• Follow Us on
Latest News

Home တရုတ်နိုင်ငံတောင်ပိုင်း စက်လှေတိမ်းမှောက်မှုတွင် ရှစ်ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိ

တရုတ်နိုင်ငံတောင်ပိုင်း စက်လှေတိမ်းမှောက်မှုတွင် ရှစ်ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၁ (People Media)

 

တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီကျောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပိုင်ဟိုင်းမြို့တော်အလွန်၌ ယမန်နေ့ နံနက်ပိုင်းက စက်လှေတစ်စင်း တိမ်းမှောက်ခဲ့ရာ လူရှစ်ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရ အာဏာပိုင်များက ပြောကြားသည်။

 

လူ ၆၁ ဦးပါ စက်လှေက ငါးဖမ်းဆီးပြီးပြန်လာစဉ် ပိုင်ဟိုင်းမြို့တော် တီရှန်ဂန်ခရိုင် ကမ်းလွန်ဧရိယာ၌ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

 

စက်လှေတိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး လက်ရှိအချိန်တွင် ၎င်းတို့က ဆေးကုသမှုခံယူလျက်ရှိသည်။

 

ယနေ့နံနက် ၇ နာရီအထိ ပင်လယ်အတွင်း ရေနစ်မြှုပ်ခဲ့သူများကို ကယ်ဆယ်ခဲ့ပြီး ပြည်သူ့လုံခြုံရေး အာဏာပိုင်များက စက်လှေပေါ်ပါ စက်လှေပိုင်ရှင်အား ဖမ်းဆီးခဲ့သည်။

 

စက်လှေတိမ်းမှောက်မှုနှင့်ပတ်သက်သော အသေးစိတ်စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

 

Ref; 8 dead, 13 injured after boat capsizes in south China

 

#PeopleMedia #EPN #international #တရုတ်

 

(unicode)


…………………………………………………

 


 


 


 


 


 


 

Ref; 8 dead, 13 injured after boat capsizes in south China

 



Share this post