• Follow Us on

Home တရုတ်ကုန်သည်ကြီးများအသင်းမှ COVID-19 ကာကွယ်ဆေးနှစ်ကြိမ်အတွက် ကျပ် ၅ သောင်းဖြင့် ထိုးနှံ ပေးမည်

တရုတ်ကုန်သည်ကြီးများအသင်းမှ COVID-19 ကာကွယ်ဆေးနှစ်ကြိမ်အတွက် ကျပ် ၅ သောင်းဖြင့် ထိုးနှံ ပေးမည်

Share this post

နေပြည်တော်၊ သြဂုတ် ၁၆ (People Media)

 

မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းမှ တရုတ်နိုင်ငံထုတ် Sinophram COVID-19 ကာကွယ်ဆေး ဆေးနှစ်ကြိမ်အတွက် ကျပ် ၅ သောင်းဖြင့် ထိုးနှံပေးမည်ဖြစ်ကြောင်း ယင်းအသင်းမှ ထုတ်ပြန်ထားပါတယ်။

 

အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတရုတ်ကုန်သည်ကြီးများအသင်းမှ ဝယ်ယူထားသော COVID-19 ကာ ကွယ်ဆေး နှစ်သိန်းနှင့် ဆေးထိုးအပ်များ သြဂုတ်လ ၂၁ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ပြီး ထိုဆေးများသည် Sinophram အမျိုးအစားဖြစ်ပြီး ဘေဂျင်းအခြေစိုက် Sinophram Group မှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ ထားပါတယ်။

 

တရုတ်ကုန်သည်များအသင်း၏ ထုတ်ပြန်ချက်အရ ကာကွယ်ဆေးများရောက်ရှိလာပါက ရန်ကုန်မြို့၊ စမ်း ချောင်းမြို့နယ်ရှိ အာရှတော်ဝင်ဆေးရုံနှင့် သုဝဏ္ဏဘူမိပြပွဲကွင်းတွင် ထိုးနှံပေးရန်စီစဉ်ထားရှိပြီး ကာကွယ် ဆေးနှစ်ကြိမ်အတွက် ငွေကျပ် ၅ သောင်းကျပ်ဖြင့် ကြိုတင်စာရင်းကောက်ထားပြီး အုပ်စုသုံးစုခွဲကာ သြဂုတ်လ ၂၃ ရက်နေ့တွင် စတင်ထိုးနှံပေးမှာဖြစ်ပါတယ်။

 

ယင်း COVID-19 ကာကွယ်ဆေး ဝယ်ယူတင်သွင်းထိုးနှံရေးနှင့်ပတ်သက်ပြီး သက်ဆိုင်ရာအစိုးရထံမှ ခွင့်ပြု ချက်ရရှိထားပြီးဖြစ်ကြောင်းလည်း မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်မှထုတ်ပြန်ချက်တွင် ဖော်ပြပါရှိ သည်။

 

အလားတူ တရုတ်နိုင်ငံထုတ် Sinophram COVID-19 ကာကွယ်ဆေးမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က အရေးပေါ်အခြေအနေများအတွက် အသုံးပြုနိုင်ကြောင်း ထောက်ခံချက်ပေးထားသည့် ကာကွယ် ဆေးဖြစ်သည်။

 

#PeopleMedia #COVID-19 #မြန်မာနိုင်ငံတရုတ်ကုန်သည်ကြီးများအသင်းချုပ်

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 



Share this post