• Follow Us on

Home တ႐ုတ္နဲ႔နယ္စပ္တင္းမာမႈေတြ႐ွိေနတဲ့လာဒါ့ေဒသမွာ ေလေၾကာင္း ကာကြယ္ေရးဒံုးပ်ံစနစ္ေတြ အိႏၵိယျဖန္႔က်က္ေနရာခ်

တ႐ုတ္နဲ႔နယ္စပ္တင္းမာမႈေတြ႐ွိေနတဲ့လာဒါ့ေဒသမွာ ေလေၾကာင္း ကာကြယ္ေရးဒံုးပ်ံစနစ္ေတြ အိႏၵိယျဖန္႔က်က္ေနရာခ်

Share this post

တ႐ုတ္ႏိုင္ငံနဲ႔ နယ္စပ္တင္းမာမႈေတြ႐ွိေနတဲ့ လာဒါ့ေဒသမွာ တံု႔ျပန္မႈျမန္ဆန္တဲ့အဆင့္ျမင့္ေလေၾကာင္းရန္ကာကြယ္ေရးဒံုးပ်ံစနစ္ အာကတ္႐ွ္ေတြကို အိႏိၵယဘက္က ျဖန္႔က်က္ေနရာခ်ထားပါတယ္။

တ႐ုတ္နဲ႔အိႏိၵယကိုျခားေပးထားတဲ့အမွန္တကယ္ထိန္းခ်ဳပ္နယ္ေျမမ်ဥ္းတစ္ေလွ်ာက္မွာ တ႐ုတ္ရဲ႕ တိုက္ေလယာဥ္နဲ႔ ရဟတ္ယာဥ္ ေတြလႈပ္႐ွားမႈ႐ွိေနတဲ့ေနာက္ အခုလုပ္ရပ္ျဖစ္လာတာပါ။

အာကတ္႐ွ္ေျမျပင္ကေနေ၀ဟင္ပစ္ဒံုးက်ည္ေတြဟာ ျမန္ျမန္ဆန္ဆန္သြားေနတဲ့တိုက္ခိုက္ေရးေလယာဥ္ေတြနဲ႔ဒ႐ုန္းေတြကို စကၠန္႔အနည္းငယ္အတြင္းပစ္ခ်ႏိုင္ၿပီး ေတာင္တန္းထူထပ္တဲ့ေနရာေတြမွာ ျဖန္႔က်က္ေနရာခ်ထားဖို႔အဆင္ေျပေအာင္လည္း အဆင့္ႁမွင့္ျပဳျပင္ထားၿပီးပါၿပီ။

တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ကလည္း ေလေၾကာင္းစိုးမိုးေရးတိုက္ေလယာဥ္ Sukhoi Su-30 ေတြနဲ႔ မဟာ ဗ်ဴဟာေျမာက္ဗံုးႀကဲေလယာဥ္ေတြ ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္းပို႔လႊတ္ထားပါတယ္။

တ႐ုတ္ေလယာဥ္ေတြဟာ အိႏိၵယ နယ္စပ္ကေန ၁၀ ကီလိုမီတာအေက်ာ္ေလာက္မွာပ်ံသန္းေနတာကို ေထာက္လွမ္းမိထား ပါတယ္။

ဒါ့အျပင္ အမွန္တကယ္ထိန္းခ်ဳပ္နယ္ေျမမ်ဥ္းနဲ႔ေတာ္ေတာ္နီးနီးမွာပ်ံသန္းေနတဲ့တ႐ုတ္ရဟတ္ယာဥ္ေတြကိုလည္းေတြ႕ရတယ္လို႔ အိႏိၵယစစ္တပ္သတင္းရင္းျမစ္ေတြကေျပာပါတယ္။

ေဒသတစ္ခုလံုးမွာျဖန္႔က်က္ေနရာခ်ထားႏိုင္ၿပီး ရန္သူ႔ေလယာဥ္ေတြမပ်ံသန္းႏိုင္ေအာင္ဂ႐ုစိုက္ႏိုင္မယ့္ ေလေၾကာင္းရန္ ကာ ကြယ္ေရးစနစ္တစ္ခုကို မိတ္ဖက္တစ္ႏိုင္ငံကေန၀ယ္ယူဖို႔႐ွိေနတယ္လို႔လည္းေျပာထားၿပီး အဲဒီစနစ္ဟာ လက္႐ွိအိႏိၵယတပ္မ ေတာ္ အသံုးျပဳေနၿပီျဖစ္တဲ့ အစၥေရးထုတ္ SPYDER တာတိုကေန တာလတ္ပစ္ေ႐ႊ႕ေျပာင္းေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ ျဖစ္ႏိုင္ပါတယ္။

အိႏၵိယေလတပ္ဂ်က္တိုက္ေလယာဥ္ေတြဟာလည္း လာဒါ့ေဒသအေ႐ွ႕ပိုင္းမွာ လႈပ္႐ွားေနၾကၿပီျဖစ္ပါတယ္။

Ref : India Deploys Air Defense Missile Systems into Ladakh Amid Border Tensions with China

#PeopleMedia

(unicode)
တရုတ်နဲ့နယ်စပ်တင်းမာမှုတွေရှိနေတဲ့လာဒါ့ဒေသမှာ လေကြောင်း ကာကွယ်ရေးဒုံးပျံစနစ်တွေ အိန္ဒိယဖြန့်ကျက်နေရာချ
……………………………………………………

တရုတ်နိုင်ငံနဲ့ နယ်စပ်တင်းမာမှုတွေရှိနေတဲ့ လာဒါ့ဒေသမှာ တုံ့ပြန်မှုမြန်ဆန်တဲ့အဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေးဒုံးပျံစနစ် အာကတ်ရှ်တွေကို အိန္ဒိယဘက်က ဖြန့်ကျက်နေရာချထားပါတယ်။

တရုတ်နဲ့အိန္ဒိယကိုခြားပေးထားတဲ့အမှန်တကယ်ထိန်းချုပ်နယ်မြေမျဉ်းတစ်လျှောက်မှာ တရုတ်ရဲ့ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ် တွေလှုပ်ရှားမှုရှိနေတဲ့နောက် အခုလုပ်ရပ်ဖြစ်လာတာပါ။

အာကတ်ရှ်မြေပြင်ကနေဝေဟင်ပစ်ဒုံးကျည်တွေဟာ မြန်မြန်ဆန်ဆန်သွားနေတဲ့တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ဒရုန်းတွေကို စက္ကန့်အနည်းငယ်အတွင်းပစ်ချနိုင်ပြီး တောင်တန်းထူထပ်တဲ့နေရာတွေမှာ ဖြန့်ကျက်နေရာချထားဖို့အဆင်ပြေအောင်လည်း အဆင့်မြှင့်ပြုပြင်ထားပြီးပါပြီ။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကလည်း လေကြောင်းစိုးမိုးရေးတိုက်လေယာဉ် Sukhoi Su-30 တွေနဲ့ မဟာ ဗျူဟာမြောက်ဗုံးကြဲလေယာဉ်တွေ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းပို့လွှတ်ထားပါတယ်။

တရုတ်လေယာဉ်တွေဟာ အိန္ဒိယ နယ်စပ်ကနေ ၁၀ ကီလိုမီတာအကျော်လောက်မှာပျံသန်းနေတာကို ထောက်လှမ်းမိထား ပါတယ်။

ဒါ့အပြင် အမှန်တကယ်ထိန်းချုပ်နယ်မြေမျဉ်းနဲ့တော်တော်နီးနီးမှာပျံသန်းနေတဲ့တရုတ်ရဟတ်ယာဉ်တွေကိုလည်းတွေ့ရတယ်လို့ အိန္ဒိယစစ်တပ်သတင်းရင်းမြစ်တွေကပြောပါတယ်။

ဒေသတစ်ခုလုံးမှာဖြန့်ကျက်နေရာချထားနိုင်ပြီး ရန်သူ့လေယာဉ်တွေမပျံသန်းနိုင်အောင်ဂရုစိုက်နိုင်မယ့် လေကြောင်းရန် ကာ ကွယ်ရေးစနစ်တစ်ခုကို မိတ်ဖက်တစ်နိုင်ငံကနေဝယ်ယူဖို့ရှိနေတယ်လို့လည်းပြောထားပြီး အဲဒီစနစ်ဟာ လက်ရှိအိန္ဒိယတပ်မ တော် အသုံးပြုနေပြီဖြစ်တဲ့ အစ္စရေးထုတ် SPYDER တာတိုကနေ တာလတ်ပစ်ရွှေ့ပြောင်းလေကြောင်းရန် ကာကွယ်ရေးစနစ် ဖြစ်နိုင်ပါတယ်။

အိန္ဒိယလေတပ်ဂျက်တိုက်လေယာဉ်တွေဟာလည်း လာဒါ့ဒေသအရှေ့ပိုင်းမှာ လှုပ်ရှားနေကြပြီဖြစ်ပါတယ်။

Ref : India Deploys Air Defense Missile Systems into Ladakh Amid Border Tensions with China

#PeopleMedia


Share this post