• Follow Us on

Home တရုတ်ကုန်တင်ကားများ မြန်မာနံပါတ်ပြား တပ်ဆင်၍ မြန်မာနိုင်ငံပိုင်နက်အတွင်း၌ မောင်းနှင်ပါက အရေးယူ မည်

တရုတ်ကုန်တင်ကားများ မြန်မာနံပါတ်ပြား တပ်ဆင်၍ မြန်မာနိုင်ငံပိုင်နက်အတွင်း၌ မောင်းနှင်ပါက အရေးယူ မည်

Share this post

မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၉ (People Media)

 

မြန်မာ-တရုတ်နယ်စပ်၊ ကျင်းစန်းကျော့ဂိတ်မှ ဖြတ်သန်းသွားလာမည့် တရုတ်ကုန်တင်ကားများအနေဖြင့် မြန် မာလိုင်စင်နံပါတ်ပြား ပြောင်းလဲတပ်ဆင်ပြီး မောင်းနှင်သွားလာပါက အရေးယူမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုထိမ်းချုပ်ရေး (Task Force) အဖွဲ့မှ သတိပေးထုတ်ပြန်ထားသည်။

 

ကုန်စည်ကူးသန်းရေးတွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုထိန်းချုပ်ရေး မူဆယ်၊ ခရိုင်အဆင့် (Task Force) လုပ်ငန်းအဖွဲ့၏ ဒီဇင်ဘာ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သည့် ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ ယင်းသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ တရုတ် ကုန်တင်ကားများအနေဖြင့် မြန်မာနံပါတ်ပြား ပြောင်းလဲတပ်ဆင်ပြီး မောင်းနှင်ခြင်းကို စစ်ဆေးတွေ့ရှိပါက ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေငြာထားသော်လည်း အသေးစိတ်ကို ထုတ်ဖော်ကြေငြာထားခြင်း မရှိသေးကြောင်း သိရသည်။

 

ယခုအချိန်တွင် မြန်မာ-တရုတ်နယ်စပ် နှစ်နိုင်ငံ ကုန်သွယ်ရာဂိတ်များမှာ တရုတ်နိုင်ငံဘက်တွင် ပိတ်မိနေသည့် မြန်မာကုန်တင်ကားများ မြန်မာနိုင်ငံဘက်သို့  ပြန်ထွက်ခွင့်မရသေးဘဲ တရုတ်ကုန်တင်ကားများသာ  မြန်မာနံ ပါတ်ပြားအတုများဖြင့် ပြောင်းလဲတပ်ဆင်ပြီး  မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ထွက်နေကြောင်း ကုန် သည်များထံမှ သိရသည်။

 

ကေကေ(EPN)

 

Photo – Credit

 

#PeopleMedia #EPN

 

(unicode)


………………………………………………..

 


 


 


 


 


 


 

Photo – Credit

 

#PeopleMedia #EPN


Share this post