• Follow Us on

Home တ႐ုတ္နိုင္ငံ၌ ေက်ာက္မီးေသြးမိုင္း ဓာတ္ေငြ႕ယိုစိမ့္မႈျဖစ္ပြားရာ မိုင္းလုပ္သား ၁၈ ဦး ေသဆုံး

တ႐ုတ္နိုင္ငံ၌ ေက်ာက္မီးေသြးမိုင္း ဓာတ္ေငြ႕ယိုစိမ့္မႈျဖစ္ပြားရာ မိုင္းလုပ္သား ၁၈ ဦး ေသဆုံး

Share this post

နိုင္ငံတကာ၊ ဒီဇင္ဘာ ၅

တ႐ုတ္နိုင္ငံ အေနာက္ေတာင္ပိုင္းရွိ ေက်ာက္မီးေသြး မိုင္းတစ္ခု၌ ကာဗြန္မိုေနာက္ဆိုဒ္ ဓာတ္ေငြ႕ယိုစိမ့္မႈ တစ္ခု ျဖစ္ပြားခဲ့ရာ ယေန႔ မိုင္းလုပ္သား ၁၈ ဦး ေသဆုံးခဲ့ၿပီး ေျမေအာက္၌ ပိတ္မိေနသူ ငါးဦးအား ကယ္ဆယ္ရန္ ႀကိဳးပမ္းေနေၾကာင္း နိုင္ငံပိုင္မီဒီယာ မ်ားက ေဖာ္ျပသည္။

ယမန္ေန႔က ခ်ဳံက်င္းၿမိဳ႕ေတာ္ရွိ တိုင္ေရႊတုန္ ေက်ာက္မီးေသြးမိုင္း၌ ဓာတ္ေငြ႕ယိုစိမ့္မႈ ျဖစ္ပြားခဲ့ရာ မိုင္း လုပ္သား ၂၄ ဦး ေျမေအာက္၌ ပိတ္မိသြားခဲ့ေၾကာင္း စီစီတီဗြီ႐ုပ္သံဌာနက ေဖာ္ျပသည္။

ယေန႔နံနက္ပိုင္းတြင္ အသက္ရွင္သူတစ္ဦးႏွင့္ ေသဆုံးသူ ၁၈ ဦးကို ေတြ႕ရွိခဲ့ေၾကာင္း အဆိုပါ႐ုပ္သံဌာန က ေဒသႏၲရ အေရးေပၚကယ္ဆယ္ေရးကြပ္ကဲမႈဌာနအား ကိုးကား၍ ေျပာၾကားသည္။

အလုပ္သမားမ်ားက ေျမေအာက္ သတၳဳတူးေဖာ္ေရးကိရိယာမ်ားကို ျဖဳတ္သိမ္းေနစဥ္ ဓာတ္ေငြ႕ယိုစိမ့္မႈ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ေက်ာက္မီးေသြး မိုင္းကို ၿပီးခဲ့သည့္ႏွစ္လက ပိတ္ထားခဲ့ေၾကာင္း စီစီတီဗြီ႐ုပ္သံဌာနက ဆို သည္။

စုံစမ္းစစ္ေဆးေရးမႉးမ်ားက အခင္းျဖစ္ပြားရသည့္အေၾကာင္းရင္းကို ေဖာ္ထုတ္ရန္ လုပ္ေဆာင္ေန ေၾကာင္း၊ ၂၀၁၃ ခုႏွစ္ကလည္း အဆိုပါေက်ာက္မီးေသြးမိုင္း၌ မေတာ္တဆမႈတစ္ခု ျဖစ္ပြားခဲ့ရာ လူသုံးဦး ေသဆုံး ခဲ့ေၾကာင္း ဆင္ဟြာသတင္းဌာနက ေဖာ္ျပသည္။

တ႐ုတ္နိုင္ငံ၌ သတၳဳမိုင္းမ်ား၌ မေတာ္တဆျဖစ္ရပ္မ်ား မၾကာခဏဆိုသလို ျဖစ္ပြားေလ့ရွိသည္။ ၿပီးခဲ့ သည့္ စက္တင္ဘာလအတြင္းကလည္း ခ်ဳံက်င္းၿမိဳ႕ ဆင္ေျခဖုံးေဒသရွိ သတၳဳမိုင္းတစ္ခု၌ မီးေလာင္မႈတစ္ခု ျဖစ္ ပြားခဲ့ရာ အလုပ္သမား ၁၆ ဦး ေသဆုံးခဲ့သည္။

ကိုးကား – စထရိတ္တိုင္းမ္

Ref; 18 Chinese miners killed in underground gas leak

(unicode)
တရုတ်နိုင်ငံ၌ ကျောက်မီးသွေးမိုင်း ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားရာ မိုင်းလုပ်သား ၁၈ ဦး သေဆုံး
………………………………………………………………

နိုင်ငံတကာ၊ ဒီဇင်ဘာ ၅

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကျောက်မီးသွေး မိုင်းတစ်ခု၌ ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ယိုစိမ့်မှု တစ်ခု ဖြစ်ပွားခဲ့ရာ ယနေ့ မိုင်းလုပ်သား ၁၈ ဦး သေဆုံးခဲ့ပြီး မြေအောက်၌ ပိတ်မိနေသူ ငါးဦးအား ကယ်ဆယ်ရန် ကြိုးပမ်းနေကြောင်း နိုင်ငံပိုင်မီဒီယာ များက ဖော်ပြသည်။

ယမန်နေ့က ချုံကျင်းမြို့တော်ရှိ တိုင်ရွှေတုန် ကျောက်မီးသွေးမိုင်း၌ ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားခဲ့ရာ မိုင်း လုပ်သား ၂၄ ဦး မြေအောက်၌ ပိတ်မိသွားခဲ့ကြောင်း စီစီတီဗွီရုပ်သံဌာနက ဖော်ပြသည်။

ယနေ့နံနက်ပိုင်းတွင် အသက်ရှင်သူတစ်ဦးနှင့် သေဆုံးသူ ၁၈ ဦးကို တွေ့ရှိခဲ့ကြောင်း အဆိုပါရုပ်သံဌာန က ဒေသန္တရ အရေးပေါ်ကယ်ဆယ်ရေးကွပ်ကဲမှုဌာနအား ကိုးကား၍ ပြောကြားသည်။

အလုပ်သမားများက မြေအောက် သတ္ထုတူးဖော်ရေးကိရိယာများကို ဖြုတ်သိမ်းနေစဉ် ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောက်မီးသွေး မိုင်းကို ပြီးခဲ့သည့်နှစ်လက ပိတ်ထားခဲ့ကြောင်း စီစီတီဗွီရုပ်သံဌာနက ဆို သည်။

စုံစမ်းစစ်ဆေးရေးမှူးများက အခင်းဖြစ်ပွားရသည့်အကြောင်းရင်းကို ဖော်ထုတ်ရန် လုပ်ဆောင်နေ ကြောင်း၊ ၂၀၁၃ ခုနှစ်ကလည်း အဆိုပါကျောက်မီးသွေးမိုင်း၌ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူသုံးဦး သေဆုံး ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

တရုတ်နိုင်ငံ၌ သတ္ထုမိုင်းများ၌ မတော်တဆဖြစ်ရပ်များ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိသည်။ ပြီးခဲ့ သည့် စက်တင်ဘာလအတွင်းကလည်း ချုံကျင်းမြို့ ဆင်ခြေဖုံးဒေသရှိ သတ္ထုမိုင်းတစ်ခု၌ မီးလောင်မှုတစ်ခု ဖြစ် ပွားခဲ့ရာ အလုပ်သမား ၁၆ ဦး သေဆုံးခဲ့သည်။

ကိုးကား – စထရိတ်တိုင်းမ်

Ref; 18 Chinese miners killed in underground gas leak


Share this post