• Follow Us on

Home တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဆိုင်ရာ အထူးသံတမန် ဆွန်းကော်ရှန်သည်  မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးစဉ် လာရောက်ပြီးနောက် မြန်မာနိုင်ငံတွင် လူမှုတည်ငြိမ်ရေးပြန်လည်ရရှိရန် တရုတ်နိုင်ငံမှ နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ လုပ်ဆောင်သွားမည်ဟုဆို

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဆိုင်ရာ အထူးသံတမန် ဆွန်းကော်ရှန်သည်  မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးစဉ် လာရောက်ပြီးနောက် မြန်မာနိုင်ငံတွင် လူမှုတည်ငြိမ်ရေးပြန်လည်ရရှိရန် တရုတ်နိုင်ငံမှ နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ လုပ်ဆောင်သွားမည်ဟုဆို

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁ (People Media)

 

မြန်မာနိုင်ငံတွင် လူမှုတည်ငြိမ်ရေးပြန်လည်ရရှိရန် တရုတ်နိုင်ငံမှ နိုင်ငံတကာအသိုင်းနှင့်အတူ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူမှ သြဂုတ်လ ၃၁ ရက်နေ့တွင် ပြောကြား ခဲ့သည်။

 

မကြားသေးခင်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဆိုင်ရာ အထူးသံတမန် ဆွန်းကော်ရှန်၏ မြန်မာ နိုင်ငံအလည်အပတ်ခရီးစဉ်နှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေး ဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြပါရှိ သည်။

 

၎င်းမှ တရုတ်-မြန်မာနှစ်နိုင်ငံသည် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုရှိသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်သော ချစ်ကြည်ရင်းနှီးမှုမူဝါဒသည် မြန်မာပြည်သူအားလုံးအပေါ် ရည်ရွယ်ကြောင်းဆိုသည်။

 

ထို့အပြင် အာဆီယံ၏မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ၅ ရပ်ကိုအကောင်အထည်ဖော်ဆောင်ရွက်မှုကို တရုတ် နိုင်ငံမှတက်ကြွစွာ အားပေးထောက်ခံကြောင်းနှင့် မလျော်ကန်သော ပြည်ပဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ကြောင်းကိုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြော ရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက ပြောကြားခဲ့ သည်။

 

ဆက်လက်ပြီး မြန်မာနိုင်ငံတွင် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံမှ ဆက်လက်ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ကပ်ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် နှစ်နိုင်ငံပြည်သူများ၏ ပြည်သူ့ကျန်းမာ ရေးနှင့် ဘေးကင်းလုံခြုံရေးကို ထိန်းသိမ်းသွားရန် ပူးတွဲဆောင်ရွက်မှုကို မြှင့်တင်သွားမည်ဟု ၎င်းမှပြောကြားခဲ့ သည်။

 

မြန်မာနိုင်ငံဘက်မှလည်း တည်ငြိမ်မှုထိန်းသိမ်းရေး၊ COVID-19 ရောဂါတိုက်ဖျက်ရေး၊ စီးပွားရေးပြန်လည်သက် ဝင်လှုပ်ရှားရေးနှင့် ပြည်သူများ၏ လူမှုဘဝတိုးတက်ရေးအတွက် ၎င်းတို့၏ကတိကဝတ်များအပေါ်အလေးထား ပြောကြားခဲ့ပြီး တရုတ်နိုင်ငံနှင့် အာဆီယံနှင့်အတူ အနီးကပ်ချိတ်ဆက်ဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ကို မျှော်လင့်ကြောင်းများ ပြောကြားခဲ့ကြသည်ဟု ဆိုသည်။

 

#PeopleMedia #တရုတ် #မြန်မာ #ဆင်ဟွာ

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 


 



Share this post