• Follow Us on
Latest News

Home တ႐ုတ္စက္႐ုပ္အာကာသေလ့လာေရးယာဥ္ လကမာၻေပၚသို႔ ေအာင္ေအာင္ျမင္ျမင္ဆင္းသက္ႏိုင္

တ႐ုတ္စက္႐ုပ္အာကာသေလ့လာေရးယာဥ္ လကမာၻေပၚသို႔ ေအာင္ေအာင္ျမင္ျမင္ဆင္းသက္ႏိုင္

Share this post

ေဘက်င္း၊ ဒီဇင္ဘာ ၂
 
လကမာၻေပၚသို႔ေနာက္ထပ္ေလ့လာမႈျပဳမည့္ယာဥ္တစင္းကို တ႐ုတ္ႏိုင္ငံေအာင္ေအာင္ျမင္ျမင္ဆင္းသက္ႏိုင္ခဲ့ သည္။
 
စက္႐ုပ္အာကာသယာဥ္ ခ်န္အီ-၅ က လေပၚဆင္းသက္ကာ နမူနာေက်ာက္မ်ားႏွင့္ဖုန္မ်ားေကာက္ယူၿပီးေနာက္ ကမာၻေပၚသို႔ျပန္လာရန္ရည္မွန္းထားသည္။
 
လကမာၻေပၚမွာ မီးေတာင္လႈပ္႐ွားမႈမ်ားေသာ မြန္ ရမ္ကာ သို႔ဆင္းသက္ရန္ ပစ္မွတ္ထားခဲ့သည္။
 
ၿဂိဳဟ္ဆင္းယာဥ္က ပတ္၀န္းက်င္ကို ရက္အနည္းငယ္ၾကာစမ္းသပ္စစ္ေဆးၿပီး မ်က္ႏွာျပင္မွနမူနာမ်ားကို စု စည္းမည္ျဖစ္သည္။
 
ကင္မရာ၊ ေရာင္စဥ္တိုင္းမီတာ၊ ေရဒါ၊ မွန္ေျပာင္းႏွင့္ လြန္သြားတို႔ကဲ့သို႔ေသာ အေထာက္အကူျပဳပစၥည္းမ်ား ယာဥ္ေပၚတြင္ပါ၀င္သည္။
 
ေျမဆီလႊာ ၂ ကီလိုဂရမ္ခန္႔ကိုစုေဆာင္းၿပီး ၿဂိဳဟ္ပတ္ယာဥ္ထံေပးပို႔ကာ ထိုမွတဆင့္ နမူနာမ်ားကို ကမာၻေျမသို႔ ျပန္ပို႔မည္ျဖစ္သည္။
 
ၿပီးခဲ့သည့္ ၄၄ ႏွစ္အတြင္း ယခုခရီးစဥ္သည္ ပထမဆံုးျဖစ္ၿပီး ဆိုဗီယက္လူနာ ၂၄ အာကာသယာဥ္က ေနာက္ဆံုးသြားခဲ့ကာ နမူနာ ၂၀၀ ဂရမ္သယ္ေဆာင္ခဲ့သည္။
 
Ref : ‘ China’s Chang’e-5 Moon mission probe touches down
 
#PeopleMedia
 
(unicode)
တရုတ်စက်ရုပ်အာကာသလေ့လာရေးယာဉ် လကမ္ဘာပေါ်သို့ အောင်အောင်မြင်မြင်ဆင်းသက်နိုင်
……………………………………………
 
ဘေကျင်း၊ ဒီဇင်ဘာ ၂
 
လကမ္ဘာပေါ်သို့နောက်ထပ်လေ့လာမှုပြုမည့်ယာဉ်တစင်းကို တရုတ်နိုင်ငံအောင်အောင်မြင်မြင်ဆင်းသက်နိုင်ခဲ့ သည်။
 
စက်ရုပ်အာကာသယာဉ် ချန်အီ-၅ က လပေါ်ဆင်းသက်ကာ နမူနာကျောက်များနှင့်ဖုန်များကောက်ယူပြီးနောက် ကမ္ဘာပေါ်သို့ပြန်လာရန်ရည်မှန်းထားသည်။
 
လကမ္ဘာပေါ်မှာ မီးတောင်လှုပ်ရှားမှုများသော မွန် ရမ်ကာ သို့ဆင်းသက်ရန် ပစ်မှတ်ထားခဲ့သည်။
 
ဂြိုဟ်ဆင်းယာဉ်က ပတ်ဝန်းကျင်ကို ရက်အနည်းငယ်ကြာစမ်းသပ်စစ်ဆေးပြီး မျက်နှာပြင်မှနမူနာများကို စု စည်းမည်ဖြစ်သည်။
 
ကင်မရာ၊ ရောင်စဉ်တိုင်းမီတာ၊ ရေဒါ၊ မှန်ပြောင်းနှင့် လွန်သွားတို့ကဲ့သို့သော အထောက်အကူပြုပစ္စည်းများ ယာဉ်ပေါ်တွင်ပါဝင်သည်။
 
မြေဆီလွှာ ၂ ကီလိုဂရမ်ခန့်ကိုစုဆောင်းပြီး ဂြိုဟ်ပတ်ယာဉ်ထံပေးပို့ကာ ထိုမှတဆင့် နမူနာများကို ကမ္ဘာမြေသို့ ပြန်ပို့မည်ဖြစ်သည်။
 
ပြီးခဲ့သည့် ၄၄ နှစ်အတွင်း ယခုခရီးစဉ်သည် ပထမဆုံးဖြစ်ပြီး ဆိုဗီယက်လူနာ ၂၄ အာကာသယာဉ်က နောက်ဆုံးသွားခဲ့ကာ နမူနာ ၂၀၀ ဂရမ်သယ်ဆောင်ခဲ့သည်။
 
Ref : ‘ China’s Chang’e-5 Moon mission probe touches down
 
#PeopleMedia

Share this post