• Follow Us on

Home တရုတ်ဖိအားရင်ဆိုင်နေရသည့် အရှေ့တောင်အာရှနိုင်ငံများဘက်မှ အမေရိကန်ရပ်တည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ်ပြော

တရုတ်ဖိအားရင်ဆိုင်နေရသည့် အရှေ့တောင်အာရှနိုင်ငံများဘက်မှ အမေရိကန်ရပ်တည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ်ပြော

Share this post

ဝါရှင်တန်၊ ဇန်နဝါရီ ၂၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တောင်တရုတ်ပင်လယ်တွင် နိုင်ငံတကာဥပဒေများကခွင့်ပြုထားသည်ထက် ပိုင်ဆိုင်သည်ဟု တရုတ်နိုင်ငံက ပြောဆိုမှုများကို ငြင်းဆိုကြောင်းနှင့် တရုတ်ဖိအားကိုခုခံနေသည့်အရှေ့တောင်အာရှနိုင်ငံများနှင့် ရပ်တည် ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် အန်တိုနီ ဘလင်ကန်က ဗုဒ္ဓဟူးနေ့တွင်ပြောသည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တီယိုဒိုရို လော့ဆင်နှင့် ဖုန်းမှတဆင့်ဆွေးနွေးမှုတွင် မှတ်ချက်ပြုလိုက်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်သည်။ စွမ်းအင်ကြွယ်ဝပြီး အဓိကကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သော သောတောင်တရုတ်ပင်လယ်နယ်မြေအားလုံးနီးပါးကို ပိုင်ဆိုင်သည်ဟု တရုတ်နိုင်ငံကပြောထားပြီး ဖိလစ်ပိုင်၊ ဘရုနိုင်း၊ ဗီယက်နမ်၊ မလေးရှားနှင့် ထိုင်ဝမ်တို့ကလည်း ပိုင်ဆိုင်ကြောင်းပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကိုအယောင်ပြပြီး တောင်တရုတ်ပင်လယ်တွင် တည်ရှိမှုကိုအဆင့်မြှင့်နေ သည်ဟု အမေရိကန်က တရုတ်ကို စွပ်စွဲသည်။

ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါ၊ ဟောင်ကောင်ဆိုင်ရာတရုတ်မူဝါဒများ၊ တရုတ်၏မွတ်ဆလင်လူနည်းစုများ အပေါ်ဆက်ဆံမှုနှင့် ကုန်သွယ်မှုတို့ကြောင့် အမေရိကန်သမ္မတဟောင်း ဒေါ်နယ် ထရမ့်လက်ထက်တွင် အမေရိကန်-တရုတ်ဆက်ဆံရေးပိုမိုဆိုးရွားလာသည်။

တောင်တရုတ်ပင်လယ်အရေး မှားယွင်းသောလုပ်ရပ်များကြောင့်ဟုဆိုကာ ပြီးခဲ့သည့် ၂ ပတ်တွင် ထရမ့်အစိုးရ က တရုတ်အရာရှိများနှင့် ကုမ္ပဏီများကို ပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့သည်။

Ref : US stands with Southeast Asian countries against China pressure: Blinken

#PeopleMedia

(unicode)
………………………………………………………….







Ref : US stands with Southeast Asian countries against China pressure: Blinken

#PeopleMedia


Share this post