• Follow Us on

Home တွံတေး-ကော့မှူး-ကွမ်းခြံကုန်းလမ်းမကြီးဘေးဝဲယာရှိ ကျူးကျော်နေထိုင်သူများအနေဖြင့် အောက်တိုဘာ ၂၄ ရက်မှစတင်၍ ၁၅ ရက်အတွင်း အပြီးဖယ်ရှားရမည်၊ မဖယ်ရှားပါက လမ်းမကြီးများဥပဒေအရ အရေးယူရန်  ရန်ကုန်တိုင်းအစိုးရအဖွဲ့စီစဉ်

တွံတေး-ကော့မှူး-ကွမ်းခြံကုန်းလမ်းမကြီးဘေးဝဲယာရှိ ကျူးကျော်နေထိုင်သူများအနေဖြင့် အောက်တိုဘာ ၂၄ ရက်မှစတင်၍ ၁၅ ရက်အတွင်း အပြီးဖယ်ရှားရမည်၊ မဖယ်ရှားပါက လမ်းမကြီးများဥပဒေအရ အရေးယူရန်  ရန်ကုန်တိုင်းအစိုးရအဖွဲ့စီစဉ်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၇ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ တွံတေး-ကော့မှူး-ကွမ်းခြံကုန်းလမ်းမကြီးဘေးဝဲယာ ရှိ ကျူးကျော်နေထိုင်သူများအနေဖြင့် အောက်တိုဘာ ၂၄ ရက်မှစတင်၍ ၁၅ ရက်အတွင်း အပြီးဖယ်ရှားရမည် ဖြစ်ပြီး မဖယ်ရှားပါက လမ်းမကြီးများဥပဒေအရ အရေးယူရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့စီစဉ်လျက်ရှိသည်။

 

အောက်တိုဘာ ၂၄ ရက်မှစတင်၍ ၁၅ ရက်အတွင်း ဖယ်ရှားပေးရန်နှင့် မဖယ်ရှားပါက လမ်းမကြီးများဥပဒေ အပိုဒ်(၇-က)(၇-ခ)အရ အရေးယူဆောင်ရွက်သွားမည်ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သတိပေး စာထုတ်ပြန်ထားသည်။

 

အဆိုပါထုတ်ပြန်စာတွင် ယင်းလမ်းမကြီးဝဲဘေးယာရှိ လမ်းကျူး/မြောင်းကျူးများနှင့် ကော့မှူး-ဝါးဘလောက် သောက် လမ်းမကြီး ဘေးဝဲယာရှိ လမ်းကျူး/မြောင်းကျူးများကြောင့် အများပြည်သူ စိတ်ငြိုငြင်စေမည့် ကျူး ကျော်နေထိုင်မှုများ ဖြစ်ပေါ်စေရာ အဆိုပါနေရာ၌ ကျူးကျော်မှုများကြောင့် အများပြည်သူ စိတ်ငြိုငြင်စေမည့် အနှောင့်အယှက်ဖြစ်စေသည့်အပြင် အများပြည်သူတို့၏ ကျန်းမာရေး၊ လုံခြုံရေးကို ထိခိုက်စေပြီး ငြိမ်ဝပ်ပိပြား ရေးကို ထိခိုက်စေကြောင်း တွေ့ရှိရကြောင်း ဖော်ပြပါရှိသည်။

 

ထို့ကြောင့် ယင်းနေရာမှ ကျူးကျော်နေထိုင်သူများအနေဖြင့် တရားမဝင်ခွင့်ပြုချက်မဲ့ ကျူးကျော်နေထိုင်ခြင်းမှ ဖယ်ရှားပေးရန်၊ ထပ်မံကျူးကျော်ခြင်းမပြုလုပ်ရန်နှင့် ဆက်လက်ကျူးကျော်ခြင်းများမပြုလုပ်ရန် ယင်းအမိန့်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၃၃ အရ ထုတ်ဆင့်လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

ယင်းအမိန့်အား အောက်တိုဘာလ ၂၄ ရက်နေ့တွင်ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်သည့်နေ့မှစတင်၍ နောက်အမိန့် တစ်စုံတရာ ထုတ်ပြန်မှုမရှိမချင်း အတည်ဖြစ်စေရမည်ဟု ဖော်ပြပါရှိသည်။

 

Photo – credit

 

#PeopleMedia #ကော့မှူး #လမ်းဘေးကျုးကျော်

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 

Photo – credit

 



Share this post