• Follow Us on

Home တ႐ုတ္တပ္မေတာ္က အင္အားျပည့္ တိုက္ခိုက္ႏိုင္စြမ္းမရွိဟု ထိုင္ဝမ္ ေျပာ

တ႐ုတ္တပ္မေတာ္က အင္အားျပည့္ တိုက္ခိုက္ႏိုင္စြမ္းမရွိဟု ထိုင္ဝမ္ ေျပာ

Share this post

ႏိုင္ငံတကာ၊ စက္တင္ဘာ ၂

တ႐ုတ္လက္နက္ကိုင္တပ္ဖြဲ႕က အင္အားႀကီးမားလာေသာ္လည္း ထိုင္ဝမ္အေပၚ အင္အားျပည့္ တိုက္ခိုက္ ႏိုင္စြမ္းမရွိေၾကာင္း ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။

တ႐ုတ္ႏိုင္ငံက ထိုင္ဝမ္ကြၽန္းအနီး စစ္ေရးလႈပ္ရွားမႈမ်ား တိုးျမႇင့္လုပ္ေဆာင္လ်က္ရွိသည္။ ထိုင္ဝမ္ကြၽန္း ကို တ႐ုတ္ႏိုင္ငံ၏ အခ်ဳပ္အခ်ာအာဏာေအာက္သို႔ တပ္ဖြဲ႕အသုံးျပဳ၍ လုပ္ေဆာင္ရန္ဝန္မေလးဟု သမၼတ ရွီက်င့္ ဖ်င္က ၿပီးခဲ့သည့္ႏွစ္အတြင္း ေျပာၾကားခဲ့သည္။

သမၼတ ရွီက်င့္ဖ်င္က တပ္မေတာ္အား ေခတ္မီတပ္မေတာ္ တည္ေဆာက္ေရးအစီအစဉ္ကို ႀကီးၾကပ္ လ်က္ရွိၿပီး ကိုယ္ေပ်ာက္တိုက္ေလယာဉ္မ်ား၊ ေလယာဉ္တင္ သေဘၤာမ်ား၊ အျခားစစ္လက္နက္မ်ား အင္အားျဖည့္ တင္းေနသလို တ႐ုတ္ေလတပ္ႏွင့္ ေရတပ္က ထိုင္ဝမ္ကြၽန္းအနီး ပုံမွန္ စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္သည္။

လႊတ္ေတာ္သို႔တင္ခဲ့သည့္ တ႐ုတ္တပ္မေတာ္အင္အားဆိုင္ရာ အစီရင္ခံစာ၌ တ႐ုတ္တပ္ဖြဲ႕မ်ား၏ ျဖစ္ႏိုင္ ေခ်တိုက္ခိုက္မႈမ်ားတြင္ ထိုင္ဝမ္ကြၽန္းအားပိတ္ဆို႔ျခင္း၊ ကမ္းေျခအားသိမ္းပိုက္ျခင္းတို႔ ပါဝင္ေၾကာင္း ထိုင္ဝမ္ ကာ ကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။

တ႐ုတ္တပ္မေတာ္က က်ည္အစစ္ျဖင့္ စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္ျခင္း၊ အင္အားျဖည့္တင္းျခင္းႏွင့္ နည္းပညာႏွင့္ လက္နက္သစ္မ်ား တီထြင္မႈတို႔ စဉ္ဆက္မျပတ္ ျပဳလုပ္ေနေၾကာင္း ထိုင္ဝမ္ ကာကြယ္ေရးဝန္ႀကီး ဌာနက ဆိုသည္။

“ထိုင္ဝမ္ကြၽန္းနဲ႔ပတ္သက္တဲ့ စစ္ဆင္ေရးနည္းပရိယာယ္နဲ႔ မဟာဗ်ဴဟာအရ ထိုင္ဝမ္ေရလက္ၾကားရဲ႕ ပ ထဝီအေနအထားက ကန္႔သတ္ခ်က္ျဖစ္ေစသလို တ႐ုတ္တပ္မေတာ္ရဲ႕ ကမ္းတက္ကိရိယာေတြ၊ ေထာက္ပံ့ပို႔ ေဆာင္ေရးစြမ္းရည္ေတြမွာ လိုအပ္ခ်က္ေတြရွိေနဆဲပါ” ဟု အဆိုပါဝန္ႀကီးဌာနက ေျပာသည္။

ထို႔ေၾကာင့္ တ႐ုတ္တပ္မေတာ္အေနျဖင့္ ထိုင္ဝမ္ကြၽန္းအေပၚ အင္အားျပည့္ တိုက္ခိုက္ႏိုင္ေသာစြမ္းရည္ ကင္းမဲ့ေနေၾကာင္း ယင္းဝန္ႀကီးဌာနက ေထာက္ျပခဲ့သည္။

ကိုးကား – ဗန္ေကာက္ပို႔စ္

Ref; Taiwan says China still lacks ability for full assault on island

#PeopleMedia

(unicode)
တရုတ်တပ်မတော်က အင်အားပြည့် တိုက်ခိုက်နိုင်စွမ်းမရှိဟု ထိုင်ဝမ် ပြော
…………………………………………………..

နိုင်ငံတကာ၊ စက်တင်ဘာ ၂

တရုတ်လက်နက်ကိုင်တပ်ဖွဲ့က အင်အားကြီးမားလာသော်လည်း ထိုင်ဝမ်အပေါ် အင်အားပြည့် တိုက်ခိုက် နိုင်စွမ်းမရှိကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။ ထိုင်ဝမ်ကျွန်း ကို တရုတ်နိုင်ငံ၏ အချုပ်အချာအာဏာအောက်သို့ တပ်ဖွဲ့အသုံးပြု၍ လုပ်ဆောင်ရန်ဝန်မလေးဟု သမ္မတ ရှီကျင့် ဖျင်က ပြီးခဲ့သည့်နှစ်အတွင်း ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖျင်က တပ်မတော်အား ခေတ်မီတပ်မတော် တည်ဆောက်ရေးအစီအစဉ်ကို ကြီးကြပ် လျက်ရှိပြီး ကိုယ်ပျောက်တိုက်လေယာဉ်များ၊ လေယာဉ်တင် သင်္ဘောများ၊ အခြားစစ်လက်နက်များ အင်အားဖြည့် တင်းနေသလို တရုတ်လေတပ်နှင့် ရေတပ်က ထိုင်ဝမ်ကျွန်းအနီး ပုံမှန် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သည်။

လွှတ်တော်သို့တင်ခဲ့သည့် တရုတ်တပ်မတော်အင်အားဆိုင်ရာ အစီရင်ခံစာ၌ တရုတ်တပ်ဖွဲ့များ၏ ဖြစ်နိုင် ချေတိုက်ခိုက်မှုများတွင် ထိုင်ဝမ်ကျွန်းအားပိတ်ဆို့ခြင်း၊ ကမ်းခြေအားသိမ်းပိုက်ခြင်းတို့ ပါဝင်ကြောင်း ထိုင်ဝမ် ကာ ကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တရုတ်တပ်မတော်က ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်း၊ အင်အားဖြည့်တင်းခြင်းနှင့် နည်းပညာနှင့် လက်နက်သစ်များ တီထွင်မှုတို့ စဉ်ဆက်မပြတ် ပြုလုပ်နေကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး ဌာနက ဆိုသည်။

“ထိုင်ဝမ်ကျွန်းနဲ့ပတ်သက်တဲ့ စစ်ဆင်ရေးနည်းပရိယာယ်နဲ့ မဟာဗျူဟာအရ ထိုင်ဝမ်ရေလက်ကြားရဲ့ ပ ထဝီအနေအထားက ကန့်သတ်ချက်ဖြစ်စေသလို တရုတ်တပ်မတော်ရဲ့ ကမ်းတက်ကိရိယာတွေ၊ ထောက်ပံ့ပို့ ဆောင်ရေးစွမ်းရည်တွေမှာ လိုအပ်ချက်တွေရှိနေဆဲပါ” ဟု အဆိုပါဝန်ကြီးဌာနက ပြောသည်။

ထို့ကြောင့် တရုတ်တပ်မတော်အနေဖြင့် ထိုင်ဝမ်ကျွန်းအပေါ် အင်အားပြည့် တိုက်ခိုက်နိုင်သောစွမ်းရည် ကင်းမဲ့နေကြောင်း ယင်းဝန်ကြီးဌာနက ထောက်ပြခဲ့သည်။

ကိုးကား – ဗန်ကောက်ပို့စ်

Ref; Taiwan says China still lacks ability for full assault on island

#PeopleMedia


Share this post