• Follow Us on

Home တ႐ုတ္ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို ဘရာဇီးႏိုင္ငံတြင္ ျပန္လည္စမ္းသပ္ခြင့္ျပဳ

တ႐ုတ္ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို ဘရာဇီးႏိုင္ငံတြင္ ျပန္လည္စမ္းသပ္ခြင့္ျပဳ

Share this post

ရီယိုဒီဂ်ေန႐ိုး၊ ႏို၀င္ဘာ ၁၂
 
တ႐ုတ္ကုမၸဏီဆင္ႏိုဗက္ဘိုင္အိုတက္ခ္မွထုတ္လုပ္ေသာကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို ဘရာဇီးႏိုင္ငံ တြင္ျပန္လည္စမ္းသပ္ခြင့္ျပဳလိုက္ေၾကာင္း ဘရာဇီးက်န္းမာေရးစည္းကမ္းထိန္းသိမ္းမႈေအဂ်င္စီက ေၾကညာသည္။
 
အန္ဗီဆာေအဂ်င္စီက ဘရာဇီးႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးစမ္းသပ္ေနသည္ကို ပါ၀င္စမ္းသပ္ ေနသည့္ေစတနာ၀န္ထမ္းတေယာက္ေသဆံုးခဲ့ေသာျပင္းထန္သည့္ဆိုး႐ြားေသာျဖစ္ရပ္ေၾကာင့္ တနလၤာေန႔တြင္ ရပ္ဆိုင္းခဲ့သည္။
 
ထိုအဖြဲ႔အႀကီးအကဲက ေသဆံုးမႈသည္ ကာကြယ္ေဆးႏွင့္မသက္ဆိုင္ေၾကာင္းေျပာသည္။
 
ကာကြယ္ေဆးစမ္းသပ္မႈကိုျပန္လည္ခြင့္ျပဳရန္ လံုေလာက္သည့္သတင္းအခ်က္အလက္မ်ား႐ွိေနေၾကာင္း ဗုဒၶဟူးေန႔ကထုတ္ျပန္ခ်က္တြင္ အန္ဗီဆာကေျပာသည္။
 
ထိုကာကြယ္ေဆးသည္ ကမာၻတ၀န္းတြင္ေနာက္ဆံုးအဆင့္စမ္းသပ္မႈမ်ားျပဳလုပ္ေနသည့္ ကို႐ိုနာ ဗိုင္းရပ္စ္ကာကြယ္ေဆးျဖစ္ၿပီး ေဘးကင္းေၾကာင္း ယံုၾကည္မႈ႐ွိသည္ဟု ကုမၸဏီကေျပာသည္။
 
ဘရာဇီးႏိုင္ငံသည္ ကမာၻေပၚတြင္ အေမရိကန္ႏွင့္အိႏၵိယတို႔ေနာက္တြင္ ကို႐ိုနာဗိုင္းရပ္စ္အမ်ားဆံုး ကူးစက္ထားသည့္တတိယႏိုင္ငံျဖစ္ၿပီး အတည္ျပဳလူနာ ၅.၆ သန္းေက်ာ္႐ွိသည္။
 
ေသဆံုးသူ ၁၆၃၀၀၀ နီးပါး႐ွိေၾကာင္းလည္း ဂၽြန္ေဟာ့ကင္းတကၠသိုလ္မွအခ်က္အလက္မ်ားအရသိရသည္။
 
Ref : Covid: Brazil allows resumption of Chinese vaccine trial
 
#PeopleMedia
 
(unicode)
တရုတ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဘရာဇီးနိုင်ငံတွင် ပြန်လည်စမ်းသပ်ခွင့်ပြု
………………………………………………
 
ရီယိုဒီဂျနေရိုး၊ နိုဝင်ဘာ ၁၂
 
တရုတ်ကုမ္ပဏီဆင်နိုဗက်ဘိုင်အိုတက်ခ်မှထုတ်လုပ်သောကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဘရာဇီးနိုင်ငံ တွင်ပြန်လည်စမ်းသပ်ခွင့်ပြုလိုက်ကြောင်း ဘရာဇီးကျန်းမာရေးစည်းကမ်းထိန်းသိမ်းမှုအေဂျင်စီက ကြေညာသည်။
 
အန်ဗီဆာအေဂျင်စီက ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးစမ်းသပ်နေသည်ကို ပါဝင်စမ်းသပ် နေသည့်စေတနာဝန်ထမ်းတယောက်သေဆုံးခဲ့သောပြင်းထန်သည့်ဆိုးရွားသောဖြစ်ရပ်ကြောင့် တနင်္လာနေ့တွင် ရပ်ဆိုင်းခဲ့သည်။
 
ထိုအဖွဲ့အကြီးအကဲက သေဆုံးမှုသည် ကာကွယ်ဆေးနှင့်မသက်ဆိုင်ကြောင်းပြောသည်။
 
ကာကွယ်ဆေးစမ်းသပ်မှုကိုပြန်လည်ခွင့်ပြုရန် လုံလောက်သည့်သတင်းအချက်အလက်များရှိနေကြောင်း ဗုဒ္ဓဟူးနေ့ကထုတ်ပြန်ချက်တွင် အန်ဗီဆာကပြောသည်။
 
ထိုကာကွယ်ဆေးသည် ကမ္ဘာတဝန်းတွင်နောက်ဆုံးအဆင့်စမ်းသပ်မှုများပြုလုပ်နေသည့် ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ဆေးဖြစ်ပြီး ဘေးကင်းကြောင်း ယုံကြည်မှုရှိသည်ဟု ကုမ္ပဏီကပြောသည်။
 
ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ်တွင် အမေရိကန်နှင့်အိန္ဒိယတို့နောက်တွင် ကိုရိုနာဗိုင်းရပ်စ်အများဆုံး ကူးစက်ထားသည့်တတိယနိုင်ငံဖြစ်ပြီး အတည်ပြုလူနာ ၅.၆ သန်းကျော်ရှိသည်။
 
သေဆုံးသူ ၁၆၃၀၀၀ နီးပါးရှိကြောင်းလည်း ဂျွန်ဟော့ကင်းတက္ကသိုလ်မှအချက်အလက်များအရသိရသည်။
 
Ref : Covid: Brazil allows resumption of Chinese vaccine trial
 
#PeopleMedia

Share this post