• Follow Us on

Home တံတားဦးမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

တံတားဦးမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

Share this post

မန္တလေး၊ ဒီဇင်ဘာ ၁၁ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသမီးတစ်ဦးသည် နေအိမ်၌ ရှိနေစဉ် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၉ ရက်နေ့ ညနေ ၅ နာရီခန့်က တံတားဦးမြို့နယ် ဒေါင်းဦးကျေးရွာနေ ပြည်ခိုင်ဖြိုး ပါတီ ဝင်ဖြစ်သူ ဒေါ်မာမာအေးသည် နေအိမ်၌ မိသားစုဝင်သုံးဦးနှင့် အတူတူရှိနေစဉ် ဆိုင်ကယ်မောင်းနှင်လာသော အမျိုးသားနှစ်ဦးက ဝင်ရောက်ကာ ဖခင်ဖြစ်သူနှင့် သမီးတို့ သေနတ်ချိန်ရွယ်ကာ ဒေါ်မာမာအေးအား သေ နတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်သည်။

 

“ဖြစ်စဉ်ကတော့ဟုတ်ပါတယ်။ မနေ့ကပဲ သေတဲ့သူကို သဂြိုလ်မှုပြုလုပ်ပြီးသွားတယ်။ ကျန်တာကတော့ မသိပါဘူး” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

အဆိုပါဖြစ်စဉ်နှင့် အလားတူ ဒီဇင်ဘာ ၉ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ရဲဒွေးကျေးရွာ၊ တရော်ကိုင်းကျေးရွာတို့တွင် ပြည်ခိုင်ဖြိုးပါတီဝင် ၂ ဦးကို သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံရ ကြောင်း သိရပါတယ်။

 

Photo – USDP

 

#PeopleMedia #မန္တလေး #USDP

 

(unicode)


………………………………………………………….

 

မန်တလေး၊ ဒီဇငျဘာ ၁၁ (People Media)

 


 


 


 


 

Photo – USDP

 

#PeopleMedia #မန်တလေး #USDP


Share this post