• Follow Us on

Home တ႐ုတ္ကုမၸဏီ၏ COVID-19 ကာကြယ္ေဆးကို အသံုးျပဳမည့္စာရင္းတြင္ ဘရာဇီးထည့္သြင္းထား

တ႐ုတ္ကုမၸဏီ၏ COVID-19 ကာကြယ္ေဆးကို အသံုးျပဳမည့္စာရင္းတြင္ ဘရာဇီးထည့္သြင္းထား

Share this post

ေဆာ္ေပၚလို၊ ေအာက္တိုဘာ ၂၁
 
တႏိုင္ငံလံုးတြင္ကာကြယ္ေဆးထိုးေပးမည့္အစီအစဥ္တြင္ တ႐ုတ္ႏိုင္ငံကထုတ္လုပ္ေသာ ကို႐ိုနာဗိုင္းရပ္စ္ကာ ကြယ္ေဆးကိုထည့္သြင္းထားေၾကာင္း ဘရာဇီးအရာ႐ွိမ်ားကေျပာသည္။
 
တ႐ုတ္ႏိုင္ငံ႐ွိဆင္ႏိုဗက္ကုမၸဏီမွထုတ္လုပ္ေသာ ကို႐ိုနာဗက္ဆိုသည့္ကာကြယ္ေဆးအဖံု ၄၆ သန္းကို ၀ယ္ယူရန္ ဘရာဇီးအစိုးရကသေဘာတူထားေၾကာင္း ေဆာ္ေပၚလိုျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ဂ်ိဳအာ ဒိုရီယာကေျပာသည္။
 
၂၀၂၁ ခုႏွစ္၊ ဇန္နဝါရီတြင္ ကာကြယ္ေဆးထိုးမည့္အစီအစဥ္စတင္မည္ျဖစ္ေၾကာင္းလည္းေျပာသည္။
 
ထို႔ေၾကာင့္ ထိုအစီအစဥ္သည္ ကမာၻ႔ကပ္ေရာဂါကိုတိုက္ဖ်က္ရန္ ကမာၻေပၚတြင္ပထမဆံုးအားထုတ္မႈမ်ားထဲမွ တခုျဖစ္လာႏိုင္သည္။
 
အဂၤလန္႐ွိေအာက္စဖို႔တကၠသိုလ္ႏွင့္ ေဆးကုမၸဏီႀကီး အက္စထရာဇီနီကာတို႔ပူးေပါင္းထုတ္လုပ္ေနသည့္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကိုလည္း အသံုးျပဳသြားရန္စီစဥ္ေနသည္။
 
ကို႐ိုနာဗက္ကို ေဆာ္ေပၚလိုျပည္နယ္သုေတသနစင္တာ ဘူတန္တန္အင္စတီက်ဴ႕တြင္ လူသားမ်ားကိုစမ္း သပ္အသံုးျပဳေနသည္။
 
ထိုေဆးသည္ လူအေျမာက္အျမားကိုစမ္းသပ္သည့္တတိယအဆင့္စမ္းသပ္မႈတြင္ ေဘးကင္းပံုရေၾကာင္း အင္စတီက်ဴ႕ကေၾကညာသည္။
 
စမ္းသပ္မႈဆက္လုပ္ေနဆဲျဖစ္ၿပီး ရလဒ္သည္လည္း အေစာပိုင္းရလဒ္မ်ားသာျဖစ္ေၾကာင္း သတိေပးၿပီး ကာကြယ္ေဆးမည္မွ်အစြမ္းထက္သည္ဆိုသည့္အခ်က္အလက္မ်ားကို စမ္းသပ္မႈမၿပီးမခ်င္းထုတ္ျပန္မည္မ ဟုတ္ဟုလည္း အသိေပးသည္။
 
Ref : Covid: China’s Sinovac vaccine to be included in Brazil immunisation plan
 
#PeopleMedia
 
(unicode)
တရုတ်ကုမ္ပဏီ၏ COVID-19 ကာကွယ်ဆေးကို အသုံးပြုမည့်စာရင်းတွင် ဘရာဇီးထည့်သွင်းထား
………………………………………………..
 
ဆော်ပေါ်လို၊ အောက်တိုဘာ ၂၁
 
တနိုင်ငံလုံးတွင်ကာကွယ်ဆေးထိုးပေးမည့်အစီအစဉ်တွင် တရုတ်နိုင်ငံကထုတ်လုပ်သော ကိုရိုနာဗိုင်းရပ်စ်ကာ ကွယ်ဆေးကိုထည့်သွင်းထားကြောင်း ဘရာဇီးအရာရှိများကပြောသည်။
 
တရုတ်နိုင်ငံရှိဆင်နိုဗက်ကုမ္ပဏီမှထုတ်လုပ်သော ကိုရိုနာဗက်ဆိုသည့်ကာကွယ်ဆေးအဖုံ ၄၆ သန်းကို ဝယ်ယူရန် ဘရာဇီးအစိုးရကသဘောတူထားကြောင်း ဆော်ပေါ်လိုပြည်နယ်အုပ်ချုပ်ရေးမှူး ဂျိုအာ ဒိုရီယာကပြောသည်။
 
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီတွင် ကာကွယ်ဆေးထိုးမည့်အစီအစဉ်စတင်မည်ဖြစ်ကြောင်းလည်းပြောသည်။
 
ထို့ကြောင့် ထိုအစီအစဉ်သည် ကမ္ဘာ့ကပ်ရောဂါကိုတိုက်ဖျက်ရန် ကမ္ဘာပေါ်တွင်ပထမဆုံးအားထုတ်မှုများထဲမှ တခုဖြစ်လာနိုင်သည်။
 
အင်္ဂလန်ရှိအောက်စဖို့တက္ကသိုလ်နှင့် ဆေးကုမ္ပဏီကြီး အက်စထရာဇီနီကာတို့ပူးပေါင်းထုတ်လုပ်နေသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကိုလည်း အသုံးပြုသွားရန်စီစဉ်နေသည်။
 
ကိုရိုနာဗက်ကို ဆော်ပေါ်လိုပြည်နယ်သုတေသနစင်တာ ဘူတန်တန်အင်စတီကျူ့တွင် လူသားများကိုစမ်း သပ်အသုံးပြုနေသည်။
 
ထိုဆေးသည် လူအမြောက်အမြားကိုစမ်းသပ်သည့်တတိယအဆင့်စမ်းသပ်မှုတွင် ဘေးကင်းပုံရကြောင်း အင်စတီကျူ့ကကြေညာသည်။
 
စမ်းသပ်မှုဆက်လုပ်နေဆဲဖြစ်ပြီး ရလဒ်သည်လည်း အစောပိုင်းရလဒ်များသာဖြစ်ကြောင်း သတိပေးပြီး ကာကွယ်ဆေးမည်မျှအစွမ်းထက်သည်ဆိုသည့်အချက်အလက်များကို စမ်းသပ်မှုမပြီးမချင်းထုတ်ပြန်မည်မ ဟုတ်ဟုလည်း အသိပေးသည်။
 
Ref : Covid: China’s Sinovac vaccine to be included in Brazil immunisation plan
 
#PeopleMedia

Share this post