• Follow Us on

Home တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံများကို ဗိုလ်ကျစိုးမိုးခြင်းကို မည်သည့်အခါမှ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်းနှင့် မည်သည့်အခါမျှ လုပ်ဆောင်သွားလိမ့်မည်မဟုတ်ကြောင်း သမ္မတရှီကျင့်ဖိန်ပြောဆို

တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံများကို ဗိုလ်ကျစိုးမိုးခြင်းကို မည်သည့်အခါမှ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်းနှင့် မည်သည့်အခါမျှ လုပ်ဆောင်သွားလိမ့်မည်မဟုတ်ကြောင်း သမ္မတရှီကျင့်ဖိန်ပြောဆို

Share this post

ရန်ကုန်၊ စက်တင်ဘာ ၂၂ (People Media)

 

တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံများကို ကျူးကျော်ဝင်ရောက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ဗိုလ်ကျစိုးမိုးခြင်းကို မည် သည့်အခါမျှ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်းနှင့် မည်သည့်အခါမျှ လုပ်ဆောင်သွားလိမ့်မည်မဟုတ်ကြောင်း သမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနမှ ဖော်ပြထားသည်။

 

စက်တင်ဘာ ၂၁ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အထွေ ထွေဆွေးနွေးပွဲကို ဗီဒီယိုရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောကြားစဉ် ၎င်းမှထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သည်။

 

၎င်းမှ “တရုတ်ပြည်သူတွေဟာ ငြိမ်းချမ်းမှု၊ ချစ်ကြည်မှုနဲ့ သဟဇာတဖြစ်မှုအမြင်တွေကို အမြဲတမ်းဆုပ်ကိုင်ထား ကျင့်သုံးခဲ့ပါတယ်” ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

 

ထို့အပြင် ဒီမိုကရေစီစနစ်သည် နိုင်ငံတစ်နိုင်ငံတည်းအတွက် အထူးသီးသန့်မူပိုင်ခွင့်မဟုတ်ကြောင်းနှင့် နိုင်ငံ အားလုံး၏ ပြည်သူများအတွက် ပျော်ရွှင်ချမ်းမြေ့ပိုင်ခွင့်တစ်ခုသာဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖိန်မှ ပြော ကြားခဲ့သည်။

 

Photo – ဆင်ဟွာ

 

#PeopleMedia #တရုတ် #သမ္မတ #ရှီကျင့်ဖိန်

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 



Share this post