• Follow Us on
Latest News

Home တ႐ုတ္နိုင္ငံ၊ေပက်င္းၿမိဳ့ေတာ္အနီး ကိုဗစ္-၁၉ ကူးစက္မွု ျပန္လည္ျမင့္တက္လာသျဖင့္ ေလာ့ေဒါင္းျပဳလုပ္

တ႐ုတ္နိုင္ငံ၊ေပက်င္းၿမိဳ့ေတာ္အနီး ကိုဗစ္-၁၉ ကူးစက္မွု ျပန္လည္ျမင့္တက္လာသျဖင့္ ေလာ့ေဒါင္းျပဳလုပ္

Share this post

၂၀၂၀၊ ဇြန္ ၂၉

တ႐ုတ္နိုင္ငံ၊ ေပက်င္းၿမိဳ့အနီး၌ မၾကာေသးမီရက္မ်ားအတြင္း ကိုဗစ္- ၁၉ကူးစက္မွု အနည္းငယ္ ျမင့္ တက္လာၿပီးေနာက္ တင္းက်ပ္သည့္ အစီအမံမ်ားကို ျပန္လည္ခ်မွတ္လိုက္ၿပီျဖစ္ရာ လူေပါင္း ၄၀၀၀၀၀ ဝန္းက်င္ ကို အက်ိဳးသက္ေရာက္ေစခဲ့သည္။

ေပက်င္းၿမိဳ့ေတာ္အနီး ဟီေဘးျပည္နယ္၊ အန္ဇင္စီရင္စုတြင္ ကန္႔သတ္ခ်က္မ်ား အသက္ဝင္လာခဲ့ၿပီျဖစ္သည္။ ၿပီး ခဲ့သည့္ႏွစ္ကုန္ပိုင္းက တ႐ုတ္နိုင္ငံ၌ ကူးစက္ေရာဂါျဖစ္ပြားၿပီးေနာက္ပိုင္း တိုင္းျပည္တြင္း ဗိုင္းရပ္စ္ကူးစက္သစ္ နည္းပါးေအာင္ စီမံနိုင္ခဲ့သည္။

ဒုတိယလွိုင္းကို ေရွာင္ရွားရန္အတြက္ အလြန္ေသးငယ္သည့္ ကူးစက္မွုမ်ားကို အေလးအနက္ထားသင့္ေၾကာင့္ တ ႐ုတ္နိုင္ငံ က်န္းမာေရးအာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။

အန္ဇင္စီရင္စုကို အျပည့္အဝထိန္းခ်ဳပ္မည္ျဖစ္ေၾကာင္း တာဝန္ရွိသူမ်ားက တနဂၤေႏြေန႔က ေၾကညာခဲ့သည္။ အ ဆိုပါကန႔္သတ္ခ်က္မ်ားက ယခုႏွစ္အေစာပိုင္း ဝူဟန္ၿမိဳ့တြင္ ေရာဂါျဖစ္ပြားခဲ့ခ်ိန္က ခ်မွတ္ခဲ့သည့္ ကန႔္သတ္ခ်က္ မ်ားအတိုင္းျဖစ္သည္။

မရွိမျဖစ္လိုအပ္သည့္ အလုပ္သမားမ်ားသာ ၎တို့၏ ေနအိမ္မွ ထြက္ခြာခြင့္ရွိၿပီး အိမ္ေထာင္စုတစ္ခုတြင္ လိုအပ္ သည္မ်ား ဝယ္ယူရန္အတြက္ တစ္ေန႔လ်င္ တစ္ႀကိမ္သာ ေဈးဝယ္ခြင့္ရွိမည္ျဖစ္သည္။

လြန္ခဲ့သည့္ႏွစ္ပတ္အတြင္းက ေပက်င္းၿမိဳ့ေတာ္တြင္ ကူးစက္မွုမ်ား မ်ားျပားလာခဲ့ၿပီး အန္ဇင္စီရင္စုတြင္ ကူးစက္ မွု ၁၈ခု ျဖစ္ပြားခဲ့ေၾကာင္း တ႐ုတ္မီဒီယာမ်ားက ေျပာၾကားခဲ့သည္။

ကိုးကား ။ ။ အင္န္အိတ္ခ်္ေက

Ref; Hebei: China locks down 400,000 people after virus spike near Beijing

(unicode)
တရုတ်နိုင်ငံ၊ပေကျင်းမြို့တော်အနီး ကိုဗစ်-၁၉ ကူးစက်မှု ပြန်လည်မြင့်တက်လာသဖြင့် လော့ဒေါင်းပြုလုပ်
………………………………………………

၂၀၂၀၊ ဇွန် ၂၉

တရုတ်နိုင်ငံ၊ ပေကျင်းမြို့အနီး၌ မကြာသေးမီရက်များအတွင်း ကိုဗစ်- ၁၉ကူးစက်မှု အနည်းငယ် မြင့် တက်လာပြီးနောက် တင်းကျပ်သည့် အစီအမံများကို ပြန်လည်ချမှတ်လိုက်ပြီဖြစ်ရာ လူပေါင်း ၄၀၀၀၀၀ ဝန်းကျင် ကို အကျိုးသက်ရောက်စေခဲ့သည်။

ပေကျင်းမြို့တော်အနီး ဟီဘေးပြည်နယ်၊ အန်ဇင်စီရင်စုတွင် ကန့်သတ်ချက်များ အသက်ဝင်လာခဲ့ပြီဖြစ်သည်။ ပြီး ခဲ့သည့်နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံ၌ ကူးစက်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း တိုင်းပြည်တွင်း ဗိုင်းရပ်စ်ကူးစက်သစ် နည်းပါးအောင် စီမံနိုင်ခဲ့သည်။

ဒုတိယလှိုင်းကို ရှောင်ရှားရန်အတွက် အလွန်သေးငယ်သည့် ကူးစက်မှုများကို အလေးအနက်ထားသင့်ကြောင့် တ ရုတ်နိုင်ငံ ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။

အန်ဇင်စီရင်စုကို အပြည့်အဝထိန်းချုပ်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက တနင်္ဂနွေနေ့က ကြေညာခဲ့သည်။ အ ဆိုပါကန့်သတ်ချက်များက ယခုနှစ်အစောပိုင်း ဝူဟန်မြို့တွင် ရောဂါဖြစ်ပွားခဲ့ချိန်က ချမှတ်ခဲ့သည့် ကန့်သတ်ချက် များအတိုင်းဖြစ်သည်။

မရှိမဖြစ်လိုအပ်သည့် အလုပ်သမားများသာ ၎င်းတို့၏ နေအိမ်မှ ထွက်ခွာခွင့်ရှိပြီး အိမ်ထောင်စုတစ်ခုတွင် လိုအပ် သည်များ ဝယ်ယူရန်အတွက် တစ်နေ့လျင် တစ်ကြိမ်သာ ဈေးဝယ်ခွင့်ရှိမည်ဖြစ်သည်။

လွန်ခဲ့သည့်နှစ်ပတ်အတွင်းက ပေကျင်းမြို့တော်တွင် ကူးစက်မှုများ များပြားလာခဲ့ပြီး အန်ဇင်စီရင်စုတွင် ကူးစက် မှု ၁၈ခု ဖြစ်ပွားခဲ့ကြောင်း တရုတ်မီဒီယာများက ပြောကြားခဲ့သည်။

ကိုးကား ။ ။ အင်န်အိတ်ခ်ျကေ

Ref; Hebei: China locks down 400,000 people after virus spike near Beijing


Share this post