• Follow Us on

Home တရုတ်ရဲတပ်ဖွဲ့က ကိုဗစ်ကာကွယ်ဆေးအတု ပြုလုပ်သည့်ဂိုဏ်းအား ဖြိုခွင်း

တရုတ်ရဲတပ်ဖွဲ့က ကိုဗစ်ကာကွယ်ဆေးအတု ပြုလုပ်သည့်ဂိုဏ်းအား ဖြိုခွင်း

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂ (People Media)
 
တရုတ်ရဲတပ်ဖွဲ့က ကိုဗစ်-၁၉ ကာကွယ်ဆေးအတု ပြုလုပ်သူ ၈၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။
 
အဆိုပါဂိုဏ်းက ဆေးပုလင်းများအတွင်း ဆားပျော်ရည်များထည့်ကာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလက တည်းက ကိုဗစ်-၁၉ ကာကွယ်ဆေးအဖြစ် ရောင်းချနေခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
 
ရဲတပ်ဖွဲ့က ပေကျင်းမြို့နှင့် ကျင်းစု၊ ရှန်တုံပြည်နယ်ရှိ မြို့များစွာ၌ စီးနင်းမှုများပြုလုပ်ခဲ့ရာ ကိုဗစ်-၁၉ ကာကွယ်ဆေးအတု ၃၀၀၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
 
ဖေဖော်ဝါရီလလယ် နှစ်သစ်ကူးမစတင်မီ ပြည်သူ သန်း ၅၀ ကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံပေး ရန် တရုတ်နိုင်ငံက ရည်မှန်းသည်။
ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များ မထုတ်ပြန်သော် လည်း ကိုဗစ်ကာကွယ်ဆေးက ဘေးအန္တရာယ်ကင်းပြီး ထိရောက်မှုရှိကြောင်း တရုတ်နိုင်ငံက ပြောသည်။
 
တရုတ်နိုင်ငံပိုင် Sinopharm ကုမ္ပဏီကထုတ်လုပ်သော ဗိုင်းရပ်စ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြု ရန် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း တရုတ်ဆေးဝါးကွပ်ကဲရေးအဖွဲ့က အတည်ပြုခဲ့သည်။
 
ကိုးကား – ဒေလီ မေးလ်
 
Ref; Chinese police bust counterfeit Covid-19 vaccine ring
 
(unicode)
………………………………………………
 
 
 
 
 
 
 
 
Ref; Chinese police bust counterfeit Covid-19 vaccine ring

Share this post