• Follow Us on

Home တရုတ်နယ်မြေချဲ့ထွင်နေခြင်းများအပေါ် သတင်းစကားများစွာဖြင့် ဘိုင်ဒန်သတိပေး

တရုတ်နယ်မြေချဲ့ထွင်နေခြင်းများအပေါ် သတင်းစကားများစွာဖြင့် ဘိုင်ဒန်သတိပေး

Share this post

ဝါရှင်တန်၊ ဇန်နဝါရီ ၂၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
အရှေ့နှင့် အရှေ့တောင်အာရှတွင် နယ်မြေချဲ့ထွင်လိုသောသဘောဆန္ဒများကို ဆန့်ကျင်ကြောင်း အာဏာရပြီး တပတ်အကြာတွင် အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က တရုတ်နိုင်ငံကို ရှင်းလင်းပြတ်သားသော သတင်းစကား များပေးပို့ခဲ့သည်။
 
ထိုနယ်မြေများတွင် တရုတ်၏အငြင်းပွားဖွယ်နယ်မြေပိုင်ဆိုင်မှုများကို အမေရိကန်က ဆန့်ကျင်ကြောင်း အရိပ် အယောင်ပြလျက် မိတ်ဖက်ဂျပန်၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်တို့ကို ထောက်ခံကြောင်း ဖုန်းခေါ်ဆိုမှုနှင့် ထုတ်ပြန်ချက်ပေါင်းများစွာတွင် မစ္စတာ ဘိုင်ဒန်နှင့် သူ၏ထိပ်တန်းလုံခြုံရေးအရာရှိများက ထင်ရှားစွာပြော သည်။
 
တရုတ်နှင့်ဂျပန် ၂ နိုင်ငံစလုံးကပိုင်ဆိုင်သည်ဟုပြောထားသော် ဆန်ကာကူကျွန်းစုများအပါအဝင် ဂျပန်ကိုကာ ကွယ်ရန် သူ၏အစိုးရအဖွဲ့က ကတိပြုသည်ဟု ဗုဒ္ဓဟူးနေ့တွင် ဘိုင်ဒန်က ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆူဂါကို ပြောသည်။
 
ထိုမှတ်ချက်များသည် ဘိုင်ဒန်အစိုးရအဖွဲ့က သမ္မတဟောင်း ဒေါ်နယ် ထရမ့် ထံမှလက်ခံထားသည့် တရုတ်အပေါ် ပြင်းထန်သည့်လုံခြုံရေးဆိုင်ရာရပ်တည်ချက်မှ သွေဖယ်သွားမည်မဟုတ်ကြောင်း အလေးအ နက်ဖော်ပြနေသည်။
 
အရှေ့တရုတ်ပင်လယ်နှင့်တောင်တရုတ်ပင်လယ်တို့ရှိ နယ်မြေပိုင်ဆိုင်သည်ဟု တရုတ်ကအငြင်းပွားဖွယ် ပြောနေသည်ကို ငြင်းဆိုနေသည့် မိတ်ဖက်များဖြစ်သော တောင်ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် မလေးရှားတို့နှင့်အတူ အမေရိကန်က ရပ်တည်နေသည်။
 
အမေရိကန်ကာကွယ်ရေးဝန်ကြီးသစ် အယ်လွိုက် အော်စတင်ကလည်း တာဝန်ယူပြီးပထမဆုံးနိုင်ငံခြား ဆက်သွယ်မှုများတွင် ဂျပန်သာမက သြစတြေးလျ၊ တောင်ကိုရီးယားနှင့် အိန္ဒိယတို့ပါဝင်နေသည်။
 
နိုင်ငံမြောက်ဘက်နယ်စပ်နှင့် တောင်ဘက်ရေပိုင်နက်တို့အတွက် တရုတ်က စစ်ရေးခြိမ်းခြောက်မှုဟုယူဆနေ သော အိန္ဒိယနှင့် ပြီးခဲ့သည့် ၃ နှစ်အတွင်း အမေရိကန်က ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုဖြန့်ကျက်ခဲ့သည်။
 
Ref : In multiple messages, Biden warns China over expansionism
 
#PeopleMedia
 
(unicode)
…………………………………………….
 
 
 
 
 
 
 
 
 
Ref : In multiple messages, Biden warns China over expansionism
 
#PeopleMedia

Share this post