• Follow Us on

Home တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းအနီး ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်

တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းအနီး ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၇ (People Media)

 

တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းတောင်ဘက်ကပ်လျက် ဧရိယာများ၌ ရေတပ်ဆိုင်ရာနှင့် ကျည်အစစ်ဖြင့်ပစ် ခတ်သည့် စစ်ရေးလေ့ကျင့်မှုများ ယနေ့ စတင်လိုက်ကြောင်း ကြေညာလိုက်သည်။

 

ထိုင်ဝမ်ကျွန်း၏ အနောက်တောင်ဘက်နှင့် အရှေ့တောင်ဘက်ရှိ နယ်မြေများအတွင်း ဘက်စုံစစ်ဆင်ရေး ပြုလုပ်မှုကိုစမ်းသပ်မည့် စစ်ရေးလေ့ကျင့်မှုများတွင် တိုက်ရေယာဉ်များ၊ ရေငုပ်သင်္ဘောဖျက်လေယာဉ်များနှင့် ဂျက်တိုက်လေယာဉ်များလည်း ပါဝင်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ရှီယီက ပြောသည်။

 

ထိုင်ဝမ်ရေလက်ကြားအတွင်း မကြာသေးမီကဖြစ်ပွားခဲ့သည့် အခြေအနေများကို မဖြစ်မနေတုံ့ပြန်သည့် စစ်ရေးလေ့ကျင့်မှုဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 

အမေရိကန်နှင့် ထိုင်ဝမ်တို့က ဒေသတွင်း၌ လုံခြုံရေးနှင့် တည်ငြိမ်မှုကို ဒုက္ခဖြစ်စေသော တိုင်းပြည်များ ဖြစ်လာခဲ့ကြောင်း ၎င်းက ဆိုသည်။

 

ထိုင်ဝမ်သို့ အမေရိကန်ဒေါ်လာ သန်း ၇၅၀ တန်ကြေးရှိ စစ်လက်နက်ပစ္စည်းများ ရောင်းချရန် ယခုလအ စောပိုင်းတွင် အမေရိကန်အစိုးရက အတည်ပြုခဲ့သည်။

 

အမေရိကန်နိုင်ငံက ထိုင်ဝမ်သို့ရောင်းချမည့် စစ်လက်နက်များတွင် M109 ဟောင်ဝှစ်ဇာအမြောက် ၄၀ နှင့် ပဲ့ထိန်းဒုံးကျည်များလည်း ပါဝင်ကြောင်း သိရသည်။

 

Ref; China Conducts Live-Fire Military Exercises South of Taiwan

#PeopleMedia #EPN #international #တရုတ်

 

(unicode)


………………………………………………………..

 


 


 


 


 


 


 


 

Ref; China Conducts Live-Fire Military Exercises South of Taiwan



Share this post