• Follow Us on

Home တရုတ်နိုင်ငံ၌ ကိုဗစ်ရောဂါပိုးရှိသူ မိခင်မှ ကလေးသုံးမြွှာပူးမွေးဖွား

တရုတ်နိုင်ငံ၌ ကိုဗစ်ရောဂါပိုးရှိသူ မိခင်မှ ကလေးသုံးမြွှာပူးမွေးဖွား

Share this post

နေပြည်တော်၊ သြဂုတ် ၁၃ (People Media)

 

တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ဆေးရုံကွာရန်တင်းဧရိယာ၌ ကိုဗစ်ရောဂါပိုးရှိသူ မိခင်မှာ သြဂုတ် ၁၁ ရက် နံနက်ပိုင်းတွင် ကလေးသုံးမြွှာပူး မွေးဖွားခဲ့ကြောင်း ယူနန်ပြည်နယ် ကျန်းမာရေးကော်မရှင်မှ သြဂုတ်လ ၁၂ ရက်တွင် ထုတ်ပြန်ထားပါတယ်။

 

တရုတ်နိုင်ငံတွင် ပထမဦးဆုံးလည်းဖြစ်ပြီး မွေးကင်းစကလေးများ၏ Nucleic acid စစ်ဆေးမှုမှာလည်း ရေမွှာအရည်၊ အာခေါင်တို့ဖတ်နှင့် အစာချေအရည်များကို နမူနာယူခဲ့ရာ အားလုံး၌ ရောဂါပိုး မတွေ့ရှိကြောင်း ဖော်ပြထားပါတယ်။

 

အဆိုပါအမျိုးသမီးမှာ အသက်၂၉ နှစ်အရွယ်ဖြစ်ပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ဇူလိုင် ၉ ရက်တွင် ကိုဗစ်အတည်ပြုလူနာအဖြစ် ဆေးရုံတတ်ခဲ့ပြီး ဇူလိုင် ၁၂ ရက်တွင် ၎င်း၏အခြေအနေမှာ ရောဂါပြင်းထန်လာ ရာ သြဂုတ် ၁၁ ရက်တွင် ထိုအမျိုးသမီးကို အကာအကွယ်ဝတ်စုံများနှင့် အသက်ရှုစက်များဖြင့် တပ်ဆင်ကာ ဆရာဝန်များက ဗိုက်ခွဲမွေးဖွားပေးခဲ့ရာ နံနက် ၁၀ နာရီတွင် ကလေးသုံးမြွာပူးမွေးဖွားခဲ့ပါတယ်။

 

ဆရာဝန်များက သုံးမြွာပူးကလေးများအား တည်တည်ငြိမ်ငြိမ် အသက်ရှုနိုင်ရန်နှင့် ကလေးများကြီးထွားဖွံံ့ဖြိုးမှု တိုးတတ်စေရန်အတွက် အာဟာရကျွေးမွေးခြင်းများကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။

 

#PeopleMedia #တရုတ် #ရွှေလီ

 

(unicode)


……………………………………………………………

 


 


 


 


 


 



Share this post