• Follow Us on

Home တ႐ုတ္နယ္စပ္တစ္ေလ်ာက္ အိႏၵိယမွ တပ္မေတာ္အင္အား ၃၅၀၀၀ ျဖန္႔ၾက က္မည္

တ႐ုတ္နယ္စပ္တစ္ေလ်ာက္ အိႏၵိယမွ တပ္မေတာ္အင္အား ၃၅၀၀၀ ျဖန္႔ၾက က္မည္

Share this post

၂၀၂၀၊ ဇူလိုင္ ၃၀

အိမ္နီးခ်င္းႏွစ္နိုင္ငံၾကား တင္းမာမႈမ်ား ေစာလ်င္စြာ ေျဖရွင္းေရးျဖစ္နိုင္စြမ္းမွာ ေမွးမွိန္လာျခင္းေၾကာင့္ တ႐ုတ္ႏွင့္ထိစပ္ေနသည့္ အျငင္းပြား ဟိမဝႏၲာနယ္စပ္တစ္ေလ်ာက္ ေနာက္ထပ္ တပ္ဖြဲ႕ဝင္ ၃၅၀၀၀ ေစလႊတ္ရန္ အိႏၵိယနိုင္ငံက ျပင္ဆင္လ်က္ရွိသည္။

ယခုအစီအစဥ္ေၾကာင့္ ကီလိုမီတာ ၃၄၈၈ ရွိေသာ အျငင္းပြားနယ္စပ္တစ္ေလ်ာက္ ပိုေနျမဲက်ားေနျမဲ အ ေျခအေနကို ေျပာင္းလဲေစမည္ဟု အမည္မေဖာ္လိုသည့္ အိႏၵိယ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။

ဇြန္လ ၁၅ ရက္တြင္ အက်ည္းတန္ေသာ ရန္ပြဲတစ္ခုအတြင္း အိႏၵိယတပ္ဖြဲ႕ဝင္ ၂၀ ဦးႏွင့္ အေရအတြက္ အ တိအက်မသိရေသာ တ႐ုတ္တပ္ဖြဲ႕ဝင္မ်ား ေသဆုံးခဲ့သည္။

ထို႔ေနာက္ပိုင္း ႏွစ္နိုင္ငံစလုံးက နယ္စပ္တစ္ေလ်ာက္ တပ္ဖြဲ႕ဝင္မ်ား၊ အေျမာက္ႀကီးမ်ား၊ တင့္ကားမ်ား ျဖန္႔ၾကက္ခဲ့သည္။

အျမင့္ဆုံး နိုင္ငံေရးအဆင့္တြင္ ျပန္လည္သင့္ျမတ္မႈမရွိလ်င္ တပ္ဖြဲ႕ဝင္မ်ား ျဖန္႔ၾကက္လင့္ကစား အေၿခ အေန ထူးျခားမည္မဟုတ္ေၾကာင္း အၿငိမ္းစား ဗိုလ္ခ်ဳပ္ႏွင့္ ေဒလီအေျခစိုက္ The United Service Institution of India ၏ ညႊန္ၾကားေရးမႉး ဘီေကရွာမာက ေျပာသည္။

ယခုအခါ ရန္ပြဲမ်ား ရပ္တန္႔သြားၿပီျဖစ္သလို အဆင့္ဆင့္ေသာ စစ္ဘက္ဆိုင္ရာေဆြးေႏြးမႈမ်ား ျပဳလုပ္ၿပီး ေနာက္ ေဒသအမ်ားစုမွ တပ္ဖြဲ႕မ်ားဆုတ္ခြာခဲ့ေၾကာင္း တ႐ုတ္နိုင္ငံက ေျပာသည္။

အိႏၵိယတပ္မေတာ္က အရွည္ ၇၄၂ ကီလိုမီတာရွိေသာ ပါကစၥတန္နယ္စပ္တစ္ေလ်ာက္ တန္ျပန္အၾကမ္း ဖက္မႈစစ္ဆင္ေရးမ်ား လုပ္ေဆာင္ေနသလို တ႐ုတ္နယ္စပ္တစ္ေလ်ာက္ တင္းမာမႈမ်ားျဖစ္ပြားေနခ်ိန္ ယခုကဲ့သို႔ တပ္ဖြဲ႕မ်ားေစလႊတ္ရန္ စီစဥ္ျခင္းျဖစ္သည္။

အိႏၵိယနိုင္ငံသည္ ယမန္ေန႔က ျပင္သစ္နိုင္ငံထံမွ ရာေဖးလ္ဂ်က္တိုက္ေလယာဥ္ငါးစင္း လက္ခံရရွိခဲ့ရာ တိုင္းျပည္အေပၚ ၿခိမ္းေျခာက္လာသည့္ အႏၲရာယ္မ်ားကို တုံ႔ျပန္နိုင္မည္ဟု ကာကြယ္ေရးဝန္ႀကီး ရာနတ္ဂ်္ဆင္း က တ႐ုတ္နိုင္ငံကရည္ညႊန္း၍ သတိေပးလိုက္သည္။

အိႏၵိယတပ္မေတာ္က ကမၻာေပၚတြင္ တတိယေျမာက္ အင္အားအေတာင့္တင္းဆုံး တပ္မေတာ္တစ္ခုျဖစ္ ၿပီး ေလတပ္၊ ေရတပ္ႏွင့္ ၾကည္းတပ္တို႔ကို ေခတ္မီလက္နက္မ်ားျဖင့္ တပ္ဆင္ေပးထားသည္။

ကာကြယ္ေရးအသုံးစရိတ္၏ ၆၀ ရာခိုင္ႏႈန္းကို တပ္ဖြဲ႕ဝင္အင္အား ၁ ဒသမ ၃ သန္းေက်ာ္ရွိေသာ အိႏၵိယ တပ္မေတာ္သားမ်ားအတြက္ လစာေပးေခ်ရန္ သုံးစြဲရသည္။

ကိုးကား ။ ။ စထရိတ္တိုင္းမ္

Ref; India set to add 35,000 more troops along China border

#PeopleMedia

(Unicode)
တရုတ်နယ်စပ်တစ်လျောက် အိန္ဒိယမှ တပ်မတော်အင်အား ၃၅၀၀၀ ဖြန့်ကြ က်မည်
………………………………………………………

၂၀၂၀၊ ဇူလိုင် ၃၀

အိမ်နီးချင်းနှစ်နိုင်ငံကြား တင်းမာမှုများ စောလျင်စွာ ဖြေရှင်းရေးဖြစ်နိုင်စွမ်းမှာ မှေးမှိန်လာခြင်းကြောင့် တရုတ်နှင့်ထိစပ်နေသည့် အငြင်းပွား ဟိမဝန္တာနယ်စပ်တစ်လျောက် နောက်ထပ် တပ်ဖွဲ့ဝင် ၃၅၀၀၀ စေလွှတ်ရန် အိန္ဒိယနိုင်ငံက ပြင်ဆင်လျက်ရှိသည်။

ယခုအစီအစဉ်ကြောင့် ကီလိုမီတာ ၃၄၈၈ ရှိသော အငြင်းပွားနယ်စပ်တစ်လျောက် ပိုနေမြဲကျားနေမြဲ အ ခြေအနေကို ပြောင်းလဲစေမည်ဟု အမည်မဖော်လိုသည့် အိန္ဒိယ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဇွန်လ ၁၅ ရက်တွင် အကျည်းတန်သော ရန်ပွဲတစ်ခုအတွင်း အိန္ဒိယတပ်ဖွဲ့ဝင် ၂၀ ဦးနှင့် အရေအတွက် အ တိအကျမသိရသော တရုတ်တပ်ဖွဲ့ဝင်များ သေဆုံးခဲ့သည်။

ထို့နောက်ပိုင်း နှစ်နိုင်ငံစလုံးက နယ်စပ်တစ်လျောက် တပ်ဖွဲ့ဝင်များ၊ အမြောက်ကြီးများ၊ တင့်ကားများ ဖြန့်ကြက်ခဲ့သည်။

အမြင့်ဆုံး နိုင်ငံရေးအဆင့်တွင် ပြန်လည်သင့်မြတ်မှုမရှိလျင် တပ်ဖွဲ့ဝင်များ ဖြန့်ကြက်လင့်ကစား အခြေ အနေ ထူးခြားမည်မဟုတ်ကြောင်း အငြိမ်းစား ဗိုလ်ချုပ်နှင့် ဒေလီအခြေစိုက် The United Service Institution of India ၏ ညွှန်ကြားရေးမှူး ဘီကေရှာမာက ပြောသည်။

ယခုအခါ ရန်ပွဲများ ရပ်တန့်သွားပြီဖြစ်သလို အဆင့်ဆင့်သော စစ်ဘက်ဆိုင်ရာဆွေးနွေးမှုများ ပြုလုပ်ပြီး နောက် ဒေသအများစုမှ တပ်ဖွဲ့များဆုတ်ခွာခဲ့ကြောင်း တရုတ်နိုင်ငံက ပြောသည်။

အိန္ဒိယတပ်မတော်က အရှည် ၇၄၂ ကီလိုမီတာရှိသော ပါကစ္စတန်နယ်စပ်တစ်လျောက် တန်ပြန်အကြမ်း ဖက်မှုစစ်ဆင်ရေးများ လုပ်ဆောင်နေသလို တရုတ်နယ်စပ်တစ်လျောက် တင်းမာမှုများဖြစ်ပွားနေချိန် ယခုကဲ့သို့ တပ်ဖွဲ့များစေလွှတ်ရန် စီစဉ်ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံသည် ယမန်နေ့က ပြင်သစ်နိုင်ငံထံမှ ရာဖေးလ်ဂျက်တိုက်လေယာဉ်ငါးစင်း လက်ခံရရှိခဲ့ရာ တိုင်းပြည်အပေါ် ခြိမ်းခြောက်လာသည့် အန္တရာယ်များကို တုံ့ပြန်နိုင်မည်ဟု ကာကွယ်ရေးဝန်ကြီး ရာနတ်ဂျ်ဆင်း က တရုတ်နိုင်ငံကရည်ညွှန်း၍ သတိပေးလိုက်သည်။

အိန္ဒိယတပ်မတော်က ကမ္ဘာပေါ်တွင် တတိယမြောက် အင်အားအတောင့်တင်းဆုံး တပ်မတော်တစ်ခုဖြစ် ပြီး လေတပ်၊ ရေတပ်နှင့် ကြည်းတပ်တို့ကို ခေတ်မီလက်နက်များဖြင့် တပ်ဆင်ပေးထားသည်။

ကာကွယ်ရေးအသုံးစရိတ်၏ ၆၀ ရာခိုင်နှုန်းကို တပ်ဖွဲ့ဝင်အင်အား ၁ ဒသမ ၃ သန်းကျော်ရှိသော အိန္ဒိယ တပ်မတော်သားများအတွက် လစာပေးချေရန် သုံးစွဲရသည်။

ကိုးကား ။ ။ စထရိတ်တိုင်းမ်

Ref; India set to add 35,000 more troops along China border

#PeopleMedia


Share this post