတ္ခ်က္သစ္မ်ား ၿပ ဌာန္းကာ သြားလာမႈကန္႔သတ္ခ်က္မ်ား၊ ညမထြက္ရအမိန္႔မ်ား ထုတ္ျပန္ခဲ့သည္။

တူရကီနိုင္ငံက CoronaVac ကိုဗစ္ကာကြယ္ေဆး အလုံးေရ သန္း ၅၀ ဝယ္ယူမည့္ သေဘာတူညီခ်က္ တစ္ရပ္ကို တ႐ုတ္နိုင္ငံ Sinovac Biotech ကုမၸဏီႏွင့္ လက္မွတ္ေရးထိုးခဲ့သည္။

ပထမအသုတ္ CoronaVac ကိုဗစ္ကာကြယ္ေဆး အလုံးေရ သုံးသန္းခန္႔မွာ ဒီဇင္ဘာလ ၁၄ ရက္တြင္ တူရကီနိုင္ငံသို႔ ေရာက္ရွိမည္ဟုေမၽွာ္မွန္းေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ေျပာသည္။

လူတစ္ဦးလ်င္ ႏွစ္ပတ္ျခား၍ ႏွစ္ႀကိမ္ထိုးရမည့္ CoronaVac ကိုဗစ္ကာကြယ္ေဆး အလုံးေရ သန္း ၂၀ ယခုႏွစ္မကုန္မီ တူရကီနိုင္ငံသို႔ ေရာက္ရွိမည္ျဖစ္ရာ ျပည္သူ ၁၀ သန္းကို ကာကြယ္ေဆးထိုးႏွံေပးနိုင္ျဖစ္သည္။

သို႔ေသာ္လည္း ႏွစ္ပတ္ခန္႔ၾကာျမင့္နိုင္သည့္ ဓာတ္ခြဲခန္းမ်ားတြင္ စမ္းသပ္ျခင္းႏွင့္ အာဏာပိုင္မ်ားက အ တည္ျပဳျခင္း ေဆာင္ရြက္ၿပီးမွသာ တူရကီနိုင္ငံက ျပည္သူမ်ားကို ကိုဗစ္ကာကြယ္ေဆး စတင္ထိုးႏွံေပးမည္ဟု အ ဆိုပါဝန္ႀကီးဌာနက ဆိုသည္။

ကိုးကား – ရိုက္တာ

Ref; Turkey vaccinates volunteers with China’s CoronaVac

(unicode)
တူရကီုနိုင်ငံက စေတနာ့ဝန်ထမ်းများကို တရုတ်နိုင်ငံလုပ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေး
…………………………………………

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၃ (People Media)

တူရကီနိုင်ငံတွင် ဒီဇင်ဘာလ ၁၁ ရက်က ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၂၂၆ ဦး သေဆုံးခဲ့ရာ တစ်ရက် တာအတွင်း လူသေဆုံးမှုအမြင့်ဆုံးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

တူရကီနိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်နေခြင်းကြောင့် အစိုးရက ကန့်သတ်ချက်သစ်များ ပြ ဌာန်းကာ သွားလာမှုကန့်သတ်ချက်များ၊ ညမထွက်ရအမိန့်များ ထုတ်ပြန်ခဲ့သည်။

တူရကီနိုင်ငံက CoronaVac ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း ၅၀ ဝယ်ယူမည့် သဘောတူညီချက် တစ်ရပ်ကို တရုတ်နိုင်ငံ Sinovac Biotech ကုမ္ပဏီနှင့် လက်မှတ်ရေးထိုးခဲ့သည်။

ပထမအသုတ် CoronaVac ကိုဗစ်ကာကွယ်ဆေး အလုံးရေ သုံးသန်းခန့်မှာ ဒီဇင်ဘာလ ၁၄ ရက်တွင် တူရကီနိုင်ငံသို့ ရောက်ရှိမည်ဟုမျှော်မှန်းကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

လူတစ်ဦးလျင် နှစ်ပတ်ခြား၍ နှစ်ကြိမ်ထိုးရမည့် CoronaVac ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း ၂၀ ယခုနှစ်မကုန်မီ တူရကီနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ရာ ပြည်သူ ၁၀ သန်းကို ကာကွယ်ဆေးထိုးနှံပေးနိုင်ဖြစ်သည်။

သို့သော်လည်း နှစ်ပတ်ခန့်ကြာမြင့်နိုင်သည့် ဓာတ်ခွဲခန်းများတွင် စမ်းသပ်ခြင်းနှင့် အာဏာပိုင်များက အ တည်ပြုခြင်း ဆောင်ရွက်ပြီးမှသာ တူရကီနိုင်ငံက ပြည်သူများကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးမည်ဟု အ ဆိုပါဝန်ကြီးဌာနက ဆိုသည်။

ကိုးကား – ရိုက်တာ

Ref; Turkey vaccinates volunteers with China’s CoronaVac


Share this post