• Follow Us on

Home တ႐ုတ္ကို ရင္ဆိုင္ရန္ ရင္းႏွီးေသာႏုိင္ငံမ်ားမွ အကူအညီလိုအပ္ဟု ထိုင္၀မ္ဆို

တ႐ုတ္ကို ရင္ဆိုင္ရန္ ရင္းႏွီးေသာႏုိင္ငံမ်ားမွ အကူအညီလိုအပ္ဟု ထိုင္၀မ္ဆို

Share this post

တ႐ုတ္ႏုိင္ငံရဲ႕ စီးပြားေရးနဲ႔ သံတမန္ေရးအရ ဖိအားေပးမႈေတြ တိုးျမင့္လာမႈကို ရင္ဆိုင္ဖို႔အတြက္ ထိုင္၀မ္နဲ႔ ရင္းႏွီးခ်စ္ခင္တဲ့ႏုိင္ငံေတြရဲ႕ အကူအညီလိုအပ္တယ္လို႔ ထိုင္၀မ္ႏိုင္ငံျခားေရး၀န္ႀကီး ဂ်ိဳးဇက္၀ူက ေျပာပါတယ္။

တ႐ုတ္ႏုိင္ငံရဲ႕ ၿခိမ္းေျခာက္မႈေတြျမင့္တက္လာတာကို ကမၻာက သတိထားမိေနၿပီလို႔လည္း ဘီဘီစီနဲ႔ အင္တာ ဗ်ဴးမွာ ၀ူက ေျပာပါတယ္။

ေဟာင္ေကာင္မွာ ျဖစ္ပြားေနတာက တ႐ုတ္ႏုိင္ငံက ေဟာင္ေကာင္ကို အုပ္ခ်ဳပ္မႈဟာ အလုပ္မျဖစ္တာကို ျပသ ေနၿပီး ထိုင္၀မ္ျပည္သူေတြကလည္း ဘယ္ေတာ့မွ လက္ခံမွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။

မိမိတို႔အေနနဲ႔ ႐ုိးရွင္းတဲ့ ေတာင္းဆိုမႈတစ္ခုျဖစ္ၿပီး အေမရိကန္ႏုိင္ငံအေနနဲ႔လည္း ထိုင္၀မ္ရဲ႕ ကာကြယ္ေရးဆိုင္ ရာမွာ ေထာက္ပံ့ကူညီဖို႔ လိုအပ္တယ္လို႔ ၀ူက ေျပာပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္ကလည္း အေမရိကန္က တ႐ုတ္ႏုိင္ငံအေနနဲ႔ ထိုင္၀မ္ေရြးေကာက္ပြဲမွာ ၾကား၀င္စြက္ဖက္မႈ မျပဳလုပ္ဖို႔ တိုက္တြန္းေျပာၾကားခဲ့ပါတယ္။

Ref; news.rthk.hk

#PeopleMedia #International

(Unicode)
တရုတ်ကို ရင်ဆိုင်ရန် ရင်းနှီးသောနိုင်ငံများမှ အကူအညီလိုအပ်ဟု ထိုင်ဝမ်ဆို
…………………………………………………………

တရုတ်နိုင်ငံရဲ့ စီးပွားရေးနဲ့ သံတမန်ရေးအရ ဖိအားပေးမှုတွေ တိုးမြင့်လာမှုကို ရင်ဆိုင်ဖို့အတွက် ထိုင်ဝမ်နဲ့ ရင်းနှီးချစ်ခင်တဲ့နိုင်ငံတွေရဲ့ အကူအညီလိုအပ်တယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေမြင့်တက်လာတာကို ကမ္ဘာက သတိထားမိနေပြီလို့လည်း ဘီဘီစီနဲ့ အင်တာ ဗျူးမှာ ဝူက ပြောပါတယ်။

ဟောင်ကောင်မှာ ဖြစ်ပွားနေတာက တရုတ်နိုင်ငံက ဟောင်ကောင်ကို အုပ်ချုပ်မှုဟာ အလုပ်မဖြစ်တာကို ပြသ နေပြီး ထိုင်ဝမ်ပြည်သူတွေကလည်း ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

မိမိတို့အနေနဲ့ ရိုးရှင်းတဲ့ တောင်းဆိုမှုတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံအနေနဲ့လည်း ထိုင်ဝမ်ရဲ့ ကာကွယ်ရေးဆိုင် ရာမှာ ထောက်ပံ့ကူညီဖို့ လိုအပ်တယ်လို့ ဝူက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း အမေရိကန်က တရုတ်နိုင်ငံအနေနဲ့ ထိုင်ဝမ်ရွေးကောက်ပွဲမှာ ကြားဝင်စွက်ဖက်မှု မပြုလုပ်ဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

Ref; news.rthk.hk

#PeopleMedia #International


Share this post