• Follow Us on

Home တရုတ်စစ်တပ်ကို စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ဖို့ သမ္မတရှီကျင့်ပင် ညွှန်ကြား


Share this post

နိုင်ငံတကာ၊ ဇန်န၀ါရီ – ၃





Ref; Xinhua


(Unicode)
တရုတ်စစ်တပ်ကို စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ဖို့ သမ္မတရှီကျင့်ပင် ညွှန်ကြား
…………………………………………………………

နိုင်ငံတကာ၊ ဇန်နဝါရီ – ၃

တရုတ်သမ္မတ ရှီကျင့်ပင်ဟာ စစ်တပ်တပ်ဖွဲ့ဝင်တွေကို စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ဖို့ ညွှန်ကြားချက်ကို ဇန်နဝါရီ ၃ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

အခု အမိန့်ထုတ်ပြန်ချက်ဟာ ၂၀၂၀ ပြည့်နှစ် တရုတ်စစ်တပ် ဗဟိုကော်မရှင်ရဲ့ ပထမဦးဆုံးထုတ်ပြန်တဲ့ အမိန့်တစ်ရပ်လည်းဖြစ်ပါတယ်။

သမ္မတရှီရဲ့ ညွှန်ကြားချက်ထဲမှာ တပ်ဖွဲ့ဝင်တွေကို စစ်ပွဲအတွက် အကောင်းဆုံးအသင့်အနေအထားဖြစ်နေဖို့နဲ့ အရေးပေါ်အခြေအနေနဲ့ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ဖို့လည်းပါဝင်ပါတယ်။

ဒါ့အပြင် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို မြှင့်တင်ပြီး တပ်ဖွဲ့ဝင်သစ်တွေကိုလည်း အသုံးပြုသွားဖို့ ရှီက ညွှန်ကြား ခဲ့ပါတယ်။

Ref; Xinhua

#PeopleMedia #International


Share this post