• Follow Us on

Home တရုတ်ကို စောင့်ကြည့်ရန် ဂျပန်နှင့် သြစတေးလျ ကာကွယ်ရေးစာချုပ်လက်မှတ်ရေးထိုး

တရုတ်ကို စောင့်ကြည့်ရန် ဂျပန်နှင့် သြစတေးလျ ကာကွယ်ရေးစာချုပ်လက်မှတ်ရေးထိုး

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၆ (People Media)

 

တရုတ်နိုင်ငံက စစ်ရေး/ စီးပွားရေးများ တိုးမြှင့်ဆောင်ရွက်နေစဉ်အတွင်း ဒေသတွင်းတည်ငြိမ်မှုကိုအထောက် အကူပြုနိုင်စေရန်အတွက် ဂျပန်နိုင်ငံနှင့် သြစတေးလျနိုင်ငံတို့သည် နှစ်နိုင်ငံစစ်ရေးဆက်ဆံမှုများကို မြှင့်တင် ရန် သမိုင်းဝင်စာချုပ်တစ်ရပ်ကို ဇန်နဝါရီလ ၆ ရက်နေ့က လက်မှတ်ရေးထိုးလိုက်ကြသည်။

 

သြစတေးလျဝန်ကြီးချုပ် စကော့မောရစ်ဆန်က ထုတ်ပြန်ကြေညာချက်တွင် တရုတ်နိုင်ငံဟု တိုက်ရိုက်မဖော်ပြ သော်လည်း ယခုချုပ်ဆိုလိုက်သော စစ်ရေးဆိုင်ရာသဘောတူစာချုပ်ကို တရုတ်နိုင်ငံ၏စစ်ရေးတိုးချဲ့မှုနှင့်ပတ် သက်၍ ဒေသတွင်းမဟာမိတ်နိုင်ငံများက ၎င်းတို့၏စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြသသည့် နောက်ထပ်ခြေလှမ်း တစ်ရပ်အဖြစ် လေ့လာသူများက ရှုမြင်ကြသည်။

 

ကြာသာပတေးနေ့က ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနှင့် ကျင်းပခဲ့သည့် အွန်လိုင်းအစည်းအဝေးမတိုင်မီ ဝန်ကြီး ချုပ်မောရစ်ဆန်က ယင်းသဘောတူစာချုပ်ကို “နှစ်နိုင်ငံအတူတကွကြုံတွေ့နေရသော မဟာဗျူဟာမြောက်စိန် ခေါ်မှုများကို ရင်ဆိုင်ရာတွင် အတူလက်တွဲဆောင်ရွက်ရန်နှင့် အင်ဒို-ပစိဖိတ်ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ် ရေးကို အထောက်အကူပေးရန် လိုလိုလားလားရှိသော နှစ်နိုင်ငံသဘောထားများကို ထုတ်ဖော်ကြေညာခြင်း” ဟု ခေါ်ဆိုလိုက်သည်။

 

“ဒီသမိုင်းမှတ်တိုင်ဖြစ်တဲ့ကာကွယ်ရေးစာချုပ်ဟာ အဆင့်မြှင့်ထားတဲ့နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးနဲ့ နှစ်နိုင် ငံတပ်ဖွဲ့ဝင်တွေကြား ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ရှင်းလင်းလှတဲ့မူဘောင်တစ်ခုကို ပထမဦးဆုံးအကြိမ် အဖြစ် ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ” ဟု မောရစ်ဆန်က ပြောသည်။

 

အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယတို့နှင့်အတူ ဂျပန်နှင့် သြစတေးလျသည် နိုင်ငံတကာရေလမ်းကြောင်းများကို ခြိမ်းခြောက်နေမှုများအပါအဝင် အာရှတစ်ဝန်း တရုတ်နိုင်ငံ၏ စစ်ရေးတိုး ချဲ့မှုများကို ရင်ဆိုင်ရာ၌ မဟာမိတ်အ ဖွဲ့အစည်းတစ်ခုအဖြစ်တည်ဆောက်ခဲ့သည့် လေးပွင့်ဆိုင် “Quad” အဖွဲ့ ၏ အစိတ်အပိုင်းဖြစ်သည်။

 

စစ်ရေးဆိုင်ရာသဘောတူစာချုပ်သည် အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံတွင်ပြုလုပ်သော စစ်ရေးလေ့ ကျင့်ခန်းများကို ပူးပေါင်းဆောင်ရွက်ရာတွင် ဂျပန်အစိုးရနှင့် သြစတေးလျအစိုးရတို့၏ စွမ်းရည်များကို မြှင့်တင် ပေးသွားနိုင်ကြောင်း Eurasia Group နိုင်ငံရေးအကြံပေးအဖွ့ဲမှ အကြီးတန်းဆန်းစစ်လေ့လာသူ အလီဝိုင်းက ပြောသည်။

 

“ဒီစာချုပ်ဟာ ဂျပန်နဲ့ သြစတေးလျ နှစ်နိုင်ငံကြားက လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို ဖွဲ့စည်းတဲ့နေရာ မှာ ခိုင်မာအောင်လုပ်ဖို့အတွက် အရေးကြီးတဲ့နည်းလမ်းတစ်ရပ်ဖြစ်တယ်။ တရုတ်နိုင်ငံကတော့ လတ်တလော ကာလတွေမှာ ဒီနိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေးတိုးတက်လာအောင် ဆောင်ရွက်ခဲ့ပေမဲ့လည်း တရုတ်နိုင်ငံရဲ့ ပြန်လည်နိုးထမှုကို ဝင်ရောက်နှောက်ယှက်ဖို့အတွက် ခေတ်မီတိုးတက်နေတဲ့စက်မှုနိုင်ငံတွေက နည်းလမ်းတွေ ရှာဖွေနေတဲ့ သက်သေအထောက်အထားအဖြစ် ဒီစာချုပ်ကို ရှုမြင်မှာပဲဖြစ်တယ်။” ဟု ဝိုင်းက AFP သတင်းဌာန ကို ပြောသည်။

 

Ref: Japan, Australia Sign Defense Treaty With Eyes on China

 

#PeopleMedia

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 


 

Ref: Japan, Australia Sign Defense Treaty With Eyes on China

 

#PeopleMedia


Share this post