• Follow Us on

Home တရုတ်စစ်လေယာဉ်ခြောက်စင်း ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုံထဲသို့ ကျူးကျော်ဝင်ရောက်

တရုတ်စစ်လေယာဉ်ခြောက်စင်း ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုံထဲသို့ ကျူးကျော်ဝင်ရောက်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၈ (People Media)

 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်လေတပ်မှ စစ်လေယာဉ်ခြောက်စီးသည် ထိုင်ဝမ်လေကြောင်းရန် ကာကွယ်ရေးဇုံအတွင်းသို့ စက်တင်ဘာလ ၂၇ (တနင်္လာနေ့) က ကျူးကျော်ဝင်ရောက်လာခဲ့ပြီး ယင်းကျူး ကျော်မှုမှာ ယခုလအတွင်း ၂၄ ကြိမ်မြောက် ကျူးကျော်ဝင်ရောက်မှုဖြစ်ကြောင်းသိရသည်။

 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်လေတပ်မှ (PLAAF) မှ ရှန်းညိုင် J-16 ဂျက်တိုက်လေယာဉ်များ၊ ရှန်းဂစီ Y-8 အီလက်ထရောနစ်စစ်ဆင်ရေးလေယာဉ်တစ်စင်း၊ ရှန်းဂစီ Y-8 ရေငုပ်သင်္ဘောတိုက်ဖျက်ရေး လေယာဉ်တစ်စင်း၊ KJ-500 လေကြောင်းကြိုတင်အချက်ပေး ကြီးကြပ်ရေး အေဝပ် (AWACS) လေယာဉ်တစ် စင်းတို့သည် ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုံ၏ အနောက်တောင်ဘက်သို့ ဝင်ရောက်လာခဲ့ကြောင်း ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

 

အဆိုပါလေယာဉ်များဝင်ရောက်လာသည့်အချိန်အတွင်းမှာပင် ရှန်းဂစီ Y-9 အီလက်ထရောနစ်စစ်ဆင်ရေး လေ ယာဉ်တစ်စင်းသည် ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုံ၏ အနောက်တောင်ဘက်နှင့် အရှေ့တောင်ဘက် သို့ ဝင်ရောက်လာခဲ့သည်။

 

တရုတ်လေယာဉ်များကျူးကျော်ဝင်ရောက်မှုကို တုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်တပ်မတော်က ၎င်းတို့လေယာဉ် များကို စေလွှတ်ခဲ့ပြီး ရေဒီယိုသတိပေးချက်များထုတ်လွှင့်ခဲ့ကာ PLAAF လေယာဉ်များကို စောင့်ကြည့်ထိန်းချုပ် နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များကို အသင့်ပြင်ဆင်ခဲ့ကြောင်းသိရသည်။

 

တရုတ်အစိုးရသည် ယခုလအတွင်း စက်တင်ဘာ ၂ ရက်၊ ၁၈ ရက်၊ ၂၁ ရက်နေ့များမှလွဲ၍ ပန်ကာတပ်တာဘို ဂျက်လေယာဉ်များ၊ တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များကို ထိုင် ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုံအ တွင်းသို့ နေ့စဉ်စေလွှတ်လျက်ရှိသည်။

 

လွန်ခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုံအတွင်းသို့ လေယာဉ်များ ပုံ မှန်စေလွှတ်ခြင်းဖြင့် တရုတ်နိုင်ငံက ၎င်း၏ “မီးခိုးရောင်ဇုံစစ်နည်းဗျူဟာများ” ကို အဆင့်မြှင့်တင်ခဲ့သည်။ လေ ယာဉ်အများစုမှာ ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုံ၏ အနောက်တောင်ဘက်သို့ ကျူးကျော်ဝင်ရောက်ခဲ့ ခြင်းဖြစ်သည်။

 

တရုတ်စစ်လေယာဉ်များသည် ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုံအတွင်းသို့ သြဂုတ်လတွင် ၁၄ ကြိမ်၊ ဇူလိုင်လတွင် ၁၄ ကြိမ်၊ ဇွန်လတွင် ၁၀ ကြိမ်၊ မေလတွင် ၁၈ ကြိမ်၊ ဧပြီလတွင် ၂၂ ကြိမ်၊ မတ်လတွင် ၁၈ ကြိမ်၊ ဖေဖော်ဝါရီလတွင် ၁၇ ကြိမ်၊ ဇန်နဝါရီလတွင် ၂၇ ကြိမ် ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်အမျိုးသားကာ ကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။

 

လွန်ခဲ့သည့်နှစ်အတွင်း ဒီဇင်ဘာလတွင် ၁၉ ကြိမ်၊ နိုဝင်ဘာလတွင် ၂၂ ကြိမ်၊ အောက်တိုဘာလတွင် ၂၂ ကြိမ် တရုတ်လေယာဉ်များ ထိုင်ဝမ်နိုင်ငံသို့ ကျူးကျော်ဝင်ရောက်ခဲ့ကြောင်းသိရသည်။

 

Ref: 6 Chinese military planes enter Taiwan’s ADIZ

 

#PeopleMedia

 

(unicode)


…………………………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: 6 Chinese military planes enter Taiwan’s ADIZ

 

#PeopleMedia


Share this post