• Follow Us on

Home တ႐ုတ္သတင္းစာဆရာမ်ားကို အေမရိကန္ႏွင္ထုတ္ပါက လက္တံု႔ျပန္သြား မည္ဟု တ႐ုတ္ကြန္ျမဴနစ္ပါတီ ပိုင္သတင္းစာ စာတည္းမွဴးခ်ဳပ္ေျပာ

တ႐ုတ္သတင္းစာဆရာမ်ားကို အေမရိကန္ႏွင္ထုတ္ပါက လက္တံု႔ျပန္သြား မည္ဟု တ႐ုတ္ကြန္ျမဴနစ္ပါတီ ပိုင္သတင္းစာ စာတည္းမွဴးခ်ဳပ္ေျပာ

Share this post

႐ွန္ဟိုင္း၊ ၾသဂုတ္ ၄

အေမရိကန္ျပည္ေထာင္စုတြင္အေျခစိုက္သည့္တ႐ုတ္သတင္းစာဆရာမ်ားကို ႏိုင္ငံမွထြက္သြား ရန္ႏွင္ထုတ္ပါက ေဟာင္ေကာင္မွအေမရိကန္သတင္းစာဆရာမ်ားကိုပစ္မွတ္ထားျခင္းအပါအ၀င္ တ႐ုတ္ႏိုင္ငံကလက္တံု႔ျပန္သြားမည္ဟု တ႐ုတ္ကြန္ျမဴနစ္ပါတီပိုင္ Global Times သတင္းစာစာတည္းမွဴးခ်ဳပ္ဟူ ႐ွီဂ်င္းက အဂၤါေန႔တြင္ေျပာသည္။

ထိုသတင္းစာကို ပါတီပိုင္ People’s Daily သတင္းစာကထုတ္ေဝျခင္းျဖစ္သည္။

ဇြန္ ၂၂ ရက္တြင္ အေမရိကန္အစိုးရက တ႐ုတ္အစိုးရပိုင္မီဒီယာအဖြဲ႔အစည္း ၄ ခုကို ဝါဒျဖန္႔သတင္းစာမ်ား အျဖစ္ သတ္မွတ္ၿပီး တ႐ုတ္အစိုးရႏွင့္အျငင္းပြားမႈမ်ားစတင္ခဲ့သည္။

CCTV ၊ CNS၊ People’s Daily ႏွင့္ Global Times တို႔ကို အေမရိကန္တြင္ မီဒီယာအဖြဲ႔အစည္းဟုမသတ္မွတ္ဘဲ ႏိုင္ငံျခားကိုယ္စားျပဳအဖြဲ႔မ်ားဟုသတ္မွတ္ခဲ့ၿပီး ေဖေဖာ္ဝါရီတြင္သတ္မွတ္ခဲ့သည့္ အဖြဲ႔ ၅ ဖြဲ႔သို႔ ထပ္မံေပါင္းထည့္ျခင္းျဖစ္သည္။

အေစာပိုင္းသတ္မွတ္ထားသည္မ်ားမွာ ႐ွင္ဟြာသတင္းေအဂ်င္စီ၊ CGTN ႐ုပ္သံ၊ CNI ေရဒီယိုႏွင့္ People’s Daily အေမရိကန္ျဖန္ခ်ိသူတို႔ျဖစ္ၿပီး သူတို႔အတြက္အလုပ္လုပ္ေနသည့္တ႐ုတ္ႏိုင္ငံသားအေရအတြက္ တစ္၀က္နီးပါးေလွ်ာ့ခ်ခဲ့သည္။

တ႐ုတ္အစိုးရကလည္း လက္တံု႔ျပန္သည့္အေနျဖင့္ အေမရိကန္မွအဓိကသတင္းစာ ၃ ေစာင္ျဖစ္သည့္ နယူးေယာက္တိုင္း၊ ေဝါစထရိဂ်ာနယ္ႏွင့္ ဝါ႐ွင္တန္ပို႔စ္သတင္းစာတို႔မွအေမရိကန္ႏိုင္ငံသားမ်ားကို ႏွင္ထုတ္ခဲ့သည္။

Ref : China will retaliate if Chinese journalists in US forced out: Global Times editor

#PeopleMedia

(unicode)
တရုတ်သတင်းစာဆရာများကို အမေရိကန်နှင်ထုတ်ပါက လက်တုံ့ပြန်သွား မည်ဟု တရုတ်ကွန်မြူနစ်ပါတီ ပိုင်သတင်းစာ စာတည်းမှူးချုပ်ပြော
…………………………………………………………

ရှန်ဟိုင်း၊ ဩဂုတ် ၄

အမေရိကန်ပြည်ထောင်စုတွင်အခြေစိုက်သည့်တရုတ်သတင်းစာဆရာများကို နိုင်ငံမှထွက်သွား ရန်နှင်ထုတ်ပါက ဟောင်ကောင်မှအမေရိကန်သတင်းစာဆရာများကိုပစ်မှတ်ထားခြင်းအပါအဝင် တရုတ်နိုင်ငံကလက်တုံ့ပြန်သွားမည်ဟု တရုတ်ကွန်မြူနစ်ပါတီပိုင် Global Times သတင်းစာစာတည်းမှူးချုပ်ဟူ ရှီဂျင်းက အင်္ဂါနေ့တွင်ပြောသည်။

ထိုသတင်းစာကို ပါတီပိုင် People’s Daily သတင်းစာကထုတ်ဝေခြင်းဖြစ်သည်။

ဇွန် ၂၂ ရက်တွင် အမေရိကန်အစိုးရက တရုတ်အစိုးရပိုင်မီဒီယာအဖွဲ့အစည်း ၄ ခုကို ဝါဒဖြန့်သတင်းစာများ အဖြစ် သတ်မှတ်ပြီး တရုတ်အစိုးရနှင့်အငြင်းပွားမှုများစတင်ခဲ့သည်။

CCTV ၊ CNS၊ People’s Daily နှင့် Global Times တို့ကို အမေရိကန်တွင် မီဒီယာအဖွဲ့အစည်းဟုမသတ်မှတ်ဘဲ နိုင်ငံခြားကိုယ်စားပြုအဖွဲ့များဟုသတ်မှတ်ခဲ့ပြီး ဖေဖော်ဝါရီတွင်သတ်မှတ်ခဲ့သည့် အဖွဲ့ ၅ ဖွဲ့သို့ ထပ်မံပေါင်းထည့်ခြင်းဖြစ်သည်။

အစောပိုင်းသတ်မှတ်ထားသည်များမှာ ရှင်ဟွာသတင်းအေဂျင်စီ၊ CGTN ရုပ်သံ၊ CNI ရေဒီယိုနှင့် People’s Daily အမေရိကန်ဖြန်ချိသူတို့ဖြစ်ပြီး သူတို့အတွက်အလုပ်လုပ်နေသည့်တရုတ်နိုင်ငံသားအရေအတွက် တစ်ဝက်နီးပါးလျှော့ချခဲ့သည်။

တရုတ်အစိုးရကလည်း လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်မှအဓိကသတင်းစာ ၃ စောင်ဖြစ်သည့် နယူးယောက်တိုင်း၊ ဝေါစထရိဂျာနယ်နှင့် ဝါရှင်တန်ပို့စ်သတင်းစာတို့မှအမေရိကန်နိုင်ငံသားများကို နှင်ထုတ်ခဲ့သည်။

Ref : China will retaliate if Chinese journalists in US forced out: Global Times editor

#PeopleMedia


Share this post