• Follow Us on

Home တရုတ်ထုတ် J-10C ဂျက်တိုက်လေယာဉ်များ ပါကစ္စတန်လေတပ် ထုတ်ဖော်ပြသ

တရုတ်ထုတ် J-10C ဂျက်တိုက်လေယာဉ်များ ပါကစ္စတန်လေတပ် ထုတ်ဖော်ပြသ

Share this post

နိုင်ငံတကာ၊ မတ် ၁၈

 

ပါကစ္စတန်နိုင်ငံရဲ့တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်နိုင်ဖို့အတွက် တရုတ်နိုင်ငံထုတ် J-10C ဂျက်တိုက်လေ ယာဉ်အုပ်စု ပထမအသုတ်ကို ပါကစ္စတန်လေတပ်က တရားဝင်ထုတ်ဖော်ပြသလိုက်ပါတယ်။

 

J-10C ဂျက်တိုက်လေယာဉ်တွေထုတ်ဖော်ပြသပွဲကို လွန်ခဲ့တဲ့သီတင်းပတ်က အစ္စလာမ်မာဘတ်မြို့မှာကျင်းပ ခဲ့ပြီး အခမ်းအနားကို ပါကစ္စတန်ဝန်ကြီးချုပ် အီမရမ်ခန်းနဲ့ နှစ်နိုင်ငံအရာရှိတွေတက်ရောက်ခဲ့ပါတယ်။

 

“ဒီတိုက်လေယာဉ်တွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ကာကွယ်ရေးအင်အားကို ထပ်မံအားဖြည့်လိုက်တာပဲဖြစ်ပါ တယ်။ စံချိန်တင် ရှစ်လအတွင်းမှာ ဒီတိုက်လေယာဉ်တွေကို ထောက်ပံံ့ပေးနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့နိုင်ငံ ကိုယ်စား တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိပါတယ်။” လို့ အီမရမ်ခန်းက ပြောကြားလိုက်ပါတယ်။

 

ပါကစ္စတန်အစိုးရက တရုတ်နိုင်ငံကဝယ်ယူတဲ့ ဂျက်တိုက်လေယာဉ်အစင်းရေအတိအကျကို ထုတ်ဖော်ပြော ကြားခြင်းမရှိပေမဲ့ J-10C ဂျက်တိုက်လေယာဉ် ၂၅ စင်း ဝယ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

 

တရုတ်နိုင်ငံဟာ ပါကစ္စတန်နိုင်ငံရဲ့ ကာလရှည်မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်သလို ပါကစ္စတန်နိုင်ငံကို အရင်က တည်းက တိုက်လေယာဉ်တွေရောင်းချပေးနေတဲ့နိုင်ငံဖြစ်ပါတယ်။

 

ဒါ့အပြင် ပါကစ္စတန်နိုင်ငံဟာ ၎င်းတို့ရဲ့ J-10C ဂျက်တိုက်လေယာဉ်တွေကို အစားထိုးနိုင်ဖို့အတွက် JF-17 ဂျက်တိုက်လေယာဉ်တွေကို တရုတ်နိုင်ငံနဲ့ ပူး တွဲထုတ်လုပ်ခဲ့ပါတယ်။

 

မတ်လ ၉ ရက်နေ့က အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံကို ဒုံးကျည်နဲ့မှားယွင်းပစ်ခတ်လိုက်မိပြီးတဲ့ဖြစ်စဉ်နောက် ပိုင်းမှာ ပါကစ္စတန်က အိန္ဒိယကို နောက်ဆက်တွဲဆိုးကျိုးနဲ့ ကြုံတွေ့ရမယ်လို့ သတိပေးလိုက်ပြီးတဲ့နောက် အခု J-10C ဂျက်တိုက်လေယာဉ်တွေထုတ်ဖော်ပြသတဲ့ အခမ်းအနား ကျင်းပခဲ့တာဖြစ်ပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက အိန္ဒိယသံအမတ်ကို ဆင့်ခေါ်ရှင်းလင်းစေခဲ့ပါတယ်။

 

အိန္ဒိယနိုင်ငံက ဖြစ်စဉ်ကို အသိအမှတ်ပြုခဲ့ပြီး အဲဒီဒုံးကျည်ဟာ ပုံမှန်ပြုပြင်ထိန်းသိမ်းမှုပြုလုပ်နေစဉ်အတွင်း နည်းပညာဆိုင်ရာအမှားအယွင်းကြောင့် အခုလို ကျည်ထွက်သွားတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

 

ပါကစ္စတန်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ဟာ ပါကစ္စတန်စတင်ခွဲထွက်ခဲ့တဲ့ ၁၉၄၇ ခုနှစ်ကစပြီး စစ်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ တဲ့အထိ မပြေလည်တဲ့ ပဋိပက္ခသမိုင်းကြောင်း ရှိထားတဲ့နိုင်ငံတွေဖြစ်ပါတယ်။

 

၂၀၁၆ ခုနှစ်က အိန္ဒိယနိုင်ငံက ပြင်သစ်ထံက ရာဖေးဂျက်တိုက်လေယာဉ် ၃၆ စင်း ဝယ်ယူလိုက်တာကို တုံ့ပြန် တဲ့အနေနဲ့ ပါကစ္စတန်နိုင်ငံက J-10C ဂျက်တိုက်လေယာဉ်တွေကို ဝယ်ယူလိုက်တာဖြစ်ပါတယ်။

 

အားမန်တက်ကြွတဲ့နဂါးလို့ ရည်ညွှန်းပြောဆိုနေကြတဲ့ J-10C ဂျက်တိုက်လေယာဉ်ဟာ အင်ဂျင်တစ်လုံးတပ် အ ပေါ့စားဂျက်တိုက်လေယာဉ်ဖြစ်ပြီး ဘယ်လိုရာသီဥတုအခြေအနေမျိုးမှာမဆို ပျံသန်းတိုက်ခိုက်နိုင်ပြီး ဝေဟင်မှ မြေပြင်တိုက်ခိုက်ရေးနဲ့ ဝေဟင်မှဝေဟင် လေယာဉ်စီးချင်းထိုးတိုက်ခိုက်ရေးတာဝန်များကို ထမ်းဆောင်နိုင်စွမ်းရှိ ကြောင်းသိရပါတယ်။

 

ပါကစ္စတန်နိုင်ငံဟာ အစောပိုင်းက သူ့နိုင်ငံရဲ့ F-16 ဂျက်တိုက်လေယာဉ်တွေကို အစားထိုးဖို့ တရုတ်ဂျက်တိုက် လေယာဉ်တွေကို ဝယ်ယူလိုတယ်လို့ ၂၀၀၆ ခုနှစ်မှာ ပြောကြားခဲ့ပါတယ်။ J-10C ဂျက်တိုက်လေယာဉ်တွေ ဟာ ၂၀၂၀ ပြည့်နှစ်မှာ တရုတ်နိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတို့ ပူးတွဲကျင်းပခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုမှာပါဝင်ခဲ့ပါတယ်။

 

အခုအချိန်မှာ တရုတ်အင်ဂျင်တွေ အစားထိုးလဲလှယ်တပ်ဆင်ပြီးဖြစ်တဲ့ J-10C ဂျက်တိုက်လေယာဉ်တွေကို အရင်တုန်းက ရုရှားနိုင်ငံထုတ် AL-31 အင်ဂျင်တွေ တပ်ဆင်ခဲ့တာဖြစ်ပါတယ်။

 

ပါကစ္စတန်နိုင်ငံမှာ လက်ရှိ F-16 ဂျက်တိုက်လေယာဉ် ၃၇ စင်း၊ တရုတ်ထုတ် JF-17 ဂျက်တိုက်လေယာဉ် အ စင်း ၄၀၊ မီရပ်ချ် III ဂျက်တိုက်လေယာဉ် ၈၇ စင်း ပိုင်ဆိုင်ထားပါတယ်။

 

Ref: Pakistan Inducts Chinese J-10C Fighter Jets to Air Force Fleet

 

#PeopleMedia

 

(unicode)


……………………………………

 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 

Ref: Pakistan Inducts Chinese J-10C Fighter Jets to Air Force Fleet

 

#PeopleMedia


Share this post