• Follow Us on

Home တ႐ုတ္နိုင္ငံႏွင့္ ကုန္သြယ္ေရးဆက္ဆံမႈကို အေမရိကန္ ေရြးေကာက္ခံသမၼတ ဂ်ိဳးဘိုင္ဒင္ ဦးစားေပးမည္

တ႐ုတ္နိုင္ငံႏွင့္ ကုန္သြယ္ေရးဆက္ဆံမႈကို အေမရိကန္ ေရြးေကာက္ခံသမၼတ ဂ်ိဳးဘိုင္ဒင္ ဦးစားေပးမည္

Share this post

နိုင္ငံတကာ၊ ဒီဇင္ဘာ ၁၃ (People Media)
 
အေမရိကန္အစိုးရသစ္က တ႐ုတ္နိုင္ငံႏွင့္ ကုန္သြယ္ေရးဆက္ဆံမႈ ျပင္ဆင္ရန္ ဦးစားေပးေဆာင္ရြက္ မည္ဟု ေရြးေကာက္ခံသမၼတ ဂ်ိဳးဘိုင္ဒင္က ေျပာၾကားလိုက္သည္။
 
အေမရိကန္နိုင္ငံက တ႐ုတ္နိုင္ငံႏွင့္ကုန္သြယ္မႈျပဳရာတြင္ မမၽွတဟု ေျပာၾကားခဲ့ၿပီး အသိဉာဏမူပိုင္ခြင့္ ခ်ိဳးေဖာက္မႈမ်ား ကိုင္တြယ္ေျဖရွင္းရန္ ႀကိဳးပမ္းခဲ့သည္။
 
ဂ်ိဳးဘိုင္ဒင္က အေမရိကန္အစိုးရသစ္တြင္ ခန္႔အပ္ရန္ ေရြးခ်ယ္ထားသူအခ်ိဳ႕ႏွင့္အတူ ဒီလာဝဲျပည္နယ္၊ ဝီလ္မင္တန္ၿမိဳ႕၌ သတင္းစာရွင္းလင္းပြဲတစ္ရပ္ ျပဳလုပ္ခဲ့သည္။
 
ဂ်ိဳးဘိုင္ဒင္က အေမရိကန္ ကုန္သြယ္ေရးကိုယ္စားလွယ္အျဖစ္ အာရွႏြယ္ဖြား ကက္သရင္းတိုင္ကို ေရြးခ်ယ္ခဲ့သည္။
 
ကက္သရင္းတိုင္က စီးပြားေရး၊ အမ်ိဳးသားလုံျခဳံေရးႏွင့္ နိုင္ငံျခားေရးမူဝါဒအဖြဲ႕မ်ားႏွင့္ အနီးကပ္ လက္ တြဲေဆာင္ရြက္မည္ဟု ဂ်ိဳးဘိုင္ဒင္က ေျပာသည္။
အေမရိကန္နိုင္ငံႏွင့္ ကမၻာႀကီးကို ပိုမိုေကာင္းမြန္ေအာင္ ႀကိဳး ပမ္းေဆာင္ရြက္မည့္ အစိုးရတစ္ရပ္တြင္ တာဝန္ထမ္းေဆာင္ရသည့္အတြက္ ဂုဏ္ယူမိေၾကာင္း ကက္သရင္းတိုင္က ေျပာသည္။
 
သမၼတေဟာင္း ဘားရတ္အိုဘားမားလက္ထက္တြင္ အမ်ိဳးသားလုံျခဳံေရးအႀကံေပးတစ္ဦးအျဖစ္ တာဝန္ ယူခဲ့သူ ဆူဆန္ရိုက္စ္အား အိမ္ျဖဴေတာ္ ျပည္တြင္းမူဝါဒေကာင္စီကိုဦးေဆာင္ရန္ လ်ာထားသည္။
 
ကပ္ေရာဂါ၊ လူမ်ိဳးေရးခြဲျခားမႈႏွင့္ မမၽွတမႈကဲ့သို႔ေသာ အက်ပ္အတည္းမ်ား ရင္ဆိုင္ေနရသည့္ အေမရိကန္နိုင္ငံအေနျဖင့္ လက္တြဲေဆာင္ရြက္ရန္ လိုအပ္ေၾကာင္း ဆူဆန္ရိုက္စ္က ေျပာသည္။
 
ကိုးကား – အင္န္ အိတ္ခ်္ေက
 
Ref; Biden to prioritize trade ties with China
 
(unicode)
တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးဆက်ဆံမှုကို အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင် ဦးစားပေးမည်
……………………………………………
 
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၃ (People Media)
 
အမေရိကန်အစိုးရသစ်က တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးဆက်ဆံမှု ပြင်ဆင်ရန် ဦးစားပေးဆောင်ရွက် မည်ဟု ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားလိုက်သည်။
 
အမေရိကန်နိုင်ငံက တရုတ်နိုင်ငံနှင့်ကုန်သွယ်မှုပြုရာတွင် မမျှတဟု ပြောကြားခဲ့ပြီး အသိဉာဏမူပိုင်ခွင့် ချိုးဖောက်မှုများ ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းခဲ့သည်။
 
ဂျိုးဘိုင်ဒင်က အမေရိကန်အစိုးရသစ်တွင် ခန့်အပ်ရန် ရွေးချယ်ထားသူအချို့နှင့်အတူ ဒီလာဝဲပြည်နယ်၊ ဝီလ်မင်တန်မြို့၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
 
ဂျိုးဘိုင်ဒင်က အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်အဖြစ် အာရှနွယ်ဖွား ကက်သရင်းတိုင်ကို ရွေးချယ်ခဲ့သည်။
 
ကက်သရင်းတိုင်က စီးပွားရေး၊ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒအဖွဲ့များနှင့် အနီးကပ် လက် တွဲဆောင်ရွက်မည်ဟု ဂျိုးဘိုင်ဒင်က ပြောသည်။
အမေရိကန်နိုင်ငံနှင့် ကမ္ဘာကြီးကို ပိုမိုကောင်းမွန်အောင် ကြိုး ပမ်းဆောင်ရွက်မည့် အစိုးရတစ်ရပ်တွင် တာဝန်ထမ်းဆောင်ရသည့်အတွက် ဂုဏ်ယူမိကြောင်း ကက်သရင်းတိုင်က ပြောသည်။
 
သမ္မတဟောင်း ဘားရတ်အိုဘားမားလက်ထက်တွင် အမျိုးသားလုံခြုံရေးအကြံပေးတစ်ဦးအဖြစ် တာဝန် ယူခဲ့သူ ဆူဆန်ရိုက်စ်အား အိမ်ဖြူတော် ပြည်တွင်းမူဝါဒကောင်စီကိုဦးဆောင်ရန် လျာထားသည်။
 
ကပ်ရောဂါ၊ လူမျိုးရေးခွဲခြားမှုနှင့် မမျှတမှုကဲ့သို့သော အကျပ်အတည်းများ ရင်ဆိုင်နေရသည့် အမေရိကန်နိုင်ငံအနေဖြင့် လက်တွဲဆောင်ရွက်ရန် လိုအပ်ကြောင်း ဆူဆန်ရိုက်စ်က ပြောသည်။
 
ကိုးကား – အင်န် အိတ်ချ်ကေ
 
Ref; Biden to prioritize trade ties with China

Share this post