• Follow Us on

Home တွံတေးမြို့၌ အသက် ၇၀ အရွယ်ရှိ အဖိုးအို(ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး) သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ

တွံတေးမြို့၌ အသက် ၇၀ အရွယ်ရှိ အဖိုးအို(ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး) သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၌ အသက် ၇၀ အရွယ်ရှိ အဖိုးအို(ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး)ကို အမည်မသိ သေနတ်သမားများက လုပ်ကြံသတ်ဖြတ်လိုက်ပါတယ်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က တွံတေး-မအူပင်သွားကားလမ်း၌ အသက် ၇၀ ရှိ အဘိုးအိုတစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့သလို အဖိုးအိုနှင့် ဆွေမျိုးတော်စပ်သူ အသက် ၂၀ အရွယ်ရှိ လူငယ်တစ်ဦးလည်း သေနတ်ဖြင့် လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။

 

“အဘက ပါတီဝင်အဖြစ်နဲ့ရှိနေတာက ကြာပြီ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာလည်း စည်းရုံးရေးမှူးအနေနဲ့လည်း ပါခဲ့တယ်။ မနေ့က ဈေးဝယ်ဖို့ သူ့ရဲတူနဲ့ အတူတူသွားတဲ့အခါမှာ ဖြစ်တာဖြစ်ပါတယ်။ လမ်းတစ်ဝက်အရောက် မှာ အနောက်ကနေ အပစ်ခံရတာ အဘကတော့ ဒဏ်ရာနဲ့ပဲသေဆုံးသွားတယ်။ သူရဲ့တူကတော့ အခုဆေးရုံမှာ တင်ထားရတယ်။ စိုးရိမ်စရာတော့မရှိပါဘူး” ဟု တွံတေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးက ပြောပါတယ်။

 

ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း နိုင်ငံရေးဖြစ်စဉ်များတွင် ပြည်ခိုင်ဖြိုးပါတီ ၃၀၀ ကျော် လုပ်ကြံသတ်ဖြတ်ခံ ရပြီး စစ်ကိုင်းတိုင်းဒေသကြီး၌ အများဆုံးလုပ်ကြံသတ်ဖြတ်ခံထားရပါတယ်။

 

#PeopleMedia #USDP #တွံတေး

 

(unicode)


……………………………………………………

 


 


 


 


 


 



Share this post