• Follow Us on

Home တရုတ်ကွန်မြူနစ်ပါတီနှင့် တောင်အာရှနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံရေးပါတီများဆွေးနွေးပွဲသို့ USDP ပါတီ၊ NLD ပါတီနှင့် ပြည်တွင်းရှိ နိုင်ငံရေးပါတီ ၄ ပါတီ ဖိတ်ကြားထား

တရုတ်ကွန်မြူနစ်ပါတီနှင့် တောင်အာရှနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံရေးပါတီများဆွေးနွေးပွဲသို့ USDP ပါတီ၊ NLD ပါတီနှင့် ပြည်တွင်းရှိ နိုင်ငံရေးပါတီ ၄ ပါတီ ဖိတ်ကြားထား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၈ (People Media)

 

တရုတ်ကွန်မြူနစ်ပါတီနှင့် တောင်အာရှနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံရေးပါတီများဆွေးနွေးပွဲသို့  USDP ပါတီ၊ NLD ပါတီနှင့် ပြည်တွင်းရှိ နိုင်ငံရေးပါတီ ၄ ပါတီ ဖိတ်ကြားထားကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။

 

အဆိုပါ ဆွေးနွေးပွဲကို USDP ပါတီမှ လူငယ်ရေးရာကော်မတီမှ ဒု-ဌာနမှူး ဒေါက်တာသန့်ဇင်လွင် တက်ရောက် သွားမှာဖြစ်တယ်လို့ အဆိုပါ ပါတီထံမှ သိရသည်။

 

အလားတူ အဆိုပါဆွေးနွေးပွဲတက်ရောက်ရန် တရုတ်ကွန်မြူနစ်ပါတီမှ NLD ပါတီကို ဖိတ်ကြားခဲ့ပြီး NLD ပါတီမှ ပါတီကိုယ်စားလှယ်များ တက်ရောက်သွားမည် ဖြစ်ပါသည်။

 

နိုင်ငံရေးပါတီများ ပေါင်းစည်းစွမ်းအားနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆီကို ခေါင်း စဉ်ဖြင့် ဆွေးနွေးပွဲကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့ တွင် Virtual Meeting ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီလေးခုအား ဖိတ်ကြားထားပါသည်။

 

လက်ရှိအချိန်၌ ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး NLD ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များ ဖမ်းဆီးခြင်း ခံထားရသည်။

 

#PeopleMedia #Political #တရုတ်ကွန်မြူနစ်ပါတီ

 

(unicode)


………………………………………………………………………..

 


 


 


 


 


 


 


 



Share this post