• Follow Us on

Home တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်နေသည့် ကွမ်းလုံတံတားကြီး ၂၀၂၃ ခုနှစ် ဇွန်လ၌ ပြီးစီးမည်

တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်နေသည့် ကွမ်းလုံတံတားကြီး ၂၀၂၃ ခုနှစ် ဇွန်လ၌ ပြီးစီးမည်

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ (People Media)

 

ရှမ်းပြည်နယ်၊ ကွမ်းလုံမြို့၌  တရုတ်နိုင်ငံ၏ အကူအညီဖြင့် အကောင်ထည်ဖော်ဆောင်ရွက်နေသည့် ကွမ်းလုံ တံတားကြီးစီမံကိန်းကို ၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် တည်ဆောက်ပြီးစီးရန် စီစဉ်ထားကြောင်း မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။

 

ကွမ်းလုံတံတားကြီးစီမံကိန်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က စတင်တည်ဆောက်ခဲ့ပြီး၊  စီမံ ကိန်း၌ ကွမ်းလုံတံတားအသစ်တည်ဆောက်ခြင်းနှင့် ကမ်းနှစ်ဖက်ဆက်သွယ်သောလမ်း ပါဝင်ကာ ၎င်းအနက် ကွမ်းလုံတံတားသစ်၏ အရှည်မှာ ၂၈၆ မီတာခန့်ရှိပြီး ကမ်းနှစ်ဖက် ဆက်သွယ်သောလမ်း အရှည်မှာ ၄.၃ ကီလိုမီတာခန့်ရှိကြောင်း သိရသည်။

 

စီမံကိန်း စုစုပေါင်းဆောက်လုပ်ရေးကာလမှာ လပေါင်း ၃၀ ဖြစ်ပြီး၊ လက်ရှိတွင် တံတားဆောက်လုပ်ရေး၊ တံတားချဉ်းကပ်လမ်းတည်ဆောက်ခြင်းတို့ကို စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

တံတားကြီး တည်ဆောက်ပြီးစီးပါက မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တရုတ်နိုင်ငံ ယူနန် နယ် စပ်ဒေသများတွင် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးအခြေအနေများ များစွာ ပိုမိုကောင်းမွန်လာစေပြီး၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု အရည်အသွေး အဆင့်မြှင့်တင်ရန်နှင့် တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း တရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။

 

#PeopleMedia #ကွမ်းလုံတံတားကြီးစီမံကိန်း #တရုတ်_မြန်မာ

 

(unicode)


………………………………………………………

 


 


 


 


 


 



Share this post