• Follow Us on

Home တရုတ်နိုင်ငံသည် သွင်းကုန်တိုးချဲ့မှုကိုပိုမိုအလေးထားပြီး နယ်စပ်ကုန်သွယ်ရေးတွင် သွင်းကုန်ပစ္စည်းများ နေရာချ အချောထည်ပြုလုပ်ခြင်းကိုမြှင့်တင်၍ ဘေးပတ်ဝန်းကျင်နိုင်ငံများ၏ သွင်းကုန်များကို တိုးမြှင့်မည် ဖြစ်ကြောင်း တရုတ်သမ္မတပြော

တရုတ်နိုင်ငံသည် သွင်းကုန်တိုးချဲ့မှုကိုပိုမိုအလေးထားပြီး နယ်စပ်ကုန်သွယ်ရေးတွင် သွင်းကုန်ပစ္စည်းများ နေရာချ အချောထည်ပြုလုပ်ခြင်းကိုမြှင့်တင်၍ ဘေးပတ်ဝန်းကျင်နိုင်ငံများ၏ သွင်းကုန်များကို တိုးမြှင့်မည် ဖြစ်ကြောင်း တရုတ်သမ္မတပြော

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၅ (People Media)

 

တရုတ်နိုင်ငံသည် သွင်းကုန်တိုးချဲ့မှုကို ပိုမိုအလေးထားပြီး နယ်စပ်ကုန်သွယ်ရေးတွင် သွင်းကုန်ပစ္စည်းများ နေရာချ အချောထည်ပြုလုပ်ခြင်းကို မြှင့်တင်၍ ဘေးပတ်ဝန်းကျင်နိုင်ငံများ၏ သွင်းကုန်များကို တိုးမြှင့်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ Mr. Xi Jinpingက ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်လိုက်သည်။

 

စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ကို နိုဝင်ဘာလ ၄ ရက်နေ့တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ဖွင့်လှစ်ခဲ့ရာ တရုတ်နိုင်ငံသမ္မတ Mr. Xi Jinping မှ ဗီဒီယိုစနစ်ဖြင့် တက်ရောက်ခဲ့ပြီး အဓိကမိန့်ခွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

တရုတ်နိုင်ငံသည် အဆင့်အတန်းမြင့်စွာ ကျယ်ကျယ်ပြန့်ပြန့် တံခါးဖွင့်လှစ်မည့် ဆုံးဖြတ်ချက်ကို ပြောင်းလဲမည် မဟုတ်ကြောင်း၊ ကမ္ဘာကြီးနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ မျှဝေမည့် ဆုံးဖြတ်ချက်ကိုလည်း  ပြောင်းလဲမည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံ သမ္မတ Mr. Xi Jinping က ပြောကြားသည်။

 

အဆိုပါ ပြပွဲတွင် မြန်မာနိုင်ငံ (MNT) ကုမ္ပဏီသည် သုံးနှစ်ဆက်တိုက် ပြပွဲတွင် ပါဝင်ပြသခဲ့ပြီး၊ ယခုနှစ်တွင် မြန်မာနိုင်ငံ၏ အထူးထွက်ကုန်ဖြစ်သည့် ကိုးကန့်လက်ဖက်ခြောက်ကို ခင်းကျင်းပြသခဲ့ကြောင်း၊ သွင်းကုန်ပြပွဲတွင် ပါဝင်ပြသခြင်းဖြင့် မြန်မာ့အထူးလယ်ယာထွက်ကုန်များကို နိုင်ငံတကာဈေးကွက် ဖွင့်ရန်နှင့် မြန်မာ့ထွက်ကုန်များ ပို့ကုန်ကုန်သွယ်မှုအတွက် အခွင့်အလမ်းများ ပိုမိုရရှိစေမည် ဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ယာယီပိတ်ထားပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်လည်လည်ပတ်ရန်နှင့် မြှင့်တင်ရေးအတွက် ယူနန်ပြည်နယ်သည် ၎င်း၏လုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။

 

Photo – ဆင်ဟွာ

 

#PeopleMedia #မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 



Share this post