• Follow Us on

Home တ႐ုတ္တပ္ဖြဲ႕မ်ား စစ္ပြဲဆင္ႏႊဲေရး ျပင္ဆင္ထားရန္ သမၼတ ရွီက်င့္ဖ်င္ ေျပာ

တ႐ုတ္တပ္ဖြဲ႕မ်ား စစ္ပြဲဆင္ႏႊဲေရး ျပင္ဆင္ထားရန္ သမၼတ ရွီက်င့္ဖ်င္ ေျပာ

Share this post

နိုင္ငံတကာ၊ ေအာက္တိုဘာ ၁၄
 
တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က ကြမ္တုံျပည္နယ္ရွိ စစ္ဘက္အေျခစိုက္စခန္းတစ္ခုသို႔ သြားေရာက္လည္ပတ္ စဥ္ တပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ စစ္ပြဲဆင္ႏႊဲေရး စိတ္ေရာကိုယ္ပါ အစြမ္းကုန္ျပင္ဆင္ထားၾကရန္ ပန္ၾကားလိုက္သည္။
တ႐ုတ္တပ္ဖြဲ႕ဝင္မ်ားက အျမင့္ဆုံးအဆင့္ တပ္လႈန္႔ထားရန္ႏွင့္ သစၥာရွိၾကရန္ ေခ်ာင္က်ိဳးၿမိဳ႕ရွိ တ႐ုတ္ ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္၏ ကမ္းတက္တပ္ဖြဲ႕သို႔သြားေရာက္သည့္ စစ္ေဆးေရးခရီးစဥ္တစ္ခုအတြင္း သမၼတ ရွီက်င့္ဖ်င္က ေျပာၾကားခဲ့သည္။
 
ရွီက်င့္ဖ်င္၏ ကြမ္တုံျပည္နယ္ခရီးစဥ္ရည္ရြယ္ခ်က္မွာ ရွန္က်န္း အထူးစီးပြားေရးဇုန္တည္ေထာင္မႈ ႏွစ္ ၄၀ ျပည့္ အခမ္းအနား၌ မိန္႔ခြန္းတစ္ရပ္ ေျပာၾကားရန္ျဖစ္သည္။
 
ရွန္က်န္း အထူးစီးပြားေရးဇုန္က ျပည္ပရင္းႏွီးျမႇုပ္ႏွံမႈမ်ားဆြဲေဆာင္ရန္ ၁၉၈၀ ခုႏွစ္တြင္ တည္ေထာင္ခဲ့ ၿပီး တ႐ုတ္နိုင္ငံ၏စီးပြားေ႐ူ ကမၻာေပၚတြင္ ဒုတိယအင္အားအႀကီးမားဆုံး ျဖစ္လာေစရန္ အေရးပါေသာအခန္း က႑တစ္ရပ္မွ ပါဝင္ခဲ့သည္။
 
ထိုင္ဝမ္ႏွင့္ပတ္သက္၍ သေဘာထားကြဲလြဲမႈမ်ား၊ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ ဝါရွင္တန္ႏွင့္ ေပ က်င္းၾကား တင္းမာမႈမ်ား အဆိုးရြားဆုံးအခ်ိန္ ေရာက္ရွိေနခ်ိန္တြင္ သမၼတ ရွီက်င့္ဖ်င္က စစ္ဘက္စခန္းသို႔ သြား ေရာက္ျခင္းျဖစ္သည္။
 
ထိုင္ဝမ္ကၽြန္းသို႔ ေခတ္မီစစ္လက္နက္မ်ား ေရာင္းခ်မႈကို ဆက္လက္လုပ္ေဆာင္မည္ဟု အိမ္ျဖဴေတာ္က ေအာက္တိုဘာလ ၁၂ ရက္တြင္ အေမရိကန္ကြန္ဂရက္သို႔ အေၾကာင္းၾကားခဲ့သည္။
 
ထိုေၾကညာခ်က္္ေၾကာင့္ တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေက်ာင္လီက်င္းက အေမရိ ကန္နိုင္ငံအေနျဖင့္ ထိုင္ဝမ္သို႔ စစ္လက္နက္မ်ားေရာင္းခ်မႈ ခ်က္ခ်င္း ႐ုတ္သိမ္းရန္ႏွင့္ စစ္ဘက္ဆက္ဆံေရးအား လုံး ျဖတ္ေတာက္ရန္ သတိေပးလိုက္သည္။
 
ထိုင္ဝမ္က တ႐ုတ္ကြန္ျမဴနစ္ပါတီ၏ ထိန္းခ်ဳပ္မႈေအာက္ မည္သည့္အခါမၽွ မေရာက္ရွိခဲ့ဖူးေသာ္လည္း လိုအပ္ပါက စစ္အင္အားအသုံးျပဳ၍ သိမ္းပိုက္မည္ဟု သမၼတ ရွီက်င့္ဖ်င္က ေျပာၾကားခဲ့သည္။
 
ကိုးကား – စီအန္အန္
 
Ref; Chinese President Xi Jinping tells troops to focus on ‘preparing for war’
 
(unicode)
တရုတ်တပ်ဖွဲ့များ စစ်ပွဲဆင်နွှဲရေး ပြင်ဆင်ထားရန် သမ္မတ ရှီကျင့်ဖျင် ပြော
……………………………………………………
 
နိုင်ငံတကာ၊ အောက်တိုဘာ ၁၄
 
တရုတ်သမ္မတ ရှီကျင့်ဖျင်က ကွမ်တုံပြည်နယ်ရှိ စစ်ဘက်အခြေစိုက်စခန်းတစ်ခုသို့ သွားရောက်လည်ပတ် စဉ် တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ပွဲဆင်နွှဲရေး စိတ်ရောကိုယ်ပါ အစွမ်းကုန်ပြင်ဆင်ထားကြရန် ပန်ကြားလိုက်သည်။
တရုတ်တပ်ဖွဲ့ဝင်များက အမြင့်ဆုံးအဆင့် တပ်လှုန့်ထားရန်နှင့် သစ္စာရှိကြရန် ချောင်ကျိုးမြို့ရှိ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ကမ်းတက်တပ်ဖွဲ့သို့သွားရောက်သည့် စစ်ဆေးရေးခရီးစဉ်တစ်ခုအတွင်း သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။
 
ရှီကျင့်ဖျင်၏ ကွမ်တုံပြည်နယ်ခရီးစဉ်ရည်ရွယ်ချက်မှာ ရှန်ကျန်း အထူးစီးပွားရေးဇုန်တည်ထောင်မှု နှစ် ၄၀ ပြည့် အခမ်းအနား၌ မိန့်ခွန်းတစ်ရပ် ပြောကြားရန်ဖြစ်သည်။
 
ရှန်ကျန်း အထူးစီးပွားရေးဇုန်က ပြည်ပရင်းနှီးမြှုပ်နှံမှုများဆွဲဆောင်ရန် ၁၉၈၀ ခုနှစ်တွင် တည်ထောင်ခဲ့ ပြီး တရုတ်နိုင်ငံ၏စီးပွားရေူ ကမ္ဘာပေါ်တွင် ဒုတိယအင်အားအကြီးမားဆုံး ဖြစ်လာစေရန် အရေးပါသောအခန်း ကဏ္ဍတစ်ရပ်မှ ပါဝင်ခဲ့သည်။
 
ထိုင်ဝမ်နှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများ၊ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဝါရှင်တန်နှင့် ပေ ကျင်းကြား တင်းမာမှုများ အဆိုးရွားဆုံးအချိန် ရောက်ရှိနေချိန်တွင် သမ္မတ ရှီကျင့်ဖျင်က စစ်ဘက်စခန်းသို့ သွား ရောက်ခြင်းဖြစ်သည်။
 
ထိုင်ဝမ်ကျွန်းသို့ ခေတ်မီစစ်လက်နက်များ ရောင်းချမှုကို ဆက်လက်လုပ်ဆောင်မည်ဟု အိမ်ဖြူတော်က အောက်တိုဘာလ ၁၂ ရက်တွင် အမေရိကန်ကွန်ဂရက်သို့ အကြောင်းကြားခဲ့သည်။
 
ထိုကြေညာချက််ကြောင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျင်းက အမေရိ ကန်နိုင်ငံအနေဖြင့် ထိုင်ဝမ်သို့ စစ်လက်နက်များရောင်းချမှု ချက်ချင်း ရုတ်သိမ်းရန်နှင့် စစ်ဘက်ဆက်ဆံရေးအား လုံး ဖြတ်တောက်ရန် သတိပေးလိုက်သည်။
 
ထိုင်ဝမ်က တရုတ်ကွန်မြူနစ်ပါတီ၏ ထိန်းချုပ်မှုအောက် မည်သည့်အခါမျှ မရောက်ရှိခဲ့ဖူးသော်လည်း လိုအပ်ပါက စစ်အင်အားအသုံးပြု၍ သိမ်းပိုက်မည်ဟု သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။
 
ကိုးကား – စီအန်အန်
 
Ref; Chinese President Xi Jinping tells troops to focus on ‘preparing for war’

Share this post