• Follow Us on
Latest News

Home တႏိုင္းၿမိဳ႕နယ္တြင္ တရားမဝင္ ပယင္းတူးေဖာ္သူ ၂၀ ေက်ာ္ကို တပ္က ဖမ္းဆီး

တႏိုင္းၿမိဳ႕နယ္တြင္ တရားမဝင္ ပယင္းတူးေဖာ္သူ ၂၀ ေက်ာ္ကို တပ္က ဖမ္းဆီး

Share this post

တႏိုင္း၊ ဇန္နဝါရီ ၂

ကခ်င္ျပည္နယ္၊ တႏိုင္းၿမိဳ႕နယ္၊ ပယင္းေမွာ္အတြင္း တရားမဝင္တူးေဖာ္ေနသည့္ ပယင္းတူးေဖာ္သူ ၂၀ ေက်ာ္ ကို တပ္ကဖမ္းဆီး၍ သက္ဆိုင္ရာရဲစခန္းသို႔ လႊဲေျပာင္းအပ္ႏွံထားေၾကာင္း တႏိုင္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ ေရးဦးစီးဌာနမွ သိရသည္။

တႏိုင္းၿမိဳ႕နယ္၊ မိုင္းခြန္ေဒသအတြင္း ခလရ ၈၆ တပ္မွ နယ္ေျမရွင္းလင္းေရးေဆာင္ရြက္ေနစဥ္ တရားမဝင္ ပယင္းတူးေဖာ္ေနသူ အမ်ိဳးသား ၂၂ ဦးကို ဖမ္းဆီး၍ တႏိုင္းၿမိဳ႕မရဲစခန္းတြင္ ဒီဇင္ဘာလ ၃၀ ရက္ေန႔မွာ အမႈဖြင့္အေရးယူေဆာင္ရြက္ေနေၾကာင္း တႏိုင္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္လြင္ကေျပာသည္။

“နယ္ေျမရွင္းလင္းစဥ္ မိုင္းခြန္ ပယင္းေမွာ္လုပ္ကြက္ ၂မွာ တရားမဝင္ တူးေနတဲ့လူေတြေျပာတယ္” ဟု တႏိုင္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္လြင္က ေျပာသည္။

အဆိုပါဖမ္းဆီးရမိထားသည့္ တရားမဝင္ ပယင္းတူးေဖၚသူ ၂၂ ဦးကို လက္ရွိမွာ ေက်ာက္မ်က္ရတနာ ဥေပဒႏွင့္သက္ဆိုင္သည့္ (ပ) ၇၆ / ၂၀၁၉၊ (၅၀) (က)/ (၅၄)အရ အမႈဖြင့္၍ တႏိုင္းၿမိဳ႕မရဲခန္းမွာ ခ်ဳပ္ ေႏွာင္စစ္ေဆးေနေၾကာင္း တႏိုင္းၿမိဳ႕မရဲစခန္းမွ သိရသည္။

“ကၽြန္ေတာ္လည္း အတိအက်ေတာ့မသိေသးဘူး။ တပ္က ဖမ္းထားတယ္။ အေယာက္ ၂၀ ေက်ာ္လို႔ေတာ့ ေယဘုယ်ၾကားတယ္” ဟု တႏိုင္းၿမိဳ႕နယ္ မဲဆႏၵအမွတ္ (၂) မွ ျပည္သူ့လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလင္း လင္းဦးက ေျပာသည္။

အဆိုပါတႏိုင္းၿမိဳ႕နယ္ မိုင္းခြန္ပယင္းေမွာ္သည္ တႏိုင္းၿမိဳ႕ႏွင့္ မိုင္ ၃၀ ေက်ာ္ခန္႔ကြာေဝးၿပီး တရားမဝင္ပယင္း လုပ္ကိုင္သူမ်ား လုပ္ကိုင္ေနၾကေၾကာင္းလည္း တႏိုင္းၿမိဳ႕ေဒသခံမ်ားထံမွ သိရသည္။

#PeopleMedia #MyitphyarIrra #KaungKaung #Tanai

(Unicode)
တနိုင်းမြို့နယ်တွင် တရားမဝင် ပယင်းတူးဖော်သူ ၂၀ ကျော်ကို တပ်က ဖမ်းဆီး
……………………………………………………………………………………

တနိုင်း၊ ဇန်နဝါရီ ၂

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်အတွင်း တရားမဝင်တူးဖော်နေသည့် ပယင်းတူးဖော်သူ ၂၀ ကျော် ကို တပ်ကဖမ်းဆီး၍ သက်ဆိုင်ရာရဲစခန်းသို့ လွှဲပြောင်းအပ်နှံထားကြောင်း တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ သိရသည်။

တနိုင်းမြို့နယ်၊ မိုင်းခွန်ဒေသအတွင်း ခလရ ၈၆ တပ်မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် တရားမဝင် ပယင်းတူးဖော်နေသူ အမျိုးသား ၂၂ ဦးကို ဖမ်းဆီး၍ တနိုင်းမြို့မရဲစခန်းတွင် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်လွင်ကပြောသည်။

“နယ်မြေရှင်းလင်းစဉ် မိုင်းခွန် ပယင်းမှော်လုပ်ကွက် ၂မှာ တရားမဝင် တူးနေတဲ့လူတွေပြောတယ်” ဟု တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်လွင်က ပြောသည်။

အဆိုပါဖမ်းဆီးရမိထားသည့် တရားမဝင် ပယင်းတူးဖေါ်သူ ၂၂ ဦးကို လက်ရှိမှာ ကျောက်မျက်ရတနာ ဥပေဒနှင့်သက်ဆိုင်သည့် (ပ) ၇၆ / ၂၀၁၉၊ (၅၀) (က)/ (၅၄)အရ အမှုဖွင့်၍ တနိုင်းမြို့မရဲခန်းမှာ ချုပ် နှောင်စစ်ဆေးနေကြောင်း တနိုင်းမြို့မရဲစခန်းမှ သိရသည်။

“ကျွန်တော်လည်း အတိအကျတော့မသိသေးဘူး။ တပ်က ဖမ်းထားတယ်။ အယောက် ၂၀ ကျော်လို့တော့ ယေဘုယျကြားတယ်” ဟု တနိုင်းမြို့နယ် မဲဆန္ဒအမှတ် (၂) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်း လင်းဦးက ပြောသည်။

အဆိုပါတနိုင်းမြို့နယ် မိုင်းခွန်ပယင်းမှော်သည် တနိုင်းမြို့နှင့် မိုင် ၃၀ ကျော်ခန့်ကွာဝေးပြီး တရားမဝင်ပယင်း လုပ်ကိုင်သူများ လုပ်ကိုင်နေကြကြောင်းလည်း တနိုင်းမြို့ဒေသခံများထံမှ သိရသည်။

#PeopleMedia #MyitphyarIrra #KaungKaung #Tanai


Share this post