• Follow Us on
Latest News

Home တရုတ်ထုတ် Sinopharm ကိုဗစ်-၁၉ vaccine အလုံးရေ ၄ သန်း ထပ်မံရောက်ရှိ

တရုတ်ထုတ် Sinopharm ကိုဗစ်-၁၉ vaccine အလုံးရေ ၄ သန်း ထပ်မံရောက်ရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၃ (People Media)

 

တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ vaccine အလုံးရေ ၄ သန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာလ ၁၂ ရက်နေ့က ထပ်မံရောက်ရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ထုတ်ပြန် လိုက်သည်။

 

လတ်တလော ရက်ပိုင်းတွင် မြန်မာနိုင်ငံအစိုးရက တရုတ် Sinopharm Group ထံမှ ကိုဗစ်-၁၉ vaccine ထပ်မံဝယ်ယူခဲ့ခြင်းကြောင့် ပထမဆုံးအသုတ်အနေဖြင့် vaccine များ ထပ်မံရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းဖြစ်ပွားလာကတည်းက တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့် တရုတ် vaccine ကုမ္ပဏီများချိတ်ဆက်ရန် တက်တက်ကြွကြွကူညီပေးပြီး အသက်သာဆုံးဈေးနှုန်း၊ အလျင် မြန်ဆုံးနှုန်းဖြင့် မြန်မာနိုင်ငံထံ ကိုဗစ်-၁၉ vaccine ထောက်ပံ့ပေးကာ မြန်မာနိုင်ငံကပ်ရောဂါတိုက်ဖျက်ရေး အတွက် အင်တိုက်အားတိုက်ကူညီပေးခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

 

လက်ရှိအချိန်အထိ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးသည့် ကိုဗစ်-၁၉ vaccine အလုံးရေ ၁၂ ဒသမ ၆ သန်းရှိပြီးဖြစ်ရာ ၎င်းတို့အနက် အလုံးရေ ၃ဒသမ ၉ သန်းသည် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းပေး အပ်ခြင်းဖြစ်ပြီး၊ အလုံးရေ ၈ ဒသမ ၇ သန်းကိုတော့ မြန်မာနိုင်ငံမှ ဝယ်ယူခြင်းဖြစ်ကြောင်း သိရသည်။

 

#PeopleMedia #COVID19

 

(unicode)


…………………………………………………….

 


 


 


 


 


 

#PeopleMedia #COVID19


Share this post