• Follow Us on

Home တႏိုင္းၿမိဳ႕နယ္တြင္ ေက်ာင္းသူတစ္ဦးကို ေက်ာင္းသားအုပ္စုလိုက္က သားမယားျပဳက်င့္ မႈျဖစ္

တႏိုင္းၿမိဳ႕နယ္တြင္ ေက်ာင္းသူတစ္ဦးကို ေက်ာင္းသားအုပ္စုလိုက္က သားမယားျပဳက်င့္ မႈျဖစ္

Share this post

တႏိုင္း၊ ဇန္နဝါရီ၂၆

ကခ်င္ျပည္နယ္၊ တႏိုင္းၿမိဳ႕၊ လမုန္က်းရြာတြင္ ဇန္နဝါရီ၂၀ရက္ေန႔၊ ေန႔လည္ပိုင္းအခ်ိန္က ေက်ာင္းသူတစ္ဦးကို ေက်ာင္းသားအုပ္စုလိုက္က သားမယားျပဳက်င့္မႈျဖစ္ပြားခဲ့ေၾကာင္း တႏိုင္းၿမိဳ႕မရဲစခန္းမွသိရသည္။

အဆိုပါျဖစ္စဉ္ ျဖစ္ပြားသည့္ေန႔တြင္ လေမုန္ က်း ရြာ စာသင္ေက်ာင္း၌ ေက်ာင္းစုံညီပြဲေတာ္ က်င္းပျပဳလုပ္ရန္အတြက္ ဆရာ/ဆရာမမ်ားက အခမ္းအနားျပင္ဆင္ေနၾကရာ ေက်ာင္းသား/ေက်ာင္းသူမ်ားက အဖြဲ႕လိုက္ လမုန္ ေရလယ္ ကြၽန္းသို႔သြားခဲ့ၾကၿပီး ကိုယ့္အဖြဲ႕ သူ့အဖြဲ႕လိုက္ အရက္ေသာက္ခဲ့ၾကေၾကာင္းသိရသည္။

“ျဖစ္တာက လမုန္ေရလယ္ကြၽန္းမွာ ျဖစ္တာ၊ မိန္းကေလးေတြကတစ္စု၊ ေယာက္ေက်ားလးေတြကတစ္စု အရက္ေသာက္ၾကတာ ဆရာေတြက လိုက္ရွာေတာ့ ထြက္ေျပးၾကတာေပါ႔ အဲ့မွာ ေကာင္မေလးတစ္ေယာက္ကမူးၿပီး မေျပႏိုင္ လို႔က်န္ထားတာ ေကာင္မေလးေတြနဲ႔ေသာက္တဲ့ ေကာင္ေလးတစ္ေယာက္က ေခၚသြားေပးလိုက္တာ ေယာက္ေက်ားလးေတြအမ်ားႀကီးရွိတဲ့ဘက္ကိုေရာက္သြားေတာ့ အဲ့လိုေတြျဖစ္သြားတာ”ဟု တႏိုင္းၿမိဳ႕မရဲစခန္းမွတာဝန္ရွိသူတစ္ဦးကေျပာသည္။

အဆိုပါျဖစ္စဉ္ျဖစ္ပြားၿပီးေနာက္ သားမယားျပဳက်င့္ခံရသူ ဆ႒မတန္း ေက်ာင္းသူမွာ တႏိုင္းေဆး႐ုံတြင္ေဆးကုသမႈခံယူခဲ့ရၿပီး ယခုအခါက်န္းမာေရး ျပန္လည္ေကာင္းမြန္လာသျဖင့္ ေဆး႐ုံမွဆင္းသြားၿပီဟုသိရသည္။

ေက်ာင္းဆင္းခ်ိန္၌ ေက်ာင္းသား/သူမ်ားက အရက္ျဖဴဝယ္ၿပီး လမုံေရလယ္ကြၽန္းသို႔သြားခဲ့ေၾကာင္း ေက်ာင္းသား/သူမ်ားမွာ အတန္းငယ္မ်ားျဖစ္ၿပီး အႀကီးဆုံး နဝမတန္း တစ္ဦးသာပါဝင္ေၾကာင္း လမုန္ေက်းရြာ ရပ္မိရပ္ဖတစ္ဦး ကဆိုသည္။

” ကေလးေတြက ေက်ာင္းဆင္းေတာ့ အရက္ျဖဴဝယ္သြား အဲ့မွာ ေကာင္းမေလးက(၄)ေယာက္၊ ေကာင္ေလးေတြက(၈)ေယာက္ဆိုလား ေတာထဲမွာသြားၿပီးေသာက္ၾကစားၾက မူးၿပီး အဲ့လိုေတြျဖစ္သြားတာ၊ ေကာင္မေလး၃ေယာက္ေတာ့အိမ္ျပန္သြားတယ္ တစ္ေယာက္ဘဲက်န္ထားတာ ” ဟု၎က ေျပာသည္။

လက္ရွိတြင္ ေက်ာင္းသား(၈)ဦးကို ရဲစခန္းဝင္း ၌ထိန္းသိမ္းထားၿပီး စစ္ေဆးရာ အမွန္တကယ္ က်ဴးလြန္သူမွာ ၄ဦးျဖစ္ေၾကာင္း သိရသည္။

တႏိုင္းၿမိဳ႕ လမုန္ ေရလယ္ကြၽန္းေနရာတြင္ သစ္ပင္မ်ားအုပ္ဆိုင္းကာ မာဖီးယားဂိုဏ္သားမ်ားက်င္လည္ရာေနရာကဲ့သို႔ျဖစ္ေနၿပီး မူးယစ္ေဆးအသုံးျပဳထားေသာ ေဆးထိုးအပ္အေဟာင္းမ်ားလည္း ေပါမ်ားစြာေတြ႕ျမင္ရေၾကာင္း မေကာင္းမႈျပဳလုပ္ရန္ သီးသန္႔ေနရာကဲ့သို႔ျဖစ္ေနသည့္အတြက္ အဆိုပါေနရာရွိသစ္ပင္ ၿခဳံႏြယ္မ်ား ခုတ္ထြင္ရွင္းလင္းရန္လိုအပ္ေနေၾကာင္းေဒသခံမ်ားထံမွသိရသည္။

#peoplemedia

(unicode)
တနိုင်းမြို့နယ်တွင် ကျောင်းသူတစ်ဦးကို ကျောင်းသားအုပ်စုလိုက်က သားမယားပြုကျင့် မှုဖြစ်
………………………………………………………………………….

တနိုင်း၊ ဇန်နဝါရီ၂၆

ကချင်ပြည်နယ်၊ တနိုင်းမြို့၊ လမုန်ကျးရွာတွင် ဇန်နဝါရီ၂၀ရက်နေ့၊ နေ့လည်ပိုင်းအချိန်က ကျောင်းသူတစ်ဦးကို ကျောင်းသားအုပ်စုလိုက်က သားမယားပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း တနိုင်းမြို့မရဲစခန်းမှသိရသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားသည့်နေ့တွင် လမုန်ေ ကျး ရွာ စာသင်ကျောင်း၌ ကျောင်းစုံညီပွဲတော် ကျင်းပပြုလုပ်ရန်အတွက် ဆရာ/ဆရာမများက အခမ်းအနားပြင်ဆင်နေကြရာ ကျောင်းသား/ကျောင်းသူများက အဖွဲ့လိုက် လမုန် ရေလယ် ကျွန်းသို့သွားခဲ့ကြပြီး ကိုယ့်အဖွဲ့ သူ့အဖွဲ့လိုက် အရက်သောက်ခဲ့ကြကြောင်းသိရသည်။

“ဖြစ်တာက လမုန်ရေလယ်ကျွန်းမှာ ဖြစ်တာ၊ မိန်းကလေးတွေကတစ်စု၊ ယောက်ျားလေးတွေကတစ်စု အရက်သောက်ကြတာ ဆရာတွေက လိုက်ရှာတော့ ထွက်ပြေးကြတာပေါ့ အဲ့မှာ ကောင်မလေးတစ်ယောက်ကမူးပြီး မပြေနိုင် လို့ကျန်ထားတာ ကောင်မလေးတွေနဲ့သောက်တဲ့ ကောင်လေးတစ်ယောက်က ခေါ်သွားပေးလိုက်တာ ယောက်ျားလေးတွေအများကြီးရှိတဲ့ဘက်ကိုရောက်သွားတော့ အဲ့လိုတွေဖြစ်သွားတာ”ဟု တနိုင်းမြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် သားမယားပြုကျင့်ခံရသူ ဆဋ္ဌမတန်း ကျောင်းသူမှာ တနိုင်းဆေးရုံတွင်ဆေးကုသမှုခံယူခဲ့ရပြီး ယခုအခါကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းသွားပြီဟုသိရသည်။

ကျောင်းဆင်းချိန်၌ ကျောင်းသား/သူများက အရက်ဖြူဝယ်ပြီး လမုံရေလယ်ကျွန်းသို့သွားခဲ့ကြောင်း ကျောင်းသား/သူများမှာ အတန်းငယ်များဖြစ်ပြီး အကြီးဆုံး နဝမတန်း တစ်ဦးသာပါဝင်ကြောင်း လမုန်ကျေးရွာ ရပ်မိရပ်ဖတစ်ဦး ကဆိုသည်။

” ကလေးတွေက ကျောင်းဆင်းတော့ အရက်ဖြူဝယ်သွား အဲ့မှာ ကောင်းမလေးက(၄)ယောက်၊ ကောင်လေးတွေက(၈)ယောက်ဆိုလား တောထဲမှာသွားပြီးသောက်ကြစားကြ မူးပြီး အဲ့လိုတွေဖြစ်သွားတာ၊ ကောင်မလေး၃ယောက်တော့အိမ်ပြန်သွားတယ် တစ်ယောက်ဘဲကျန်ထားတာ ” ဟု၎င်းက ပြောသည်။

လက်ရှိတွင် ကျောင်းသား(၈)ဦးကို ရဲစခန်းဝင်း ၌ထိန်းသိမ်းထားပြီး စစ်ဆေးရာ အမှန်တကယ် ကျူးလွန်သူမှာ ၄ဦးဖြစ်ကြောင်း သိရသည်။

တနိုင်းမြို့ လမုန် ရေလယ်ကျွန်းနေရာတွင် သစ်ပင်များအုပ်ဆိုင်းကာ မာဖီးယားဂိုဏ်သားများကျင်လည်ရာနေရာကဲ့သို့ဖြစ်နေပြီး မူးယစ်ဆေးအသုံးပြုထားသော ဆေးထိုးအပ်အဟောင်းများလည်း ပေါများစွာတွေ့မြင်ရကြောင်း မကောင်းမှုပြုလုပ်ရန် သီးသန့်နေရာကဲ့သို့ဖြစ်နေသည့်အတွက် အဆိုပါနေရာရှိသစ်ပင် ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းရန်လိုအပ်နေကြောင်းဒေသခံများထံမှသိရသည်။

#peoplemedia


Share this post