• Follow Us on

Home တရုတ်ကွန်မြူနစ်ပါတီနှင့် အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံများမှ နိုင်ငံရေးပါတီများ၏ ဆွေးနွေးပွဲတွင်  မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီ (၄) ပါတီသည် တက်ရောက်ခွင့်ရခဲ့သော်လည်း ဆွေးနွေးခွင့် မရခဲ့

တရုတ်ကွန်မြူနစ်ပါတီနှင့် အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံများမှ နိုင်ငံရေးပါတီများ၏ ဆွေးနွေးပွဲတွင်  မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီ (၄) ပါတီသည် တက်ရောက်ခွင့်ရခဲ့သော်လည်း ဆွေးနွေးခွင့် မရခဲ့

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၁ (People Media)

 

တရုတ်ကွန်မြူနစ်ပါတီမှ ဦးဆောင်၍ စက်တင်ဘာ(၉)ရက်နေ့၌ပြုလုပ်ခဲ့သည့် အရှေ့တောင်အာရှ၊ တောင်အာရှ နိုင်ငံများမှ နိုင်ငံရေးပါတီများ၏တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီ(၄)ပါတီသည် တက်ရောက် ခွင့်ရရှိခဲ့သော်လည်း ဆွေးနွေးခွင့်မရခဲ့ကြောင်း နိုင်ငံရေးပါတီအချို့က People Media ကို ပြောဆိုခဲ့ပါတယ်။

 

အဆိုပါ ဆွေးနွေးပွဲတွင် တက်ရောက်ခွင့်ရရှိခဲ့သည့်  မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီ (၄) ပါတီအနေဖြင့် ဆွေးနွေး ခွင့်ရရှိရန် မျှော်လင့်ခဲ့သော်လည်း ဆွေးနွေးမှုပြုလုပ်သည့်အခါ၌ ဆွေးနွေးခွင့်မရရှိခဲ့ကြောင်း နိုင်ငံရေးပါတီ အချို့က ပြောဆိုပါတယ်။

 

“ကျွန်တော် သုံးသပ်တာကတော့ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအပေါ်မှာ မူတည်ပြီးတော့မှ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေအနေနဲ့ ဆွေးနွေးလာတဲ့အခါမှာ သူတို့အနေနဲ့ ဖြေရှင်းရခက်လိမ့်မယ်လို့ ယူဆတဲ့အတွက် သူတို့အနေနဲ့ ဆွေးနွေးခွင့်မပေးတာလို့ပဲ ကျွန်တော် တစ်ဦးချင်းအမြင်နဲ့ပဲ သုံးသပ်ပါတယ်” ဟု လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)မှ ဥက္ကဋ္ဌ ဦးရွှေမင်းက ပြောပါတယ်။

 

အဆိုပါဆွေးနွေးပွဲ၌ တရုတ်ကွန်မြူနစ်ပါတီမှ မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ(၄)ပါတီကို ဖိတ်ကြားစဉ်က ဆွေး နွေးခွင့်ကို ခွင့်ပြုထားခြင်းမရှိကြောင်း ကြိုတင်အကြောင်းကြားထားကြောင်း နိုင်ငံရေးပါတီအချို့၏ ပြော ဆိုချက်အရ သိရပါတယ်။

 

“မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေ လေးခုလုံးတော့ တကယ်ဆွေးနွေးခွင့်မရပါဘူး။ အရင်ပါတီတွေကတော့ အွန်လိုင်းကနေ ဘုံသဘောတူညီချက်နဲ့ စာထုတ်ပြီးသားပါ။ အဲ့ဒါတွေကိုလည်း အစီအစဉ်အကြမ်းထဲမှာ ပါတီတွေကိုလည်းပေးပြီးသား ဒီအပေါ်မှာ ထပ်ဖြည့်ပြီးတော့ ဆွေးနွေးသွားတဲ့ သဘောပဲဖြစ်ပါတယ်။ အဓိက တော့ အွန်လိုင်းကနေပြုလုပ်တဲ့အခါကျတော့ အချိန်အခက်အခဲရှိလို့ တက်ရောက်ဆွေးနွေးခွင့်မရတာလို့ပဲ ထင်ပါတယ်” ဟု ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု အဆိုပါအစည်းအဝေးအား တက်ရောက်ခဲ့သူ ဒေါက်တာ သန့်ဇော်လွင်က ပြောပါတယ်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အသိအမှတ်ပြုထားသည့် တရားဝင်နိုင်ငံရေးပါတီ ၉၉ ပါတီ ရှိ သော်လည်း အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် လီဆူအမျိုးသားဖွံ့ဖြိုးရေးပါတီတို့ကို တရုတ်ကွန် မြူနစ်ပါတီက ဖိတ်ကြားခဲ့ခြင်းဖြစ်ပါတယ်။

 

#PeopleMedia #တရုတ်နိုင်ငံ #နိုင်ငံရေးပါတီ

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 


 



Share this post