• Follow Us on
Latest News

Home တရုတ်နိုင်ငံ၏ ရေတပ်အင်အားကိုတန်ပြန်ရန် ဂျပန်၊ အမေရိကန်နှင့် ပြင်သစ်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်

တရုတ်နိုင်ငံ၏ ရေတပ်အင်အားကိုတန်ပြန်ရန် ဂျပန်၊ အမေရိကန်နှင့် ပြင်သစ်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၂ (People Media)
ဂျပန်ပင်လယ်ရေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့က ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ကျူးရှုးကျွန်း အလွန် ရေပိုင်နက်အတွင်း အမေရိကန်၊ ပြင်သစ်ရေတပ်များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ် လုပ်ဆောင်လိုက်သည်။
ဆီတင်သင်္ဘော ဟာမာနာ၊ အမေရိကန်ဖျက်သင်္ဘော ကာတစ်ဝီလ်ဘာနှင့် ပြင်သစ်ရေတပ်မှ ဖရီးဂိတ် သင်္ဘော ပရိုင်ရီယယ်တို့က ပင်လယ်ပြင်၌ ရေတပ်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့က ပြောသည်။
ဂျပန်နှင့်ပြင်သစ်နိုင်ငံတို့က ACSA ခေါ် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို လက်မှတ်ရေး ထိုးခဲ့သည်။ အဆိုပါစာချုပ်အရ နှစ်နိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့များက အစားအသောက်၊ လောင်စာနှင့် ခဲယမ်းမီး ကျောက်ကဲ့သို့ ပစ္စည်းကိရိယာများ အပြန်အလှန် ထောက်ပံ့ခွင့်ရှိသည်။
ပင်လယ်ပြင်၌ ယခုကဲ့သို့သုံးနိုင်ငံ စစ်ရေးလေ့ကျင့်မှုက အဆိုပါသဘောတူညီချက်အရ ပထမဆုံးပြုလုပ် သော စစ်ရေးလေ့ကျင့်မှုဖြစ်သည်။
စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်သည့် ပြင်သစ်ရေတပ်မှ ဖရီးဂိတ်စစ်သင်္ဘောကို မြောက်ကိုရီးယားနိုင်ငံ၏ သင်္ဘောအချင်းချင်းလွှဲပြောင်းမှုများ စောင့်ကြည့်ရန် ယခုလအတွင်း အရှေ့တရုတ်ပင်လယ်သို့ စေလွှတ်ခဲ့ခြင်းဖြစ် သည်။
ပူးတွဲရေတပ်လေ့ကျင့်မှု၏ အဓိကရည်ရွယ်ချက်မှာ တရုတ်နိုင်ငံက ပင်လယ်ရေကြောင်း လှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိရာ သုံးနိုင်ငံကြား ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု ပြသရန်ဖြစ်သည်။
ကိုးကား – အန်အိတ်ချ်ကေ
Ref; Japan, US, France hold joint marine drill
(unicode)
…………………………………………………..
Ref; Japan, US, France hold joint marine drill


Share this post